ဂျပန်ရှိ ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓါတ်အားပေးစက်ရုံ ပြန်လည် လည်ပတ်ရန် စီစဉ်

တိုကျို၊ နိုဝင်ဘာ-၂၂-၂၀၂၅
မျိုးဆက်(VOM)
ဂျပန်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ ပြန်လည်စတင်လည်ပတ်ရေး အတည်ပြုချက်ရဖို့ နီးကပ်လာနေပြီး ဒါဟာ ၂၀၁၁ ခုနှစ် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံ ဘေးအန္တရာယ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဓါတ်အားပေးစက်ရုံကို တစိတ်တပိုင်း ပြန်လည်စတင်ဖို့ ခွင့်ပြုချက်ပေးလိုက်ပြီလို့ ကာရှီဝါဇာကီ-ကာရီဝါ ဓာတ်အားပေးစက်ရုံတည်ရှိရာ နီဂါတာဒေသရဲ့ အုပ်ချုပ်ရေးမှူး ဟီဒီယို ဟာနာဇူမီက ပြောပါတယ်။
Tepco ကုမ္ပဏီကလည်ပတ်တဲ့ စက်ရုံ ပြန်လည်စတင်မယ့် အစီအစဉ်ဟာ စီရင်စုအစိုးရလွှတ်တော်နဲ့ ဂျပန်နိုင်ငံ နျူကလီးယားထိန်းညှိရေးဌာနထံမှ ခွင့်ပြုချက်ရရှိဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။
နီဂါတာဒေသရဲ့ အုပ်ချုပ်ရေးမှူးက သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလမှာ ပြုလုပ်မယ့် စီရင်စုအစိုးရလွှတ်တော်မှာ ဆွေးနွေးမည်ဖြစ်ပြီး လွှတ်တော်ရဲ့ ခွင့်ပြုချက်ကို ရယူမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အတည်ပြုပါက ဖူကူရှီးမားစက်ရုံ ဆူနာမီကြောင့် ပျက်စီးပြီးနောက်ပိုင်း ဂျပန်နိုင်ငံမှာ Tepco အနေနဲ့ နျူကလီးယားဓာတ်ပေါင်းဖို လည်ပတ်မှုတွေကို ပြန်လည်စတင်ခွင့် ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ နီဂါတာရှိ ဒေသခံတွေကတော့ စက်ရုံကို ပြန်လည်စတင်သင့် ၊ မသင့်နဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။
ကနဦးမှာတော့ ကာရှီဝါဇာကီ-ကာရီဝါ စက်ရုံ အမှတ် ၆ ဓာတ်ပေါင်းဖို လည်ပတ်မှုပြန်လည်စတင်ဖို့ ခွင့်ပြုချက်ရရှိမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အမှတ် ၇ ဓါတ်ပေါင်းဖို ဆက်လက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။
စက်ရုံ လည်ပတ်မှုပြန်လည်စတင်တာဟာ ရစ်ချ်တာစကေး ၉ ရှိတဲ့ ငလျင်နဲ့ ကြီးမားတဲ့ ဆူနာမီကြောင့် ဖြစ်ပွားခဲ့တဲ့ ဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံ ပျက်စီးပြီးနောက် Tepco ကုမ္ပဏီရဲ့ စီးပွားရေးပြန်လည်တည်ဆောက်ရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဆူနာမီကြောင့် စက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေ ရေလွှမ်းမိုးခံရပြီး ဓါတ်ရောင်ခြည်တွေ ယိုစိမ့်မှုကြောင့် လူပေါင်း တသိန်းခွဲကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပအါတယ်။ ဒီဖြစ်စဉ်ပြီနောက် နိုင်ငံတွင်းရှိ နျူကလီးယားဓာတ်အားပေးစက်ရုံ ဓာတ်ပေါင်းဖိုအားလုံးကို ပိတ်ပစ်ဖို့ အစိုးရက အမိန့်ပေးခဲ့ပါတယ်။
ထိခိုက်နစ်နာသူတွေအတွက် Tepco အနေနဲ့ ဂျပန်ယန်း ထရီလီယံပေါင်းများစွာ လျော်ကြေးပေးဖို့ အမိန့်ပေးခဲ့ပြီး စက်ရုံ ဖျက်သိမ်းရေးကုန်ကျစရိတ်တွေကိုလည်း ကျခံရမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေပြီးနောက် လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံတွင်းမှာ ဓာတ်ပေါင်းဖို ၁၄ ခု ပြန်လည်လည်ပတ်နေပါတယ်။
Ref:BBC
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW