ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ အင်းဝရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်းက ယဥ်ကျေးမှုအမွေအနှစ်တွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်နေ

မန္တလေး၊ ဇွန်- ၁၈- ၂၀၂၆
SA(VOM)
မန္တလေးတိုင်း၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်အတွင်းက အင်းဝမြို့ဟောင်းယဥ်ကျေးမှုနယ်မြေ ဧရိယာအတွင်းက ရှေးဟောင်းအဆောက်အအုံ ၉၆၁ ခုတည်ရှိပြီး ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရှေးဟောင်းအဆောက် အအုံ ၆၁၄ ထိခိုက်ပျက်စီးခဲ့ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ကျင်းပတဲ့ တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁ ရက်မြောက်နေ့) မှာ တံတားဦးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်အမှတ် ၂၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည် က တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဥ်ကျေးမှုနယ်မြေအတွင်းရှိ သဘာဝဘေးငလျင်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် ယဥ်ကျေးမှုအမွေ အနှစ် အဆောက်အအုံ စေတီပုထိုးတွေကို ပြုပြင်ပေးဖို့ အစီအစဥ် ရှိမရှိ လွှတ်တော်ကတဆင့် သက်ဆိုင်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့တာဖြစ်ပါတယ်။
ထိခိုက်ပျက်စီးမှုတွေထဲက ထိခိုက်ပျက်စီးမှုတွေ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရုံးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ အလှူရှင်တွေက ပြုပြင်ပြီး ရှေးဟောင်း အဆောက်အအုံ ၄၀ ခု ပြုပြင်ဆဲ ၂၇ ခုရှိတယ်လို့ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည် က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ရှေးဟောင်း သုတေသနနဲ့ အမြိုးသားပွတိုကျဦးစီးဌာနရုံးခြုပျကို ပြုပြင်ဖို့ ခွင့်ပြုချက်တောင်းခံထားတဲ့ ရှေးဟောင်းအဆောက် အအုံ ၂ ခုရှိပြီး ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပြန်လည်ပြုပြင်နိုင်ရေးအတွက် ခန့်မှန်းခြေငွေစားရင်းတွေကို ဦးစားပေးအလိုက်တွက်ချက်ထားကာ ဝန်ကြီးဌာန Website နဲ့ ဦးစီးဌာနရဲ့ Website တွေမှာ အလှူရှင်တွေကို ဖိတ်ခေါ်ထားတယ်ပြီး နိုင်ငံခြားအထောက်အပံအကူ အညီတွေတောင်းခံတဲ့နည်းလမ်း၊ မူလအလှူရှင်တွေက ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည် က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ငလျင်လှုပ်ပြီးချိန်မှာ အရေးပေါ်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့လိုအပ်တဲ့ ရှေးဟောင်းအဆောက်အအုံတွေဖြစ်တဲ့ ဝင်္ကဘာဘုရား ဘုရားအမှတ် ၄၄၂၊ ကြောင်လိမ်ဘုရား ဘုရားအမှတ် ၄၃၆ တို့ကို ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အင်းဝရှေးဟောင်းယဥ်ကျေးမှုနယ်မြေ ဧရိယာအတွင်းက ဘားကရာသစ်သားကျောင်းကြီးကိုလည်း ၂၀၂၅၊ ၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဖြည့်စွက်ရန်ပုံငွေနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထူးခြားထင်ရှားတဲ့ ညောင်းရမ်းခေတ် ဘုရားအမှတ် ၄၃၆၊ ၄၃၇၊ ၄၃၉၊ ၄၄၀၊ ၄၄၂၊ ၄၄၃ တို့ကို ရှေးဟောင်း သုတေ သနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်ဖို့ တင်ပြသွားမယ်လို့ ရှင်းလင်းတင်ပြခဲ့ပါတယ်။
သတင်းဓာတ်ပုံ / IPD(ပြန်ကြားရေးဝန်ကြီးဌာန)

Related posts

Leave a Comment

VOM News

FREE
VIEW