ဒုတိယဗိုလ်ချုပ်ကြီး​ တေဇ​ကျော်နဲ့ မန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်တို့ အောင်မြေသာစံမြို့နယ်မှာ မဲဆွယ်စည်းရုံး

မန္တ​လေး ၊နိုဝင်ဘာ ၉-၂၀၂၅
Voice Of Myanmar
အစိုးရတပ်မ​တော်မှာ ကစထမှူး ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်က​နေ အငြိမ်းစားယူပြီး မန္တလေး အောင်မြေသာစံမြို့နယ်က​နေ ပြည်သူ့လွှတ်​တော်​ကိုယ်စားလှယ်​လောင်းအဖြစ် ဝင်​ရောက်ယှဥ်ပြိုင်မယ့် ဦး​တေဇ​ကျော်နဲ့ လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်နဲ့ ကိုယ်စားလှယ်​လောင်း​တွေဟာ ဒီ​နေ့နိုဝင်ဘာ ၉ရက် မွန်းလွဲပိုင်းက မန္တလေး အောင်မြေသာစံမြို့နယ် လူထုတွေ့ဆုံပွဲ အခမ်းအနားလုပ်ပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ကိုယ်စားလှယ်​လောင်း​တွေကို လူထုနဲ့ မိတ်ဆက်​ပေးခဲ့သလို မဲ​ပေးရမယ့်အဆင့်ဆင့်​တွေရှင်းလင်းပြပြီး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ဦး​တေဇ​ကျော်နဲ့ လက်ရှိမန္တ​လေးတိုင်းဝန်ကြီးချုပ် ဦးမျိုး​အောင်တို့က သူတို့ နိုင်ရင်လုပ်​ပေးမယ့် ကတိကဝတ်​တွေကို ရှင်းပြခဲ့တာ​တွေ့ရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW