ဖောက်ခွဲပုဒ်မနဲ့ ရမည်းသင်းထောင်မှာ အကျဥ်းကျခံရတဲ့ လူငယ်သုံးယောက် လွတ်မြောက်

မန္တလေး၊ ဒီဇင်ဘာ- ၁- ၂၀၂၅
VOICE OF MYANMAR
မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရမည်းသင်းအကျဥ်းထောင်မှာ ဖောက်ခွဲပုဒ်မ ၅ အပြင် ၅၀၅ – က နဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ လူငယ်သုံးယောက် ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ လွတ်မြောက်လာခဲ့ပါတယ်။
အဲ့ဒီလူငယ်သုံးဦးဟာ ပျဥ်းမနားမြို့ သကြားစက်သပိတ်ကနေ ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရတာဖြစ်ပြီး ဖောက်ခွဲပုဒ်မ ၅ အတွက် ထောင်ဒဏ် ၅ နှစ်၊ ၅၀၅ -က အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၈ နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့က နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေတဲ့သူတွေကို ပြစ်ဒဏ်တွေအပေါ် လျှော့ ပေါ့ပြီး လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့တာကြောင့် မြတ်မင်းသူ၊ ခန့်မင်းကို ၊ သွင်ကိုကိုဇော် တို့ဟာ ၅၀၅-က အတွက် ပြစ်ဒဏ်ကျခံစရာမလို့တော့တဲ့အတွက် ဒီကနေ့မှာ လွတ်ရက်စေ့လို့ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ က ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေတဲ့သူတွေကို ပြစ်ဒဏ်တွေအပေါ် လျှော့ပေါ့ပေးခဲ့ပြီး အကျဥ်းထောင်/ အချုပ်ထောင်/ အကျဥ်စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရသူ အကျဥ်းသား/သူ ၂၃၆၁ ဦး တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ၅၀၅-က ပြစ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ၅၅၈၀ ဦးထဲကထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့ ကြားနာနေစဲအမှုတွေကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ အရ အမှုပိတ်သိမ်းပေးခဲ့တယ်လို့ သိရပါတယ်။
Photo Crd CJ

Related posts

Leave a Comment

VOM News

FREE
VIEW