မန္တလေး၊ နိုဝင်ဘာ- ၁၆- ၂၀၂၅
Voice Of Myanmar
မန္တလေးမြို့လယ်မှာရှိတဲ့ မြို့တော်ခမ်းမမှာ ဒီကနေ့ နိုဝင် ဘာ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုပြီး မန္တလေးတိုင်းအတွင်းက မဲဆန္ဒနယ်အသီးသီးကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စား လှယ်လောင်းတွေကို ပြည်သူလူထုနဲ့ မိတ်ဆက်ပေးခဲ့ပြီး ပါတီရဲ့ ရွေးကောက်ပွဲ ကြေငြာစာတမ်းကိုလည်း လူထုဆီတင်ပြတဲ့ အခမ်းအနားကျင်းပခဲ့ပါတယ်။
ပါတီငယ်တွေနဲ့ တိုင်းရင်းသားပါတီအချို့ သတ်မှတ်ကိုယ်စားလှယ်လောင်း ပြည့်မီရေး ရုန်းကန်နေရ
ဒီအခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဗဟိုဥက္ကဋ္ဌ ဦးခင်ရီနဲ့ မန္တလေးတိုင်းကနေ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ် ၉၀ ကျော်တက်ရောက်ခဲ့ပြီး ထောင်နဲ့ချီတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် တွေ တက်ရောက်ခဲ့ပါတယ်။
