ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ ဆက်ပေးမယ်လို့ နေတိုးအဖွဲ့ပြော

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ-၄-၂၀၂၅
ရတီ(VOM)
နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲလ်မှာ တွေ့ဆုံခဲ့ပြီး ယူကရိန်းအတွက် စစ်ရေးအကူအညီပေးတွေ ဆက်ပေးမယ်လို့ ထပ်မံအတည်ပြုလိုက်ပါတယ်။
အမေရိကန်ဦးဆောင်နေတဲ့ ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်ကို အထူးကြိုဆိုတယ်လို့ မာ့ခ်ရူတီက ပြောပါတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ဒီအစီအစဉ် အောင်မြင်မှုကို အာမမခံနိုင်သေးဘူးလို့ ဆိုပါတယ်။
ပဋိပက္ခကို ဖြေရှင်းဖို့ အတွက်အရေးကြီးပြီး အမေရိကန်ပြည်ထောင်စုရဲ့ ကြိုးပမ်းမှုကို ထောက်ခံပေမယ့် ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နေချိန်မှာ ယူကရိန်းအပေါ် ယူကရိန်းအပေါ် စစ်ရေးအကူအညီတွေ ပေးမယ့် ကတိကဝတ်ကို နေတိုးအဖွဲ့အနေနဲ့ ယိမ်းယိုင်မှာမဟုတ်ဘူးလို့ မာ့ခ်ရူတီက ပြောပါတယ်။
ရုရှားအပေါ် ဖိအားပိုမိုလိုအပ်ကြောင်း သူက အလေးပေးပြောကြားခဲ့ပြီး နိုင်ငံတွေအနေနဲ့ ယူကရိန်းအတွက် အမေရိကန်လက်နက်တွေ ဝယ်ယူခွင့်ပြုတဲ့ အစီအစဉ်တခုကို နေတိုးက အရှိန်မြှင့်သွားမယ်လို့လည်း ဆိုပါတယ်။ နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ သြစတြေးလျနဲ့ နယူးဇီလန်တို့လည်း ကြိုးပမ်းမှုမှာ ပါဝင်မယ်လို့ ပြောပါတယ်။
နေတိုးနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အင်ဒရီ ဆီဘီဟာလည်း တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ ဖြစ်ပေါ်တိုးတက်မှုတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒီအတောအတွင်ဒအမေရိကန် အထူးသံတမန် စတိဝစ်အော့ဖ်ဟာ ယူကရိန်းအမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ရပ်စတန်ယူမီရော့ဗ်နဲ့ မိုင်ယာမီမှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးမယ်လို့ အိမ်ဖြူတော်က အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
အင်္ဂါနေ့က မော်စကိုမှာ ရုရှားသမ္မတ ပူတင်နဲ့ စတိဝစ်အော့ဖ်တို့ ငါးနာရီနီးပါးကြာ တွေ့ဆုံပြီးနောက် ဝစ်အော့ဖ်ဟာ ယူကရိန်းနဲ့ ထပ်မံတွေ့ဆုံတာဖြစ်ပါတယ်။ ပူတင်နဲ့ဆွေးနွေးပွဲမှာတော့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ညှိနှိုင်းမှုတွေမှာ သဘောတူညီချက် မရရှိခဲ့ပါဘူး။
ဒီဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ သားမက် ကုရှ်နာလည်း တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲဟာ ကျိုးကြောင်းဆီလျော်စွာ ကောင်းမွန်တယ်လို့ ထရန့်က ပြောဆိုထားပေမယ့် ဘာဖြစ်မယ်ဆိုတာကို ပြောဖို့ စောလွန်းသေးတယ်လို့ ဆိုပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW