မန္တလေးတိုင်း ပုသိမ်ကြီးမှာ ပြည်သူ့ပါတီရဲ့ မြို့နယ် အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

မန္တလေး၊ နိုဝင်ဘာ- ၉- ၂၀၂၅
VOICE OF MYANMAR
မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်မှာ နိုဝင်ဘာ ၈ ရက်နေ့က ပြည်သူ့ပါတီရဲ့ ပုသိမ်ကြီးမြို့နယ် အောင်နိုင်ရေး ဆိုင်ဘုတ်ဖွင့်ပွဲ ကျင်းပခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားမှာ ပြည်သူ့ပါတီရဲ့ မန္တလေးတိုင်းဥက္ကဋ္ဌဖြစ်တဲ့ ဦးပါပါလွင်နဲ့အတူ မန္တလေးမြို့က သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ တက်ရောက်ခဲ့ပါတယ်။
ပုသိမ်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၄ ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (FPTP) အဖြစ် ဦးဘီးလ်ဗဟာဒူး(ခ)ဦးသိန်းဇော်၊ မဲဆန္ဒနယ် အမှတ် ၃ မှာ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း(FPTP) အဖြစ် ဦးဟိန်းထူးလှိုင်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါ်ပူဂျားတို့က ပြည်သူ့ပါတီကို ကိုယ်စားပြုပြီး ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် အောင်နိုင်ရေး ဆိုင်းဘုတ်တင်ပွဲမှာ လိုအပ်တဲ့ ပြည်သူတွေကို ဆန်နဲ့ ဆီ ဝေငှတာတွေလည်း လုပ်ခဲ့ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW