ရွှေကုက္ကိုလ်မြို့သစ် တည်ထောင်သူနဲ့ အွန်လိုင်းလောင်းကစားခေါင်းဆောင်ကို ထိုင်းက တရုတ်ကို လွှဲပေး

ဘန်ကောက်၊ နိုဝင်ဘာ-၁၂-၂၀၂၅
မျိုးဆက်(VOM)
တရားမဝင် လောင်းကစားအင်ပါယာတခု တည်ဆောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသား ရှီကျိကျန်းကို ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကို လွှဲပြောင်းပေးလိုက်ပါတယ်။
နိုင်ငံတကာ ရဲတပ်ဖွဲ့ထံ တရုတ်နိုင်ငံ တောင်းဆိုပြီးနောက် သူ့ကို ၂၀၂၂ ခုနှစ်မှာ ထိုင်းရဲတွေ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ရှီကျိကျန်းဟာ တရားမဝင်အွန်လိုင်း လောင်းကစားတွေ လုပ်ဆောင်နေတယ်လို့စွပ်စွဲထားပြီး ပြန်လည်လွှဲပြောင်းဖို့ကို ထိန်းတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
သူဟာ အကျော်ကြားဆုံးလောင်းကစားစီမံကိန်းတွေထဲမှ တခုမှာ ထိုင်းနယ်စပ်အနီးရှိ မြန်မာနိုင်ငံမှာတည်ရှိတဲ့ ရွှေကုက္ကို မြို့သစ်ဖြစ်ပါတယ်။ အပန်းဖြေမြို့တော်အဖြစ် ဖော်ပြထားပေမယ့်လည်း ဒီနေရာဟာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လိမ်လည်မှု့တွေဈ ငွေကြေခဝါချမှုတွေ လူကုန်ကူးမှုတွေ လုပ်ဆောင်နေတဲ့ နေရာလို့ ဆိုပါတယ်။
ရှီကျိကျန်းနဲ့ သူရဲ့ ကုမ္ပဏီ Yatai တို့ကို လိမ်လည်မှု၊ ငွေကြေးခဝါချမှုတို့ကြောင့် အမေရိကန်နဲ့ ဗြိတိန်တို့က အရေးယူပိတ်ဆို့ထားပါတယ်။
ကုမ္ပဏီအနေနဲ့ ကျားဖြန့်တွေ ဘယ်တော့မှ လက်မခံဘူးလို့ ယခုနှစ်အစောပိုင်းက အကျဉ်းထောင်မှာ အခိုင်အမာပြောဆိုခဲ့ပေမယ့် ရွှေကုက္ကိုလ်ဟာ ဘယ်သူမဆို ဝင်ထွက်သွားလာနိုင်တာ‌ကြောင့် ကျားဖြန့်တွေ ဝင်ရောက်နိုင်ခြေရှိတယ်လို့ ဝန်ခံထားပါတယ်။
ရှီကျိကျန်းဟာ အသက် ၂၀ မှာ ဖိလစ်ပိုင်ကို ပြောင်းရွှေ့ခဲ့ပြီး အွန်လိုင်းလောင်းကစားလောကထဲကို ခြေချခဲ့ပါတယ်။၂၀၁၄ ခုနှစ်မှာတော့ တရားမဝင် လောင်းကစားမှုနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း နောက်ပိုင်းနှစ်တွေတလျှောက် သူဟာ လောင်းစကားလုပ်ငန်းကို ကမ္ဘောဒီးယားနဲ့ ဒေသတွင်း အခြားနိုင်ငံတွေကိုပါ တိုးချဲ့ခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့အဆိုအရ ရှီကျိကျန်းဟာ ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံသားအဖြစ် ခံယူထားတယ်လို့ ပြောပါတယ်။ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ တရုတ်နိုင်ငံသား ထောင်ပေါင်းများစွာ ပိတ်မိနေကြပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW