ဒုတိယသမ္မတလောင်း အမည်စာရင်းတင်သွင်းပြီး

နေပြည်တော် မတ် ၃၀ – ၂၀၂၆
KKL(VOM)
ဒီ​နေ့ အမျိုးသားလွှတ်​တော်က တင်သွင်းတဲ့ ဒုတိယသမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမှုနှစ်ခုရှိခဲ့ပြီး ကရင်ပြည်နယ် အမှတ်(၂)မဲဆန္ဒနယ်က ဒေါ်နန်းနီီနီအေး နဲ့ ကချင်ပြည်နယ် အမှတ်(၂) မဲဆန္ဒနယ်မှ ဒေါက်တာ မနမ်တူးဂျာ တို့ရဲ့အမည်စာရင်းကို တင်သွင်းခဲ့ကြပါတယ်။
ဒီနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ​တိုင်းရင်းသားစည်းလုံးညီညွတ်​ရေးပါတီရဲ့ တောင်တွင်းကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေအား အဆိုပြုထားပါတယ်။
​ဒေါက်တာတူးဂျာ ဟာ ​ကေအိုင်အို ဒုဥက္ကဌ​ဟောင်းဖြစ်ပြီး ဒေါ်နန်းနီနီအေးဟာပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုရွေးချယ်ခံခဲ့ရပြီး ​ရွေး​ကောက်ပွဲ
လေးကြိမ်ဆက်တိုက်အနိုင်ရခဲ့သူဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW