နိုဝင်ဘာ ၂၉-၂၀၂၅
Voice Of Myanmar
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဟာ အမရပူရမြို့နယ်မှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လူစည်တဲ့နေရာတွေမှာ မဲဆွယ်ဆိုင်းဘုတ်တွေကို ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်မနက်ကလိုက်လံစိုက်ထူခဲ့ပါတယ်။
အမရပူရမြို့နယ်ကနေ တစညပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးကျော်မျိုးရွှေ၊ ပြည်သူ့လွှတ်တော်အတွက် ဦးအောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်အတွက်ဒေါ်ဝင်းဝင်းအေးတို့က ဝင်ရောက်ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။
အမရပူရကနေဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ပြည်သူအတွက် ဘာလုပ်ေပးကြမလဲ VOM ရဲ့ ရုပ်သံသတင်းအတွက် ေမးမြန်းခဲ့ပါတယ်။
