အမေရိကားမှာ ခိုလှုံခွင့်တွေကို ကာလရှည်ရပ်ဆိုင်းမယ်လို့ ဒေါ်နယ်ထရန့်ပြော

ဝါရှင်တန်၊ ဒီဇင်ဘာ-၁-၂၀၂၅
မျိုးဆက်(VOM)
အမေရိကားမှာ ခိုလှုံခွင့်လျှောက်ထားမှုတွေကို ကာလရှည်ရပ်ဆိုင်းထားဖို့ ရည်ရွယ်တယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
” ဒီအတွက် အချိန်ကန့်သတ်ချက်မရှိ” လို့ ထရန့်က ဆိုပါတယ်။ အာဖဂန်နိုင်ငံသားတယောက်က အိမ်ဖြူတော်အနီးမှာ အမျိုးသားအစောင့်တပ်ဖွဲ့ဝင်နှစ်ယောက်ကို ပစ်ခတ်ခဲ့ပြီး တယောက်သေဆုံးပြီးနောက် ခိုလှုံခွင့်တွေနဲ့ပတ်သက်လို့ သမ္မတလေယာဉ်ပေါ်မှာ သတင်းထောက်ရဲ့ မေးမြန်းမှုကို ထရန့်က ပြန်လည်ဖြေကြားခဲ့တာပါ။
ဒါဟာ အမိမြေလုံခြုံရေးဌာနက အမေရိကားကို လာရောက်ခွင့်ကန့်သတ်ခံမှုနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံ ၁၉ နိုင်ငံစာရင်းနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒီနိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ကျူးဘား၊ ဟေတီ၊ အီရန်နဲ့ မြန်မာ အပါအဝင် နိုင်ငံပေါင်း ၁၉ နိုင်ငံဖြစ်ပြီး ဇွန်လကတည်းက အမေရိကားကို လာရောက်ခွင့် ကန့်သတ်ချက်တွေ ချမှတ်ထားတာလို့ အမိမြေလုံခြုံရေးဌာနက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
“ကျွန်တော်တို့က အဲဒီလူတွေကို မလိုချင်ပါဘူး” လို့ ထရန့်က ဆိုပါတယ်။ “ကျွန်တော်တို့ သူတို့ကို ဘာလို့မလိုချင်တာလဲ သိလား။ ဘာလို့လဲဆိုတော့ လူအများစုက မကောင်းတဲ့သူတွေဖြစ်ပြီး ကျွန်တော်တို့နိုင်ငံမှာ မရှိသင့်လို့ပါ။” လို့ သူက ပြောပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့က ဝါရှင်တန်ဒီစီ အိမ်ဖြူတော်အနီး ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အမျိုးသားအစောင့်တပ်ဖွဲ့ဝင် အသက် ၂၀ အရွယ် Sarah Beckstrom သေဆုံးပြီး အခြားတယောက်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး အသက် ၂၉ နှစ်အရွယ် အာဖဂန်နိုင်ငံသား Rahmanullah Lakanwal ကို ဖမ်းဆီးပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားပါတယ်။
သူဟာ အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ခိုက်နေတဲ့ CIA ကျောထောက်နောက်ခံပြု ညွှန်ပေါင်းအဖွဲ့ရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အမေရိကန်စစ်တပ် အာဖဂန်နစ္စတန်ကနေ ရုပ်သိမ်းပြီးနောက် ပြန်လည်နေရာချထားရေးအစီအစဉ်အောက်မှာ အမေရိကားကို ရောက်ရှိလာတာဖြစ်ပါတယ်။
Lakanwal သည် ၂၀၂၅ ခုနှစ် ဧပြီလ ထရန့်အစိုးရလက်ထက်မှာ ခိုလှုံခွင့်ရရှိခဲ့ပေမယ့် သမ္မတဟောင်း ဂျိုးဘိုင်ဒင်လက်ထက်က ပေါ့လျော့စွာ စိစစ်ခဲ့လိုဖြစ်ကြောင့် တာဝန်ရှိသူတွေက အပြစ်တင်ထားပါတယ်။
ပစ်ခတ်မှုအပြီးမှာတော့ ဒေါ်နယ်ထရန့်ဟာ တတိယနိုင်ငံတွေနိုင်ငံအားလုံးမှ ရွှေ့ပြောင်းနေထိုင်မှုကို အပြီးအပိုင်ရပ်ဆိုင်းဖို့ စီစဉ်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Ref:AFP
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW