ဒီဇင်ဘာ ၄ ၊ ၂၀၂၅
GG (VOM)
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ် ၊ ပတ္တာရွာအနီးမှာ အိမ်စီးကား နဲ့ ရထား တိုက်မိပြီး သုံးယောက် သေဆုံးကာ နှစ်ပြင်းထန် ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ် ။
ဒီဇင်ဘာလ ၃ ရက်နေ့ မနက် ၈ နာရီခန့်က စဉ့်ကိုင်မြို့နယ်၊ ပတ္တာရွာအနီးက ရန်ကုန်-မန္တလေး ရထားလမ်းကို ဖြတ်ကူးစဥ် ရထားနဲ့ ဝင်တိုက်မိခဲ့တာ ဖြစ်ကြောင်း ၊ အိမ်စီးကား စီးနင်းလာသူတွေဟာ ဘုရားတည်ဖို့အတွက် ရက်ရွေးဖို့ သွားရာမှာ ခုလို ယာဥ်မတော်တဆမှု ဖြစ်ပွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ် ။
” သေတာက မိသားစုဝင်တွေပဲ ။ အမျိုးသား တယောက် ၊ အမျိုးသမီး နှစ်ယောက်ပါ ။ ငါးယောက်မှာ နှစ်ယောက်က ဒဏ်ရာပြင်းထန်ပြီး ဆေးကုသမှု ခံယူနေရပါတယ် ။ အခု သူတို့နာရေး ကိစ္စ စီစဥ်နေကြတယ် ။ ” လို့ မိသားစုဝင်နဲ့ ရင်းနှီးသူ တယောက်က ပြောပါတယ်။
ယာဥ်မတော်တဆမှုမှာ သေဆုံးသူ တွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ပတ္တာရွာ နေထိုင်သူတွေဖြစ်ကြောင်း နဲ့ လက်ရှိမှာ ထိခိုက် ဒဏ်ရရှိသူတွေကိုတော့ မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
သေဆုံးသူတွေရဲ့ မိသားစုဝင်တယောက်ကလည်း လက်ရှိမှာ နာရေးကိစ္စတွေ ဆောင်ရွက်နေကြောင်း VOM ကို ပြောဆိုပါတယ်။
ဓာတ်ပုံ – CJ
