မော်ချီးဒေသ လေကြာင်းတိုက်ခိုက်မှု ငါးယောက်သေဆုံးပြီး ဒဏ်ရာရသူတွေရှိ

နိုဝင်ဘာ ၂၁ ၊ ၂၀၂၅
CC (VOM)
ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသမှာ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူငါး​ယောက် နဲ့ ထိခိုက်ဒဏ်ရာရသူ များပြားရှိခဲ့တယ်လို့ သိရပါတယ်။
မော်ချီးဒေသရှိ ကေဒီ ခဲလုပ်ကွက် နဲ့ မော်ချီးဒေသ အမှတ် (၂) စက်ရုံ ၊ ညောင်ပင် ဆိုတဲ့နေရာတွေကို လေကြာင်း တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ၊ မနက် ၈ နာရီလောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ် လို့ ဒေသခံဆီက သိရပါတယ်။
“ထိခိုက် နဲ့ သေဆုံးမှုက ကေဒီဆိုတဲ့နေရာမှာ ဖြစ်တာပါ။ ကျားငါး​​ယောက် သေဆုံးခဲ့တယ်။ ထိခိုက်မိသူကများတယ် ။ အရေအတွက်တော့ မသိရသေးဘူး။ ” လို့ စစ်ရှောင်အရေးကူညီနေသူ ကပြောပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးကုသနိုင်ဖို့ လုပ်​ဆောင်နေကြတယ်လို့ သိရပါတယ်။
ဩဂုတ် ၁၇ ရက် နဲ့ ၂၀ ရက် နေ့ကလည်း ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသ၊ သတ္တုတွင်း စီမံကိန်းရှိရာ ၁၆ ကုန်း ရပ်ကွက် နဲ့ လိုခါးလိုရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးသူ ၃၀ ကျော် နဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၁၅ ရက် နဲ့ ဇူလိုင် ၁၄ ရက်နေ့ မှာလည်း မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် သေဆုံးသူ ခြောက်ယောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ရှစ်​ယောက် ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဇူလိုင် ၉ ရက်နေ့ ညကလည်း မော်ချီးဒေသရှိ လိုလော်ထီးရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူငါးယောက်သေဆုံးကာ နောက်ထပ် ငါးယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၅ ရက်ကလည်း ကယားပြည်နယ် ၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူ ခုနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၂၀ ကျော်အထိရှိခဲ့ တယ်လို့သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW