အင်ဒိုနီးရှား ဘာသာရေးကျောင်း ပြိုကျမှု ကျောင်းသား ၉၀ ကျော် နှစ်ရက်ကြာချိန်ထိ ပိတ်နေ

ဂျကာတာ၊ အောက်တိုဘာ-၁-၂၀၂၅
ရတီ(VOM)
အင်ဒိုနီးရှားမှာ အစ္စလာမ် သာသာရေးကျောင်း အဆောက်အအုံ ပြိုကျပြီး နှစ်ရက်အကြာမှာ ကျောင်းသား ၉၁ ယောက်ဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေနိုင်သေးကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောကြားပါတယ်။
အရှေ့ဂျာဗားမှာ ရှိတဲ့ ဘာသာရေးကျောင်း အဆောက်အဦဟာ တနင်္လာနေ့က ရုတ်တရက် ပြိုကျခဲ့ပါတယ်။ ကျောင်းသား သုံးယောက်ထက်မနည်း သေဆုံးပြီး အခြား ၂၆ ယောက်ကို ဆေးရုံမှာ ကုသပေးနေကြောင်း တာန်ဝန်ရှိသူတွေက ပြောပါတယ်။
တက်ရောက်သူ မှတ်တမ်းတွေကို ပြန်လည်သုံးသပ်ပြီးနောက် ကျောင်းသား ၉၁ ယောက်ဟာ အပျက်အစီးများအောက်မှာ ပိတ်မိနေတယ်လို့ တာဝန်ရှိသူတွေက အတည်ပြု ပြောကြားပါတယ်။ အခင်းဖြစ်ပွားချိန်မှာ ကျောင်းသားအများအပြားဟာ အဆောက်အဦအတွင်း နေ့လယ်ခင်း ဝတ်ပြုဆုတောင်းပွဲသို့ တက်ရောက်နေကြတာဖြစ်ပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပါ ကူညီဆောင်ရွက်နေပါတယ်။ အထပ်နှစ်ထပ် အဆောက်အအုံဟာ နောက်ထပ်ခေါင်မိုးထပ်နှစ်ထပ် တည်ဆောက်ဖို့အတွက် အောက်ခြေ ဖောင်‌ဒေးရှင်းက ဆောက်လုပ်မှုရဲ့ အလေးချိန်ကို ခံနိုင်ရည်မရှိဘူးလို့ အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် လျော့ပါးရေးအေဂျင်စီက ပြောပါတယ်။
မိန်းကလေးငယ်တွေကတော့ အဆောက်အအုံရဲ့ အခြားအစိတ်အပိုင်းတခုမှာ ဝတ်ပြုဆုတောင်းနေခဲ့တာကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းရှိ ကျောင်းသားတွေဟာ အသက် ၁၂ နှစ်ကနေ ၁၇ နှစ်ကြားဖြစ်ပါတယ်။
ကရိန်းတွေနဲ့ တူးဖော်ရေးစက်တွေလိုမျိုး အကြီးစားစက်ယန္တရားတွေ အသုံးပြုဖို့လည်း အခက်အခဲရှိနေပီး ကွန်ကရစ်ပြားတွေကို ဖယ်ရှားပြီး ဝင်ပေါက်လုပ်ချိန်မှာ အပျက်အစီးတွေအောက်က ပိတ်မိနေသူတွေကို အသက်အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွက ပြောပါတယ်။
Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW