ဆူးငှက် သူတို့အိမ်က ၁၀လပြည့်ပြီ ————————— ကျွန်တော် သူတို့အိမ်ကို တောက်လျှောက်ရေးလာတာ ဇွန် ၁၉ရက်နေ့က ၁၀လ တင်းတင်းပြည့်ခဲ့ပါပြီ။ အဘယ်ကြောင့် ဆိုသော် ၂၀၂၂ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က စတင်ရေးသားခဲ့သောကြောင့် ဖြစ်သည်။ အစ ရည်ရွယ်သည်က ဒီလောက်ရှည်ရှည် ရေးဖြစ်ဖို့ မဟုတ်။ ယခုခေါင်းစဉ်နှင့် ရေးခဲ့ဖူးသော ဝတ္ထုတို ၁ပုဒ် ကို ၃ပိုင်းခွဲ၍ ပြန်တင်ရန်ဖြစ်သည်။ ထို၃ပိုင်းက အဘတို့ အမေတို့ မန္တလေးသို့ စတင်အခြေချကြပုံ အကျဉ်းချုပ် က ၁မျက်နှာခွဲ၊ ဒုတိယပိုင်းက ဒေါင်းရိုးစိုင်ပြွန်ရိပ်သာ ဝင်းအတွင်းနှင့် ၇၆လမ်းဟေမာဇလရပ်ကွက်မှာ နေထိုင်စဉ်ကအပိုင်း အကျဉ်းချုပ် က ၁မျက်နှာခွဲ နှင့် ယခု သရက်ကုန်းကွက်သစ်မှာ ရောက်လာပုံက ၁မျက်နှာနှင့် စုစုပေါင်း ၄မျက်နှာ ခန့်သာ ရှိသော စာတစ်ပုဒ် ဖြစ်သည်။ သည်နေရာတွင် ဝတ္ထုတိုဟု…
Read MoreDay: July 5, 2026
တောင်းရမ်းသူတွေ များပြားလာတဲ့ ကမ္ဘာကျော်ဦးပိန်တံတား
မန္တလေး၊ ဇူလိုင်- ၄- ၂၀၂၆ SA(VOM) ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေ အလာများတဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းက ဦးပိန်တံတားကြီးမှာ တောင်းရမ်းသူ (သူတောင်းစား)တွေ တဆထက်တဆ များပြားလာပြီး ခရီးသွားတွေကို အနှောက်အယှက်ဖြစ်စေတဲ့အပြုအမူတွေကိုပါ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ” ဒါတွေရှိနေတဲ့အပေါ်မှာ အများသူငှာသွားလာနေတဲ့ ဦးပိန်တံတားပေါ်မှာ ရှိနေတာတော့ အမြင်မသင့်တယ်ဘူးပေါ့၊ နောက်တခုက နိုင်ငံခြားသားအမြင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် ကိုယ့်မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာလည်း ကျစေတယ်ပေါ့၊ ဒီမှာက အများသူငှာသွားလာနေတဲ့အချိန် တံတားပေါ်မှာ သူတို့က နေရာအပြည့် ယူထားတဲ့အတွက် သွားလာတဲ့ လူတချို့ကျ စိတ်အနှောက်ယှက်ဖြစ်တာပေါ့၊ တချို့ကျတော့လည်း မြန်မာလူမျိုးတွေရဲ့ သဘာဝက စိတ်သဒ္ဓါတရားထက်သန်တော့ လှူချင်တန်းချင်တဲ့စိတ်လည်းရှိတယ်၊ တဖက်ကပြန်ကြည့်မယ်ဆိုရင် အဆိုးနဲ့အကောင်းက အမြဲဒွန်တွဲနေတာတွေတော့ရှိတာပေါ့၊ တချို့ကလေးတွေကျရင် ဇွတ်ကိုလိုက်ပြီး ဆွဲလားရမ်းလားလုပ်တဲ့အနေအထားတွေအထိရှိတယ်၊ ဧည့်သည်ဆိုတာကတော့ ဒီမှာလာတယ်ဆိုတာ စိတ်အပန်းဖြေဖို့လာတာ ကြည်ကြည်နူးနူးလာကြတယ် ဒါပေမယ့် သူတို့က နောက်ကနေလိုက်ပြီး ထိကပါးရိ…
Read Moreချောက်မြို့နယ်ထဲက စစ်ရှောင်တွေအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေ
ဇူလိုင် ၄ ၊ ၂၀၂၆ GG (VOM) မကွေးတိုင်း ၊ ချောက်မြို့နယ်ထဲက စစ်ဘေးရှောင် တွေအတွက် အကူအညီအထောက်ပံ့တွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူ တွေဆီကသိရပါတယ်။ အဆိုပါမြို့နယ်ထဲမှာ စစ်ရှောင်နေရသူထောင်နဲ့ချီ ရှိနေပြီး စစ်ရှောင်ရတဲ့ကာလ ကြာမြင့်လာခြင်းကြောင့် အစားအစာ အပါအဝင် အကူအညီတွေလိုအပ်နေသလို ခုရက်ပိုင်းအတွင်းမှာမှ အရေးပေါ် စစ်ရှောင်နေရသူတွေအတွက်လည်း အကူအညီတွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ လက်ရှိမှာ ချောက်မြို့နယ်ထဲ ဆူးတောရွာ၊ရွာမ ၊ ညောင်ဇင်ရွာ၊ လေးပင်ကုန်းရွာ၊ ညောင်ချောင်းရွာ၊ ချောင်းဦး၊ မကျီးကန်၊ ဝင်္ကဘာရွာ ၊ဇောင်းတောကန်ရွာ အပါအဝင် ကျေးရွာ ၁၀ ခုထက်မနည်းက ဒေသခံတွေ စစ်ရှောင်နေကြရတာဖြစ်တယ်လို့ သိရပါတယ် ။ ” စစ်ရှောင်နေရတာ ဇွန်လကတည်းကဆိုတော့ ရှောင်စဥ်ကလည်း အရေးပေါ်ထွက်ခဲ့ရတော့ ဘာမှမယူနိုင်ခဲ့ကြဘူး ။ ခုထိလည်း ရွာဘက်ကို…
Read Moreကသာ – နဘားလမ်းပိုင်း ပိတ်နေတာ ငါးရက်အထိရှိလာလို့ ကြက်သားပေါက်တွေသေပြီး ကုန်ပစ္စည်းတွေပျက်စီးမှုရှိလာ၊ ကားသမားနဲ့ခရီးသွားတွေလည်း ဒုက္ခရောက်နေ
ဇူလိုင် ၄ ၊၂၀၂၆ CC (VOM) မြစ်ကြီးနား – ကသာ – နဘားလမ်းပိုင်း ပိတ်နေတာ ငါးရက်အထိကြာမြင့်လာတာကြောင့် ပိတ်မိနေတဲ့ ကားသမားတွေ ဒုက္ခရောက်နေသလို ကုန်ပစ္စည်းတချို့လည်း ပျက်စီးမှုတွေ ဖြစ်ပေါ် နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ အင်းတော်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဇွန် ၃၀ ရက်နေ့ကစပြီး ဒီကနေ့ ဇူလိုင် ၄ ရက်နေ့အထိ ကသာ – နဘား လမ်းပိုင်းမှာ ကားအစီးရေ ရာနဲ့ချီပိတ်မိနေတာဖြစ်ကြောင်း ၊ အဲဒီထဲကမှ ပန်းတွေ ၊ ခရမ်းချဥ်သီး ၊ ကြက်သွန် ၊ကွမ်းရွက် ၊ ကြက်ပေါက် အပါအဝင် စတဲ့ အထားမခံတဲ့ ကုန်ပစ္စည်းတွေ ပျက်စီးမှုဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ ” ကုန်စိမ်းတွေ အများစုပျက်စီးတာပေါ့ ။ ပန်းတွေဆိုလည်း…
Read More