ပစ္စည်းသယ်သူတွေ နေရာလု၊ နေရာကျော် ဆိုးဝါးနေလို့ တရုတ်ပြည်ဝင်ခွင့် ပိတ်တဲ့ အထိ အရေးယူလာ

ဇန်နဝါရီ ၃၁၊ ၂၀၂၅
Shy V (VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြန်မာ – တရုတ် နယ်စပ်၊ မူဆယ် ဆင်ဖြူဂိတ် တရုတ်ဘက်ခြမ်းမှာ ပစ္စည်းသယ်သူတွေ နေရာလု၊ နေရာကျော် ဆိုးဝါးနေလို့ တရုတ်ပြည်ဝင်ခွင့် ပိတ်တဲ့ အထိ အရေးယူလာနေကြောင်း နယ်စပ် ဒေသခံတွေဆီက သိရပါတယ်။
“ဒီမနက်ကလည်း ပစ္စည်းကျော်တာလား၊ လူကျော်တာလား မသိဘူး။ စာအုပ်သိမ်းသွားပြီ” လို့ နယ်စပ်ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
တန်းမစီပဲ စီနီယာကျော်ပြီး ပစ္စည်းပေးတာဖြစ်ဖြစ် လူက နေရာ ကျော်တာဖြစ်ဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ကျော်ကတည်းက တရုတ်ဘက်က စတင်အရေး ယူနေပြီ လို့ ဆိုပါတယ်။
“စည်းကမ်းမရှိတဲ့သူတွေ အဲလို စာအုပ် သိမ်းပစ်တာကောင်းတယ်။ နေရာရချင်လို့ရှိရင် စောစော လာရမှာလေ။ နောက်မှလည်း လာသေး၊ သူများထက်လည်း အရင်ထွက်ချင်” လို့ နောက်ထပ် နယ်စပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်ခွင့် အသိမ်းခံရရင်တော့ တရုတ်ဘက်က ဒဏ်ကြေးဆောင်ရတာတွေ တရုတ်ဘက် ဝင်‌ခွင့် တနှစ် အပိတ်ခံရတာတွေ စသဖြင့် အရေးယူနေပြီ လို့ ဆိုပါတယ်။
နယ်စပ် ပစ္စည်း သယ်ယူ နေတဲ့ မြန်မာနိုင်ငံသားတွေ နေ့တိုင်း နေရာ လုယက်၊ နေရာကျော်၊ ပစ္စည်းကျော် ရန်ဖြစ် နေတာကြောင့် သံတိုင်နဲ့ ကာရံကာ တန်းစီခိုင်းပေမယ့် သံတိုင်တွေပေါ်တက်ပြီး ပစ္စည်းကျော်ပေးတာတွေပါ လုပ်လာတာကြောင့် ဖမ်းဆီး ဒဏ်ရိုက်တာတွေ၊ တရုတ်ပြည်ဝင်ခွင့် ပိတ်ပစ်တာတွေ အထိ တရုတ်ဘက်က အရေးယူလာတာ ဖြစ်ပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW