ဂျော်ဂျီယာရှိ ဟွန်ဒိုင်းစက်ရုံမှ တောင်ကိုရီးယားအလုပ်သမား ၃၀၀ ကိုဖမ်းဆီးမှု အိမ်ဖြူတော်တောင်းပန်

ဆိုးလ်၊ နိုဝင်ဘာ -၁၉-၂၀၂၅
ရတီ(VOM)
အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ရှိ ဟွန်ိဒိုင်းကုမ္ပဏီရဲ့ စက်ရုံတရုံတွင် လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုနဲ့ပတ်သက်ပြီး အိမ်ဖြူတော်က ဖုန်းဆက်တောင်းပန်ခဲ့တယ်လို့ ဟွန်ဒိုင်းအမှုဆောင်အရာရှိချုပ် မူနော့ဇ် က ပြောပါတယ်။
ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးကလည်း သူ့ထံ ဖုန်းဆက်ပြီး “ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်တော်မသိဘူး၊ ဒါက ပြည်နယ်တရားစီရင်ပိုင်ခွင့်မဟုတ်ဘူး” လို့ ပြောကြားခဲ့ကြောင်း စင်ကာပူမှာ ကျင်းပတဲ့ စီးပွားရေးခေါင်းဆောင်တွေရဲ့ ညီလာခံတခုမှာ မစ္စတာ မူနော့ဇ်က ပြောပါတယ်။
ဟွန်ဒိုင်းနဲ့ အီလက်ထရွန်းနစ်ကုမ္ပဏီကြီး LG တို့ လည်ပတ်လုပ်ကိုင်နေတဲ့ ဂျော်ဂျီယာရှိ ဘက်ထရီစက်ရုံတရုံမှာ စက်တင်ဘာလအတွင်းက တောင်ကိုရီးယား အလုပ်သမား ၃၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့အကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
စီးနင်းမှုအတွင်း တာဝန်ရှိသူတွေဟာ အလုပ်သမားတွေရဲ့ ခြေထောက်တွေကိုပါ ချည်နှောင်ထားပြီး စက်ရုံကြမ်းပြင်တွေပေါ်မှာ အတင်းအကြပ်ထိုင်ခိုင်းခဲ့တာတွေကြောင့် တောင်ကိုရီးယားဘက်က အမျက်‌ဒေါသထွက်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရဟာ အမေရိကန်နဲ့ အရေးပေါ်ဆွေးနွေးပွဲတွေ ပြုလုပ်ပြီးနောက် အလုပ်သမားတွေကို နေရပ်ပြန်ပို့ခဲ့ပါတယ်။ ပြန်မပို့ခင် တပတ်ကျော်ကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။ အလုပ်သမားရှားပါးနေချိန်မှာ ဒီစီးနင်းမှုဟာ စက်ရုံဖွင့်လှစ်ဖို့ကို နှောင့်နှေးစေတယ်လို့ ကုမ္ပဏီက သတိပေးခဲ့ပါတယ်။ံ
မစ္စတာ မူနော့ဇ်ကတော့ စက်ရုံမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ ရှိနေသလို ထင်ရအောင် ဖုန်းခေါ်ဆို တိုင်ကြားမှု ပြုလုပ်ခဲ့တယ် လို့ ယုံကြည်ကြောင်း စင်ကာပူမှာ ပြုလုပ်တဲ့ စီးပွားရေးဆွေးနွေးပွဲမှာ ပြောပါတယ်။
“ဒီကိစ္စ လုံးဝမဟုတ်ပါဘူး” လို့ မစ္စတာ မူနော့ဇ်က ပြောပါတယ်။
စီးနင်းမှုဟာ “အံ့သြစရာကောင်းလောက်အောင် ဆိုးရွားပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ အမေရိကန်မှာ ထုတ်လုပ်ရေးအတွက် ဆက်လက်ကတိကဝတ်ပြုထားဆဲဖြစ်တယ် “ လို့ သူက ဆိုပါတယ်။
စီးနင်းမှုကြောင့် အမေရိကန်နဲ့ တောင်ကိုရီးယားကြား တင်းမာမှုတွေ မြင့်တက်လာပေမယ့် နှစ်နိုင်ငံဟာ ကျယ်ပြန့်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တရပ် ရရှိခဲ့တယ်လို့ အောက်တိုဘာလမှာ ကြေညာခဲ့ပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW