ဝါရှင်တန်၊ ဒီဇင်ဘာ-၁-၂၀၂၅
ရတီ(VOM)
အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းငြိမ်းချမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အထူးသံတမန်ဖြစ်သူ စတိဗ်ဝှစ်အော့ဖ်ကို ယခုအပတ်မှာ ရုရှား စေလွှတ်ဖို့ စီစဉ်ထားပါတယ်။
သမ္မတထရန့်ရဲ့ အထူးသံတမန်ဖြစ်သူ ဝစ်အော့ဖ်ရဲ့ ရုရှားခရီးစဉ်ဟာ တနင်္ဂနွေနေ့က ဖလော်ရီဒါမှာ ကျင်းပတဲ့ အမေရိကန်-ယူကရိန်းဆွေးနွေးပွဲအပြီးမှာ ထွက်ပေါ်လာတာဖြစ်ပြီး နှစ်ဖက်စလုံးက ဆွေနွေးပွဲဟာ အကျိုးဖြစ်ထွန်းတယ်လို့ ဆိုကြပါတယ်။
ဝစ်အော့ဖ်ဟာ တနင်္လာနေ့မှာ ရုရှားနိုင်ငံ မော်စကိုသို့ ထွက်ခွာသွားမယ်လို့ အမေရိကန်အစိုးရ အရာရှိတယောက်က ထုတ်ဖော်ပြောကြားပါတယ်။ သံတမန်ဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖွယ်ရှိပါတယ်။
ဒါပေမယ့် ရုရှားနဲ့ ဆွေးနွေးပွဲတွေမှာ အခက်အခဲတွေ ကြုံတွေ့ရနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ တနင်္ဂနွေနေ့မှာ ယူကရိန်းနဲ့ပြုလုပ်တဲ့ ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။ ။ လုပ်ဆောင်ရမယ့် အလုပ်များစွာ ရှိနေသေးပြီး သိမ်မွေ့ ရှုပ်ထွေးတယ်လို့ သူကဆိုပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုဟာ အထူးသံတမန် ဝစ်အော့ဖ်နဲ့အတူ ယူကရိန်းနဲ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ယူကရိန်းကိုယ်စားလှယ်အဖွဲ့ကိုတော့ ယူကရိန်းအမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေးကောင်စီ အတွင်းရေးမှူး ရပ်စတမ်ယူမီရော့ဗ်က ဦးဆောင်ခဲ့ပါတယ်။
ဆွေးနွေးပွဲမှာတော့ ယူကရိန်းမှာ ရွေကောက်ပွဲအသစ်တွေကျင်းပဖို့ ဖြစ်နိုင်ခြေရှိတဲပ အချိန်ဇယားအပြင် ရုရှားနဲ့ ယူကရိန်းအကြား နယ်မြေပိုင်ဆိုင်မှုတွေကို အဓိကဆွေးနွေးခဲ့တယ်လို့ အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူကို ကိုးကားပြီး Wall Street ဂျာနယ်က ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲတွေ တိုးတက်မှုရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ၊ ရုရှားက ဒီပြဿနာကို အဆုံးသတ်လိုပြီး ယူကရိန်းကလည်း ဒီလိုဖြစ်ဖို့ ဆန္ဒရှိနေတယ်လို့ ဒေါ်နယ်ထရန့်က သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ပြောပါတယ်။
Ref:NHK
Photo:Bloomberg
