ဂျာမနီမှာ ဆန္ဒအလျောက်စစ်မှုထမ်း အစီအစဉ်ကို ကျောင်းသားတွေ ဆန္ဒပြမယ်

ဘာလင်၊ ဒီဇင်ဘာ-၆-၂၀၂၅
ရတီ(VOM)
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ဂျာမနီနိုင်ငံဟာ အမျိုးသားကာကွယ်ရေးကို မြှင့်တင်ရန် ရည်ရွယ်တဲ့ လှုပ်ရှားမှုအဖြစ် စေတနာ့ဝန်ထမ်းစစ်မှုထမ်းအစီအစဉ်ကို စတင်ဖို့ ပါလီမန်က မဲခွဲအတည်ပြုလိုက်ပါတယ်။
ဒါဟာ ဂျာမနီရဲ့ စစ်ရေးပြောင်းလဲမှုမှာ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တခုဖြစ်ပြီး အခိုင်မာဆုံး စစ်တပ်ကို ဖန်တီးဖို့ ဘဏ္ဍာရေးဝန်ကြီး ဖရိုက်ဒရစ်ချ်မာ့ဇ်ရဲ့ တိုက်တွန်းမှုတွေအပြီး ထွက်ပေါ်လာတာပါ။
ဒီအစဉ်အရ ဂျာမနီရှိ အသက် ၁၈ နှစ်အရွယ်အားလုံးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှစပြီး လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ပါဝင်ဖို့ စိတ်ဝင်စားပြီး ဆန္ဒရှိမရှိ မေးမြန်းတဲ့ မေးခွန်းလွှာတခုစီ ပေးပို့မှာဖြစ်ပြီး ဒါဟာ အမျိုးသားတိုင်းအတွက် မေးခွန်းလွှာဖြည့်ရမှာဖြစ်ပြီး အမျိုးသမီးတွေအတွက်တော့ ဆန္ဒရှိသူတွေအတွက်သာ ဖြစ်ပါတယ်။
ကျောင်းသားတွေကတော့ မြို့ပေါင်း ၉၀ မှာ ဒီကိစ္စကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်မှောက်မှုတွေမှာ ပါဝင်မယ်လို့ ဆိုပါတယ်။ ဂျာမန်လူငယ်များစွာဟာ ဥပဒေသစ်ကို ဆန့်ကျင်မှု သို့မဟုတ် သံသယရှိနေကြသည်။
“မိမိတို့ ဘ၀သက်တမ်း တဝက်ကို တပ်စခန်းတွေမျာ ပိတ်လှောင်ထားပြီး လေ့ကျင့်မှုနဲ့ နာခံမှုတို့ကို လေ့ကျင့်ပေးတာနဲ့ သတ်ဖြတ်နည်းကို သင်ယူရတာတွေကို မလိုချင်ပါ” ဆန္ဒပြပွဲစီစဉ်သူတွေက လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။
“စစ်ပွဲဟာ အနာဂတ်အတွက် အလားအလာတွေကို မပေးစွမ်းဘဲ မိမိတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ဖျက်ဆီးပစ်တယ် “လို့ သူတို့တွေက ပြောပါတယ်။ ဟမ်းဘတ်မြို့မှာ ပင် လူပေါင်း ၁၅၀၀ ကျော်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။
ဂျာမန်လွှတ်တော်အမတ်တွေဟာ ဒီကိစ္စကို ထောက်ခံမဲ ၃၂၃ မဲ၊ ကန့်ကွ့်မဲ ၂၇၂ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး ပြန်လည်ပြင်ဆင်ထားတဲ့ စစ်မှုထမ်းခြင်းပုံစံအချို့ကို ပြောင်းလဲလာတဲ့ ဥရောပနိုင်ငံတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။
ပြီးခဲ့လကတော့ ပြင်သစ်နိုင်ငံဟာ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ်တွေအတွက် ၁၀ လကြာ စေတနာ့ဝန်ထမ်း စစ်သင်တန်းကို စတင်မယ်လို့ ပြောပါတယ်။ ဂျာမနီနိုင်ငံ စစ်တပ်မှာ စစ်မှုထမ်း တသိန်းရှစ်သောင်းကျော်ရှိပြီး လာမယ့်နှစ်အတွင်း နှစ်သိန်းအထိ တိုးမြှင်ရန် ရည်ရွယ်ထားပါတယ် ။
ရေရှည်ရည်မှန်းချက်မှာ ၂၀၃၀ ပြည့်လွန်နှစ်အစောပိုင်းမျာ အရေအတွက်ကို နှစ်သိန်းခြောက်သောင်းအထိ မြှင့်တင်ဖို့ဖြစ်ပြီး နေတိုးတပ်ဖွဲ့ တပ်ဖွဲ့ဝင်အရေအတွက်နဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းဖို့နဲ့ ဂျာမနီရဲ့ ကာကွယ်ရေးကို အားကောင်းစေဖို့အတွက် အရန်တပ်ဖွဲ့ဝင် နှစ်သိန်းထားရှိရေးတို့ဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW