ရုရှားသမ္မ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ဒေလီမှာ ထိပ်သီးဆွေး

ဒေလီ၊ ဒီဇင်ဘာ-၅-၂၀၂၅
မျိုးဆက်(VOM)
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့ဟာ နယူး‌ဒေလီမှာ ဒီကနေ့ ထိပ်သီးဆွေးနွေးပွဲများ စတင်ခဲ့ပြီး အိန္ဒိယ ပူတင်ကို အနီရောင်ကော်ဇောခင်းကာ ကြိုဆိုခဲ့ကာ ယူကရိန်းငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အိန္ဒိယက ထောက်ခံတယ်လို့ မိုဒီက ပြောပါတယ်။
ဒါဟာ ပူတင်အတွက် လေးနှစ်အတွင်း ပထမဆုံးအကြိမ် အိန္ဒိယခရီးစဉ်ဖြစ်ပြီး အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် ဆယ်စုနှစ်များစွာ သံတမန်ရေးတင်းမာနေခဲ့ပြီး ရုရှားရဲ့ လက်နက်နဲ့ ရေနံအများဆုံးဝယ်ယူတဲ့ အိန္ဒိယနဲ့ ကုန်သွယ်ရေးတိုးမြှင့်လိုနေပါတယ်။
ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ သမ္မတဒေါ်နယ်ထရန့်က အိန္ဒိယကုန်ပစ္စည်းတွေအပေါ် ချမှတ်ထားအခွန်တွေ လျှော့ချရေး ကုန်သွယ်ရေးသဘောတူညီချက်အတွက် အိန္ဒိယဟာ အမေရိကန်ကားနဲ့ ဆွေးနွေးနေချိန်မှာ ပူတင်ရဲ့ ခရီးစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုရှားဟာ ဆယ်စုနှစ်များစွာကြာ အိန္ဒိယအတွက် ထိပ်တန်းလက်နက်ထောက်ပံ့သူဖြစ်ပြီး ၂၀၃၀ ခုနှစ်မှာ ကုန်သွယ်မှုကို ဒေါ်လာ ၁၀၀ ဘီလီယံအထိ တိုးမြှင့်ဖို့ ကြိုးပမ်းမှုမှာ် အိန္ဒိယကုန်ပစ္စည်းတွေကို ပိုမိုတင်သွင်းလိုသလို အိန္ဒိယရဲ့ ရေနံဝယ်ယူမှုကိုလည်း တိုးမြှင့်ရေး ထုတ်ဖော်ပြောဆိုထားပါတယ်။
ရုရှားဟာ ယူကရိန်းကို ကျူးကျော်ပြီးနောက် ဥရောပနိုင်ငံတွေ ရုရှားစွမ်းအင်အပေါ် မှီခိုအားထားမှုကို လေးနှစ်နီးပါးကြာ လျှော့ချပြီးနောက် အိန္ဒိယဟာ ရုရှားရေနံစိမ်းကို လျှော့စျေးနဲ့ ဝယ်ယူမှုကို တိုးမြှင့်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ အမေရိကန်ရဲ့ အခွန်နဲ့ ပိတ်ဆို့မှုများကြောင့် ဖိအားပေးခံရပြီးနောက် ဝယ်ယူမှု လျှော့ချခဲ့ပါတယ်။
“အိန္ဒိယဟာ ဘက်မလိုက်ပါဘူး။ အိန္ဒိယမှာ ရပ်တည်ချက်ရှိပြီး အဲဒီရပ်တည်ချက်က ငြိမ်းချမ်းရေးအတွက်ပါ” လို့ မိုဒီက ဆွေးနွေးပွဲတွေ စတင်ချိန်မှာ ပူတင်ကိုပြောပါတယ်။ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုတိုင်းကို ထောက်ခံပြီး ထောက်ခံတယ်လို့ သူကဆိုပါတယ်။
“နှစ်နိုင်ငံအကြား နိုင်ငံရေးနဲ့ စီးပွားရေး တိုးတက်လာတာနဲ့အမျှ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတွေ ကျယ်ပြန့်လာပြီး အဆင့်မြင့်နည်းပညာများ၊ လေကြောင်း၊ အာကာသနှင့် ဉာဏ်ရည်တု ကဏ္ဍတို့ ပူးတွဲလုပ်ဆောင်ရေးတို့မှာ နယ်ပယ်အသစ်တွေ ပေါ်ပေါက်လာနေကာ စစ်ရေး-နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ နှစ်နိုင်ငံဟာ အလွန်ယုံကြည်ရတဲ့ ဆက်ဆံရေးရှိပြီး ဒီနယ်ပယ်အားလုံးမှာ ရှေဆက်ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ “ လို့ ပူတင်က ဆိုပါတယ်။
တရားဝင်ဆွေးနွေးပွဲတွေ ပြီးဆုံးချိန်မှာတော့ နှစ်ဖက်စလုံးဟာ သဘောတူညီချက်များစွာကို ကြေညာသွားဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
Ref:Reuters
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW