OTS အမှတ်စဥ် (၇၇) ဆင်းဗိုလ်ချုပ်မှူးကြီး ရဲဝင်းဦးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်
စစ်တက္ကသိုလ် အမှတ်စဥ် (၃၅) ဆင်း ဒုတိယဗိုလ်ချုပ်မှူးကြီး ကျော်စွာလင်းကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
စစ်တက္ကသိုလ် အမှတ်စဥ် (၃၈) ဆင်း ဗိုလ်ချုပ်ကြီး ကိုကိုဦးကို တပ်မတော် ကြည်း၊ရေ၊ လေ ညှိနှိုင်းကွပ်ကွဲရေးမှူး
“ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဗိုလ်ချုပ်ကြီးတွေ အားလုံးရှေ့မှာ ဒီနေ့ မနက် အတည်ပြုပြီး ရွှေဓားပေး ခန့်အပ်လိုက်တယ်” လို့ သိရပါတယ်။
တပ်မတော်က တရားဝင်ထုတ်ပြန်တာမရှိသေးတာကြောင့် VOM အနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေတာမို့ ကနဦးသတင်းအဖြစ်သာ မှတ်ယူပေးပါရန် မေတ္တာရပ်ခံပါတယ်။
တပ်မတော် အကြီးအကဲများဖြစ်ကြတဲ့ ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ပြောင်းလဲခန့်အပ်တာဝန်လွှဲသည့် အခမ်းအနားကို ယနေ့ မတ်လ (၃၀) ရက် မနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမ္မာန်တွင် ကျင်းပလျက်ရှိကြောင်း နေပြည်တော်ရှိ သတင်းရင်းမြစ်များထံက သိရပါတယ်။
CRDကျော်ကြီး
