နိုဝင်ဘာ ၈ -၂၀၂၅
Voice Of Myanmar
လာမယ့်ရွေးကောက်ပွဲမှာ ပြင်ဦးလွင်မြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်မယ့် ဗိုလ်ချုပ်ကြီး၊ ဒုတိယဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး(ငြိမ်း) လက်ရှိ ပြည်ထောင်စု ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးမြတ်ထွန်းဦးဟာ ပြည်ခိုင်ဖြိုးပါတီကနေဝင်ပြိုင်မယ့် တခြားကိုယ်စားလှယ်တွေနဲ့အတူ ပြင်ဦးလွင်မှာ ဒီနေ့ နိုဝင်ဘာ ၈ရက်နေ့မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒီကနေ့ ပြင်ဦးလွင်ရပ်ကွက်ကြီး (၁) က မင်္ဂလာခမ်းမတခုမှာ မဲဆန္ဒရှင်တွေကို ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးခဲ့သလို မဲပေးစနစ်တွေကို ရှင်းပြခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဘာ့ကြောင့်ပြင်ဦးလွင်ကဝင်ပြိုင်ရသလဲဆိုတာ ရှင်းပြခဲ့သလို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဟိန်းမင်းဦးနဲ့ ရှမ်းတိုင်းသားရေးရာဝန်ကြီး စိုင်းအောင်ကြည်တို့က ပြည်သူ့အတွက် သူတို့လုပ်ဆောင်ပေးမယ့်ကိစ္စတွေကို ခုလိုပြောပြခဲ့ပါတယ်။
