တရုတ် နယ်စပ်ဘက် ဘလူးဘယ်ရီခြံမှာ တခါသုံးကတ်နဲ့ အလုပ် လာလုပ်သူတွေ အများအပြား အလုပ်ပါးသွားလို့ ပြန်လွှတ်ခံရ

မေ ၁၉၊ ၂၀၂၆ Shy V (VOM) တရုတ် နယ်စပ်ဘက် ဘလူးဘယ်ရီခြံမှာ အလုပ်လုပ်နေတဲ့ တခါသုံးကတ်နဲ့ အလုပ် လာလုပ်‌ေနတဲ့ မြန်မာလုပ်သားတွေ အလုပ်ပါးသွားလို့ အခု မေလထဲ အများအပြား ပြန်လွှတ်ခံနေရကြောင်း မြန်မာ ရွှေ့ပြောင်း လုပ်သားတွေဆီက သိရပါတယ်။ “ကျမနေတဲ့ နေရာက မြန်မာအလုပ်သမား အဖွဲ့တွေကိုတော့ မေလ ၁၃ ရက်နေ့က လုပ်အားခ ရှင်းပေးပြီး ပြန်ခိုင်းလိုက်ပြီ။ မေလ ၁၃ ရက်နေ့က ပြန်တဲ့ မြန်မာ အလုပ်သမား အများကြီးပဲ။ အယောက် ၉၀ လောက် ရှိတဲ့ထဲက အယောက် ၄၀ လောက်ပဲ ကျန်တော့မယ်။” လို့ ရွှေလီ – မံစီ လမ်းမ အနီးက ဘလူးဘယ်ရီခြံမှာ အလုပ်လုပ်နေသူ အမျိုးသမီး တယောက်က ပြောပါတယ်။ ဘလူးဘယ်ရီပင်တွေ…

Read More

ပခုက္ကူမြို့အထွက် ဂိတ်​တွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး သယ်ယူခွင့် ကန့်သတ်

​မေ ၁၈-၂၀၂၆ PL(VOM) မကွေးတိုင်း ပခုက္ကူခရိုင်အတွင်းက မြိုင်မြို့၊ ရေစကြိုမြို့နဲ့ ပေါက်မြို့ဘက် အထွက်ဂိတ်​တွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး သယ်ဆောင်ခွင့်ကို ခုရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ်ကန့်သတ်ပိတ်ပင်ထားတယ်လို့ ဒေသခံ​တွေဆီက သိရပါတယ်။ ” ​မြို့အထွက်ဂိတ်‌​တွေမှာ လုံခြုံရေးအရ စစ်ဆေးမှုကိုတင်းကျပ်လာတယ် အရင်ကဆိုရင် ကားတစီးကို ဆန်တအိတ်၊ ဆီတပုံးလောက်တော့ သယ်လို့ရသေးတယ်။ ခုရက်ပိုင်းမှာတော့ အဲဒီအခြေခံစားသောက်ကုန် ဘာတခုမှကို သယ်လို့မရတော့တာပါ။ ဘာမှတင်ခွင့်မရတော့ ကားအလွတ်နဲ့ပဲ ပြန်နေရတယ်” ဟု ရေစကြိုတောင်လက် ကျေးရွာ​တွေကို ယာဉ်လိုင်းပြေးဆွဲတဲ့ယာဉ်မောင်းက​ပြောပါတယ်။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိတဲ့ အခြေခံစားသောက်ကုန် ကုန်စိမ်း​​တွေနဲ့ အိမ်သုံးဆေးဝါး အပါအဝင် အရေးပေါ် အသက်ကယ်ဆေးဝါး​တွေကိုပါ နယ်ဘက်ကို သယ်ယူခွင့်မပြုဘဲ ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ​”အရင်ကတော့ သူတို့ကန့်သတ်ချက်နဲ့ ကုန်စိမ်းတွေ၊ ဆန်၊ ဆီ၊ ဆားတွေ သယ်လို့ရတယ်။ ဆေးဝါးဆိုရင်လည်း လူနာပါမယ်၊…

Read More

သူတို့အိမ် အခန်း (၁၁၆)

ဆူးငှက် အလွတ်ကျက် ဖြေဆိုခဲ့ရတဲ့ ပုစ္ဆာတွေ ———————————– ဘာလိုလိုနှင့် တက္ကသိုလ်၏ ၄နှစ်သက်တမ်းက ကုန်ပါပြီ။ နောက်ဆုံးနှစ်စာမေးပွဲကိုလည်း ခက်ခက်ခဲခဲ ဖြေဆိုလိုက်ရပါ၏။ အတန်းကမမှန် စာက မလိုက်နိုင်တော့ သချာၤကို အလွတ်ကျက် ဖြေခဲ့ရသည်။ လူတွေ့နှုတ်ဖြေမှာလည်း ဘာထူးမှာလဲ။ ပြင်ပစာစစ်အဖြစ် ဆရာဦးဘမင်းနှင့် တွေ့ရသည်။ ဆရာဦးဘမင်းဆိုတာ ထိုစဉ်က မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နက္ခတ္တသင်္ချာပညာရှင်ဖြစ်သည်။ အမေရိကန်က မဟာသိပ္ပံဘွဲ့ရခဲ့သူဖြစ်ပြီး မြန်မာပြည်ပြန်ရောက်ပြီး မကြာမီ အလုပ်မှ နှုတ်ထွက်ကာ “လှိုင်း” အမည်ဖြင့် တေးသံသွင်းဆိုင် ဖွင့်လှစ်ထားသည်။ ဆရာဦးဘမင်းနှင့်အတူ နောက်ထပ်ပညာရှင် တစ်ဦးမှာ မိုးလေဝသပညာရှင် ဆရာကြီးဦးဌေးအောင်ဖြစ်သည်။ ဆရာကြီးဦးဌေးအောင်က ထိုစဉ်ကတည်းက နာမည်ကျော် တရားပြဆရာကြီးဖြစ်နေပါပြီ။ ကျွန်တော့်ကို ဆရာကြီးဦးဌေးအောင်း စာမေးပွဲ ဖြေနိုင်လား ဟု လောက်သာ မေးကာ ဆရာဦးဘမင်းကိုပဲ မေးစေသည်။ ဆရာဦးဘမ်းက သင်္ချာနှင့် ပတ်သက်သော ပုစ္ဆာတစ်ပုဒ်မေး၏။…

Read More

TikTokက အလုပ်ခေါ်စာနောက် လိုက်သွားတဲ့ မိန်းကလေးငယ်တယောက် မူဆယ်မှာ ပျောက်ဆုံးနေ

မေ ၁၇၊ ၂၀၂၆ Shy V (VOM) ရန်ကုန်က အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ အသက် ၁၇ နှစ်အရွယ် မခင်သီတာစန်းဟာ TikTok ကနေ လစာကောင်းမယ်ဆိုတဲ့ အလုပ်ခေါ်စာကို ယုံပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို သွားခဲ့ရာကနေ အခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ “ပျောက်ဆုံးနေသူက မခင်သီတာစန်း ဟုတ်တယ်။ အခု မေလ ၅ ရက်နေ့က သူ့အမေဆီကနေ မူဆယ်ဘက်ကို ထွက်သွားတာ။ TikTok မှာ အဆက်အသွယ်ရပြီး အလုပ်သွားလုပ်ဖို့ သွားခဲ့တာလို့ သိရတယ်” လို့ မိသားစု နဲ့ နီးစပ်သူ အမျိုးသား တယောက်က ပြောပါတယ်။ မခင်သီတာစန်းဟာ မေလ ၅ ရက်နေ့က မူဆယ်ကို ထွက်သွားခဲ့ပြီး ရက်အနည်းငယ်အကြာမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တာလို့ ဆိုပါတယ်။ “သမီးနဲ့…

Read More

မြိတ်က စက်သုံးဆီ အရောင်းဆိုင်မှာ မီးလောင်လို့ သုံးယောက်သေဆုံးပြီး တယောက်ပြင်းထန်ဒဏ်ရာရ

မေ ၁၇ ၊ ၂၀၂၆ GG (VOM) တနင်္သာရီတိုင်း ၊ မြိတ်မြို့ ၊ကလွင်စုံခေါင်းရပ်ကွက်ရှိ ဆီသိုလှောင်ဖြန့်ဖြူးရောင်းချတဲ့စက်သုံး ဆီဆိုင်မှာ မီးလောင်မှု ဖြစ်ပွားပြီး သုံးယောက်သေဆုံးကာ တယောက် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ မေ ၁၇ ရက်နေ့ မနက် ၈ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၉ နာရီ ခွဲလောက်မှသာ မီးငြိမ်းခဲ့ကြောင်းနဲ့ မီးလောင်မှုဟာ စက်သုံးဆီယာဥ်ပေါ်ကို ဆီဖြည့်ရာကနေ မီးလောင်ခဲ့တာဖြစ််လို့ ကနဦး သိရပါတယ် ။ သေဆုံးသူတွေကတော့ အမျိုးသားသုံးယောက်ဖြစ်ပြီး ဒဏ်ရာပြင်းထန် ရရှိသူကလည်း အမျိုးသားဖြစ်ကြောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံမှာကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ” အခင်းဖြစ်ရာမှာနှစ်ယောက်ဆုံးတယ်။ ဆေးရုံမှာ လူနာတယောက်ထပ်ဆုံးတယ်။ လောင်တာက ဂိုဒေါင် မဟုတ်ဘူး ။ ဆီအရောင်းဆိုင်ပါ ။ဆီလည်း သိုလှောင်တယ်။ သေတာက ဆီဘောက်ဆာကားမောင်းသမားနဲ့ ဝန်ထမ်းတယောက်…

Read More

လုံးခင်းမှာ နေအိမ်ပေါ် ဒရုန်းဗုံးပေါက်ကွဲလို့ အမျိုးသမီးသုံးယောက် သေဆုံး

မေ ၁၇ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ လုံးခင်းကျေးရွာမှာ ဒီကနေ့ မေ ၁၇ ရက်နေ့ ၊နေ့လယ် ၁၂ နာရီကျော်လောက်က ဒရုန်းဗုံး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးသုံးယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ နေအိမ်ပေါ်ကို ဒရုန်းဗုံး ကျရောက်ခဲ့တာကြောင့် မီးလောင်ခဲ့ပြီး အမျိုးသမီးတယောက်က မီးလောင်သေဆုံးပြီး ကျန်နှစ်ယောက်ကတော့ လက်နက်စထိမှန်လို့ ဆေးရုံအရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” ဒရုန်းဗုံးက အိမ်ပေါ်တည့်တည့်ကျတာ ။ လက်နက်ကျပြီး မီးလောင်တာက ၁ နာရီလောက်ကြာမှငြိမ်းနိုင်တယ်။ မီးသတ်ကားကလည်း နည်းတယ်လေ ။ မီးငြိမ်းတော့ မီးလောင်တဲ့အထဲမှာ အသက် ၂၀ အရွယ် ကောင်မလေးအလောင်းတွေ့တယ် ။ ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့သူ ဒေသခံတယောက်က…

Read More

လူပျောက်၊ ပြန်ပေးဆွဲမှုတွေ များလာတဲ့ ဗျတ္တပန်းဆက်လမ်း

မေ ၁၅ – ၂၀၂၆ SS (VOM) မန္တလေးတိုင်း၊ ညောင်ဦး – ကျောက်ပန်းတောင်းကြား ပုပ္ပား​တောင်နဲ့ ဆက်သွယ်ထားတဲ့ ဗျတ္တပန်းဆက်လမ်းပိုင်းမှာ ခရီးသွားတွေကို ပစ်မှတ်ထားပြီး ပြန်ပေးဆွဲ ငွေညှစ်ခြင်းနဲ့ လူပျောက်ဆုံးမှုတွေ များလာတဲ့အတွက် သတိထားသွားလာကြဖို့ ခရီးသွား ပြည်သူအချင်းချင်း တိုက်တွန်းနိုးဆော်မှုတွေ ရှိနေပါတယ်။ ဘုရားဖူးတွေနဲ့ ခရီးသွားတွေဟာ ပုဂံ/ညောင်ဦးဘက်ကနေ ပုပ္ပားကို သွားရောက်ရာမှာ ၁၄ မိုင်ကျော်ခန့်ရှိတဲ့ အဲဒီလမ်းပိုင်းကို အနီးဆုံး ဖြတ်လမ်းအဖြစ် အသုံးပြုနေကြတာဖြစ်ပြီး မကြာသေးမီ နှစ်တွေအတွင်း နယ်မြေဒေသ မတည်ငြိမ်မှုတွေကြောင့် သတိထား သွားလာရမယ့်လမ်းပိုင်းအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ “ပုဂံ ဗျတ္တပန်းဆက်လမ်း ကိစ္စတွေက တကယ်ကို ဆိုးဆိုးရွားရွား‌ ဖြစ်နေတာ။ ပြန်ပေးဆွဲ ငွေညှစ်ခံရရင်လည်း သိန်း ဆယ်ဂဏန်းကနေ ရာချီ၊ ငွေကြေးတတ်နိုင်တဲ့သူဆို ထောင်နဲ့ချီ တောင်းခံရတာ။ ကျွန်တော့်အသိတယောက်ဆို သိန်းထောင်ဂဏန်းပေးပြီး ပြန်လွတ်လာတာရှိတယ်။…

Read More

သူတို့အိမ် အခန်း (၁၁၅)

  ဆူးငှက် အစဉ်အလာများနှင့် မန္တလေးသင်္ကြန် ——————————— ၁၉၃၀ ဝန်းကျင်မှ စ၍ အလှပြယာဉ်များ၊ အလှပြ အက မဏ္ဍပ်များ၊ အတီးအမှုတ် အဆို အက များဖြင့် စည်ကားခဲ့သော မန္တလေးသင်္ကြန်သည် ရန်သူမျိုး၅ပါးဘေး၊ ရောဂါကပ်ဘေးတို့ကြောင့် နောက်ဆုတ် အရှိန်လျော့သည်ပဲ ရှိခဲ့သည်။ အေးချမ်းသည်နှင့် နလံထူကာ နောက်ခြေတစ်လှမ်းဆုတ်သည်နှင့် အဆမတန် ရှေ့သို့ တဟုန်ထိုး အားမာန်ချီ အောင်လံလွှင့်ခဲ့သည်။ မြန်မာပြည် နိုင်ငံရေး၏ အချိုးအကွေ့အဖြစ် လူမျိုးရေးအဓိကရုဏ်းဖြင့် လှည့်စားသော်လည်း တစ်ပြည်လုံး အတိုင်းအတာနှင့် အုံကြွခဲ့သော ၁၃၀၀ပြည့် အရေးတော်ပုံကာလ သင်္ကြန်ကိုပင် အရုပ်အလျော့မခံပဲ ဆင်နွှဲခဲ့သည်။ ၁၉၄၂ခုနှစ် ဒုတိယကမ္ဘာစစ်မီး ဟုန်းဟုန်းတောက်မှ မန္တလေးသည် မြို့လုံးကျွတ်နီးပါး အနောက်ဘက်ကမ်း စစ်ကိုင်း မင်းဝံတောင်ရိုးသို့ စစ်ခိုလှုံကြရမှ သင်္ကြန် အပျော်ကို မန္တလေးမှာ ခေတ္တခဏ ရပ်နားခဲ့ကြ၏။ ဟော.. ၁၉၄၅ခုနှစ်…

Read More

အထည်အမှာစာတွေ ရပ်ဆိုင်းသွားလို့ Wuhan Kingsrich Garment ကုမ္ပဏီ အပြီးပိတ်မယ်

မေ ၁၇ – ၂၀၂၆ SN (VOM) နိုင်ငံတကာ ဖက်ရှင်အမှတ်တံဆိပ်တွေက အထည်အမှာစာတွေ ရပ်ဆိုင်းသွားတာ၊ ကမ္ဘာ့ဝယ်လိုအား ကျဆင်းလာတာတွေကြောင့် တရုတ်အထည်ချုပ်ကုမ္ပဏီ Wuhan Kingsrich Garment ရဲ့ မြန်မာနိုင်ငံရှိ Kings Rich Fashion စက်ရုံကို လာမယ့် ဇွန်လကုန်မှာ အပြီးပိတ်သိမ်းမယ်လို့ ကြေညာထားပါတယ်။ Wuhan Kingsrich Garment Co., Ltd ဟာ ကမ္ဘာ့ထိပ်တန်း ဖက်ရှင်အမှတ်တံဆိပ်တွေအတွက် အမျိုးမျိုးသော အဝတ်အထည်တွေကို ထုတ်လုပ်တင်ပို့နေတဲ့ တရုတ်နိုင်ငံအခြေစိုက် ထိပ်တန်းအထည်ချုပ် ကုမ္ပဏီကြီးတခုဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ မြန်မာနိုင်ငံကို ဝင်ရောက်လာပြီးနောက် ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် (၂)၊ ရေပြာလမ်းမှာ Kings Rich Fashion (Myanmar) အထည်ချုပ်စက်ရုံကို တည်ထောင်ကာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေး…

Read More

သူတို့အိမ် အခန်း (၁၁၄)

ဆူးငှက် အလှကိုယ်စီ ခြယ်သကြမည် ————————————- ဆောင်းနှင်းပါးပါးလွင့်စ၊ တောင်လေပြည်ဖြူးဖြူးတွင် ရွက်ဝါတွေ ဖွေ့ဖွေ့ကြွေသည်နှင့် သင်္ကြန်ရနံ့လေးကို လှိုက်ခနဲ သတိရလိုက်ကြသည်။ အခုမှ တပေါင်းလပြည့် ကျော်ကာ ရှိသေးဟု မည်သူက ဆိုစေကာမူ ဆောင်းပုံရိပ်ထူထူတွင် နွေပုံရိပ်ပါးပါးလေး ဝင်လာကတည်းက သင်္ကြန်ရနံ့သည် လူတိုင်းရင်ထဲ တိတ်တခိုး ဝင်လာသည်ချည်းပင်။ လွန်ခဲ့သော နှစ် ၄၀၏ ရှေ့ပိုင်း နှစ်ကာလများမှာကတော့ အခုလို နွေရနံ့လေး ရလာသည်နှင့် နှစ်စဉ်ဆင်နွှဲနေကျ အသင်းကြီးများကလည်း အသင်းတည်ရာ အိမ်၌ ဖြစ်စေ၊ အသင်းတိုက်၌ ဖြစ်စေ၊ လူစုကြပြီး ဘယ်သီချင်းတွေ စပ်ကြမည်။ ဘယ်လို အလိုက်၊ ဘယ်လို အသွား၊ ဘယ်လို စာသားတွေ ရေးဖွဲ့ကြမည်။ အလှပြယာဉ်ကို ဘယ်သို့ဘယ်ပုံ ပြင်ဆင် ခြယ်သကြမည် ဆိုတာ တိုင်ပင်ကြ၏။ နှီးနှောကြ၏။ မကြာမီ မန်္တလေးမြို့၏ ရပ်ကွက်အသီးသီး၊ ဝင်းအသီးသီးမှာ…

Read More
VOM News

FREE
VIEW