ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ထရန့်အဆိုပြုချက် ဥရောပနဲ့ အာရပ်ခေါင်းဆောင်တွေ ထောက်ခံကြိုဆို

ဝါရှင်တန်၊ စက်တင်ဘာ-၃၀-၂၀၂၅
မျိုးဆက်(VOM)
ဂါဇာကမ်းမြောင်ဒေသမှာ နှစ်နှစ်နီးပါးကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ငြိမ်းချမ်းရေးအဆိုပြုချက်တရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ပြန်လိုက်ပါတယ်။
အချက် ၂၀ ပါဝင်တဲ့ ဒီအဆိုပြုချက်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက လက်ခံသဘောတူပေမယ့် ဟားမတ်စ်အနေနဲ့ ဒီအစီအစဉ်ကို လက်ခံမှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဟားမတ်စ်တို့အနေနဲ့ သူကမ်းလှမ်းထားတာကို ငြင်းပယ်ပါက ဟားမတ်စ်တွေအပေါ် အစ္စရေးရဲ့ စစ်ရေး တုံ့ပြန်ဆောင်ရွက်မှုတွေကို အမေရိကန်က ဆက်လက်ထောက်ခံသွားမယ်လို့ ဆိုပါတယ်။
အပစ်အခတ်ရပ်စဲရေး အချက် ၂၀ ထဲမှာ အစ္စရေးက ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ ဟားမတ်စ်က အစ္စရေးဓားစာခံတွေ ပြန်လွှတ်ပေးဖို့၊ ဂါဇာကမ်းမြောင်ကနေ အစ္စရေး အစ္စရေးတပ်တွေ ရုပ်သိမ်းရေး၊ ဟားမတ်စ် လက်နက် ဖျက်သိမ်းရေးနဲ့ နိုင်ငံတကာ အဖွဲ့အစည်းက ဦးဆောင်တဲ့ အသွင်ကူးပြောင်းရေး အစိုးရဖွဲ့စည်းရေးတို့ပါဝင်နေပါတယ်။
ထရန့်ရဲ့ အဆိုပြုချက်နဲ့ အစ္စရေးက သဘောတူညီမှုအပေါ် ဥရောပနဲ့ အာရပ်ခေါင်းဆောင်အသိုင်းအဝိုင်းက ကြိုဆိုခဲ့ကြပါတယ်။ ဟားမတ်စ်တို့ကိုလည်း ဒီအဆိုပြုချက်ပေးအပ်ထားတယ်လို့ ပါလက်စတိုင်း သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
ဒါဟာ ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်နေ့တနေ့လို့ ဒေါ်နယ်ထရန့်က အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ယူအေအီး၊ ဆော်ဒီ၊ ကာတာ၊ အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်တို့လည်း စစ်ပွဲအဆုံးသတ်ရေး ထရန့်ရဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW