ဇန်နဝါရီ ၃၁၊ ၂၀၂၅။
NN(VOM)
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ မဟာဗောဓါရုံကျောင်းက စာချဆရာတော် ဥူးကေသရကို လုပ်ကြံခဲ့တယ်လို့ သံသယရှိသူတွကို ရဲတပ်ဖွဲ့က စုံစမ်းစစ် ဆေးနေဆဲဖြစ်တယ်လို့ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကပြော ပါတယ်။
ဆရာတော်ကို လုပ်ကြံခဲ့တဲ့သူတွေ ကျန်ခဲ့တဲ့ ဖုန်းကနေတဆင့် စုံစမ်းမှုတွေ လုပ်နေတယ်လို့လည်းသိရပါတယ်။
“ အခုက စစ်ဆေးနေတုန်းပါ။ သံသယရှိတဲ့သူတွေကို စစ်မေးတာမျိုးတော့ ရှိပါတယ်။ တရားခံတော့ မမိသေးပါဘူး။ အွန်လိုင်းမှာ တက်နေတဲ့သတင်း တွေကလည်း မဟုတ်သေးပါဘူး”လို့ အာဏာပိုင်တွေနဲ့နီးစပ်သူ တယောက် ကပြောပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်ပိုင်း ၆နာရီလောက်မှာ လားရှိုးမြို့ အမှတ် (၄) ရပ်ကွက်မှာရှိတဲ့ မဟာဗောဓါရုံ ကျောင်းတိုက်စာချဆရာတော်ကို ဆွမ်းကပ် မယ် ဆိုပြီး ရောက်လာတဲ့ အမျိုးသားနှစ်ဦးက လုပ်ကြံသတ် ဖြတ်သွား လို့ ပျံလွန်တော်မူသွားခဲ့တာဖြစ်ပါတယ်။
ဆရာတော်ရဲ့ ဝမ်းဗိုက်ကို ဓါးနဲ့ ၁၂ ထိုးခဲ့ပြီး ဦးခေါင်းကိုလည်း တူနဲ့ ထုရိုက် ခံခဲ့ရတာပါ။
ဆရာတော်ရဲ့ ဈာပနပွဲကိုတော့မနက်ဖြန် ဖေဖော်ဝါရီလ ၁ ရက်(တပို့တွဲ လပြည့်)နေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ ဆရာတော်နဲ့နီးစပ်တဲ့ ဒကာတွေဆီက နေသိရပါတယ်။
ပုံစာ- လားရှိုးမြို့ မဟာဗောဓါရုံကျောင်းသွားရာနေရာ
