ဇန်နဝါရီ ၁၆ – ၂ဝ၂၆
Voice of Myanmar(VOM)
ရန်ကုန်တိုင်းဒေသကြီး၊သာကေတမြို့နယ်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ပါတီအောင်နိုင်ရေး)အဖွဲ့များနဲတွေ့ဆုံပွဲကို
ဒီနေ့ ဇန်နဝါရီ ၁၆ ရက်၊မွန်းလွဲပိုင်းအချိန်က သာကေတမြို့နယ်၊မြင်တော်သာအားကစားကွင်းမှာ ကျင်းပပြုလုပ်နေတဲ့ မြင်ကွင်းတွေကို အခုလိုတွေ့မြင်ရပါတယ်။
အခု ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ဆက်လက်ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း – ၃ မှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ သာကေတမြို့နယ်ကနေ ပြည်သူ့လွှတ်တော်တစ်နေရာ၊အမျိုးသားလွှတ်တော်တစ်နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်နေရာတို့မှာဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိနေတာပါ။
ရွေးကောက်ပွဲ အပိုင်း(၃)ကို တိုင်းနဲ့ ပြည်နယ် (၉)ခုက စုစုပေါင်းမြို့နယ်(၆၃)မြို့နယ်မှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။
Photo – VOM
