ပြုံးယမ်း၊ ဒီဇင်ဘာ-၁၃-၂၀၂၅
ရတီ(VOM)
ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ မိုင်းရှင်းလင်းရေးအတွက် ယခုနှစ်အစောပိုင်းမှာ မြောက်ကိုရီးယားတပ်တွေ စေလွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဒီကနေ့မှာ ပြောပါတယ်။
အင်ဂျင်နီယာတပ်ရင်းတခု ပြန်လည်ရောက်ရှိမှုကို ကင်ဂျုံအန်က ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့ပြီး သြဂုတ်လမှာ စတင်ခဲ့တဲ့ ရက်ပေါင်း ၁၂၀ ကြာ တပ်ဖြန့်ချထားမှုအတွင်း တပ်ရင်းမှ တပ်ဖွဲ့ဝင်ကိုးယောက် သေဆုံးခဲ့သေဆုံးခဲ့တယ်လို့ ကင်ဂျုံအန်က ဆိုပါတယ်။
သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။ “အရာရှိတွေနဲ့ စစ်သားတွေဟာ မယုံနိုင်လောက်အောင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို နေ့တိုင်းနီးပါး ကျော်လွှားကာ ကြီးမားတဲ့ သူရဲကောင်းစိတ်ဓာတ်ကို ပြသခဲ့ကြတယ်” သူက ပြောပါတယ်။
တပ်ဖွဲ့ဝင်တွေစာ သုံးလအတွင်း မိုင်းတွေထောင်ထားတဲ့ အန္တရာယ်ဇုန်ကြီးတခုကို ဘေးကင်းလုံခြုံတဲ့ ဇုန်အဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ အံ့ဖွယ်အမှုတခုကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ကင်ဂျုံအန်က ချီးကျူးပြောဆိုပါတယ်။
တောင်ကိုရီးယားနဲ့ အနောက်နိုင်ငံထောက်လှမ်းရေးအေဂျင်စီတွေရဲ့ အဆိုအရ မြောက်ကိုရီးယားဟာ ယူကရိန်းကို လေးနှစ်နီးပါး ကျူးကျော်မှုအတွင်း ရုရှားဘက်ကနေ တိုက်ပွဲဝင်ဖို့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ခဲ့ပါတယ်။
အပြန်အလှန်အားဖြင့် ရုရှားဟာ မြောက်ကိုရီးယားအတွက် ငွေကြေးအကူအညီ၊ စစ်ရေးနည်းပညာ၊ အစားအစာနဲ့ စွမ်းအင်ထောက်ပံ့မှုများ ပေးအပ်နေပြီး နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကြောင့် ပြင်းထန်တဲ့ နိုင်ငံတကာပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်စေခဲ့ကြောင်း လေ့လာသူတွေက ပြောပါတယ်။
Ref:BBC
Photo:Reuters
