နေပြည်တော် ဧပြီ ၉ – ၂၀၂၆ KKL(VOM) ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ပြည်သူကိုအကျိုးပြုဖို ရွေးကောက်ပွဲကြေငြာစာတမ်းထုတ်ပြန်ထားတဲ့အတိုင်း နှစ်အလိုက် တဆင့်ပြီးတဆင့် အောင်မြင်အောင် အကောင်အထည်ဖော်သွားမယ်လို့ဆိုတာအပြင် သမ္မတတွေနဲ့ ဝန်ကြီးတွေကို ပြည်ခိုင်ဖြိုးပါတီက ရွေးချယ်ခဲ့တာကြောင့် ပြည်သူကို လျှစ်လျှူရှုထားမှာမဟုတ်ဘူးလို့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြောခွင်ရသူ အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက VOM ကိုပြောပါတယ်။
Read MoreCategory: သတင်း
မန်းသင်္ကြန် MRCCI မဏ္ဍပ်မှာ ဖျော်ဖြေရေးနဲ့ စတုဒီသာအပြင် လုပ်ငန်းရှင်တွေက ရွှေကလစ်တွေ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်လက်ဆောင်တွေ ပေးဝေမယ်
မန္တလေး ဧပြီ ၉-၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI အသင်းကြီးက ကြီးမှူးပြီး မန္တလေးနန်းရှေ့ ၆၆လမ်း ၂၂လမ်းနဲ့ ၂၃လမ်းကြား ကျုံးဘေးမှာ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်ကျင်းပမှာဖြစ်ပါတယ်။ MRCCI မဏ္ဍပ်မှာ ရိုးရာရေကစားတာအပြင် နာမည်ကြီးအဆိုတော်တွေနဲ့ ဖျော်ဖြေပြီး သနပ်ခါးနဲ့ လက်ဖက်ကို စတုဒီသာအဖြစ်နေ့တိုင်း ဧည့်ခံမယ်လို့ ပွဲစီစဥ်သူတွေကပြောသလို ရွှေဆိုင်ပိုင်ရှင်က ရွှေကလစ်တွေမဲလက်မှတ်နဲ့ကျဲပြီး တခြားလုပ်ငန်းရှင်တွေက သူတို့ထုတ်ကုန်တွေ ဝေငှသွားမယ်လို့ ပြောပါတယ်။ မန္တလေး မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်မှာ ငလျင်ကြောင့် စိတ်ရောလူပါ ပင်ပမ်းခဲ့သမျှ ပြေပျောက်ဖို့ ရည်ရွယ်တဲ့အကြောင်းကို ကြီးမှူးကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်လတ်နဲ့ ပူးပေါင်းပါဝင်တဲ့ လုပ်ငန်းရှင်တွေက ပြောကြားထားတာကို ရှုစားနိုင်ပါပြီ။
Read Moreပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၇ ခု နဲ့ ဝန်ကြီးတွေစာရင်း ပြည်ထောင်စုလွှတ်တော်အတည်ပြု
နေပြည်တော် ဧပြီ ၉ -၂၀၂၆ KKL(VOM) ဒီနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပဥ္စမနေ့ မှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၇ ခုရဲ့အမည်စာရင်းတွကို လွှတ်တော်ကသဘောတူခဲ့ကြပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ စတဲ့ကော်မတီဖွဲ့စည်းမှု ၂ ခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တွေအဖြစ် ခန့်အပ် တာဝန်ပေးသင့်တဲ့ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ပုဂ္ဂိုလ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန် ပေးသင့်တဲ့ ပုဂ္ဂိုလ်များ ၊မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေနဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေအဖြစ် ခန့်အပ်တာဝန်ပေးသင့်တဲ့ ပုဂ္ဂိုလ်များ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတဲ့ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၇ ခုမှာပါရှိတဲ့ အမည်စာရင်းတင်ပြခဲ့ကြတာတွေကို ကန့်ကွက် အမည်စာရင်းများ တင်သွင်းတာ မရှိခဲ့ကြတဲ့အတွက်…
Read Moreအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တကယ် အလုပ်လုပ်နိုင်မှာလား
ဧပြီ ၉ – ၂၀၂၆ SN (VOM) နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူက အဆိုပြုတင်ပြထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ကန့်ကွက်သူ မရှိတာကြောင့် သဘောတူကြောင်း ဒီကနေ့ ဧပြီ ၉ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမနေ့ အစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက အတည်ပြု ကြေညာခဲ့ပါတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ကိုးယောက်အနက်မှ ဦးစိုးသိန်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ဦးကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းဇော်မိုး၊ ဒေါက်တာထွန်းထွန်းဦး၊ ဦးလွန်းပေါ်၊ ဦးကျော်စိုးညွှန့်၊ ဦးတိုးရီ၊ ဦးတင်အောင်ဝင်းနဲ့ ဦးမင်းဟန်တို့ကို အဖွဲ့ဝင်တွေအဖြစ် တာဝန်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ အဂတိ ကင်းစင်စေချင်သူ တယောက်က “အခုဖွဲ့စည်းလိုက်တဲ့ ကော်မရှင်က တကယ် အလုပ် လုပ်နိုင်မယ့်သူတွေ ပါဝင်လာတယ်လို့ ယူဆရပါတယ်။…
Read Moreကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး လျာထားတဲ့ထဲက ၂ယောက်ကို လွှတ်တော်ကိုယ်စားလှယ်တွေ သဘောမကျ
ဧပြီ ၈- ၂၀၂၆ VOM ကချင်ပြည်နယ်လွှတ်တော်မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်လျာထားခံရသူ အဆိုတင်ထားတဲ့ ဝန်ကြီးထဲမှာ စီမံကိန်း၊စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးနဲ့ သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး လျာထားသူ ၂ယောက်ကို ကချင်ပြည်နယ်လွှတ်တော်ကိုစားလှယ်တချို့က မနှစ်သက် သဘောမတူကြဘူးလို့ ကိုယ်စားလှယ်တချို့ဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့တဲ့ NDPK ပါတီက လက်ရှိကချင်ပြည်နယ် သယံဇာတဝန်ကြီးကို စီမံကိန်းစီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးလျာထားတာရယ် သယံဇာနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးအသစ် ခန့်အပ်မယ့်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ကချင်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တယောက်ပြောပြတာက ” ရွေးကောက်ပွဲမှာ ပြည်သူက ဆန္ဒမဲနဲ့ ပယ်ချထားလို့ ရှုံးနိမ့်ခဲ့သူကို ခုလို အရေးပါတဲ့ ဝန်ကြီးရာထူး ပြောင်းလဲပေးအပ်တာဟာ မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာ ရောက်တယ်လို့ ” ရှုမြင်ကြောင်းပြောပါတယ်။ ဝန်ကြီးချုပ်အဖြစ် ဦးခက်ထိန်နန်ကို နိုင်ငံတော်သမ္မတဖြစ်လျာထားခံရသူက အဆိုတင်ထားသလို ဝန်ကြီးချုပ်လျာထားခံရသူကလည်း လုံခြုံရေးနဲ့နယ်စပ်ရေးရာအတွက်…
Read Moreနှစ်ပတ်လည်စစ်ဆေးချက် မခံတဲ့ CNG ကားတွေကို ယာဥ်စာရင်းကနေပယ်ဖျက်ပြီး ဓာတ်ငွေ့ရောင်းချမှု ရပ်ဆိုင်းမယ်
ဧပြီ ၈ ၊ ၂၀၂၆ CC (VOM) နှစ်ပတ်လည် စစ်ဆေးမှု ပျက်ကွက်ပြီး သတ်မှတ်စည်းကမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နှစ်ကျော်အိုး သုံးစွဲတဲ့ CNG ကားတွေကို CNG ယာဉ်အဖြစ် ဓာတ်ငွေ့ရောင်းချမှု အပြီးတိုင် ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။ ဒါကြောင့် CNG ကားပိုင်ရှင်တွေအနေနဲ့ နှစ်ပတ်လည်စစ်ဆေးခြင်းနဲ့ ဆလင်ဒါအိုး စစ်ဆေးခံယူခြင်းကို ယခုလ ဧပြီ ၃ဝ ရက် အတွင်းမှာ CNG ဌာနကို သွားရောက်ကာ စစ်ဆေးခံယူပြီး CNG ဝယ်ယူခွင့်စာအုပ်နဲ့ ကတ်သစ်ထုတ်ယူခြင်းကို ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။ CNG ဌာနကို လာရောက်ပြီး နှစ်ပတ်လည် စစ်ဆေးမှုခံယူခြင်းမရှိတဲ့ နှစ်ပြည့်သက်တမ်း ၅ နှစ်ကျော်လွန်တဲ့ CNG ကားတွေကို လာမယ့် မေလ ၁ ရက်နေ့ကစပြီး CNG ယာဉ်စာရင်းကနေ အပြီးအပိုင်…
Read Moreတိုင်းဒေသကြီးအဆင့် ဝန်ကြီး အမည်စာရင်းတွေကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်း
မန္တလေး၊ ဧပြီ- ၇- ၂၀၂၆ SA(VOM) မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးတွေရဲ့ နာမည်စာရင်းကို ဒီကနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုမှန် အစည်းအဝေး (ဆဋ္ဌမနေ့)အခမ်းအနားမှာ တင်ပြခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် အဖြစ် ဦးလှသိန်း၊ မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဝန်ကြီးချုပ် ဒေါ်ခင်ခင်သီ တို့ကို ဦးမျိုးအောင် က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးတွေ အဖြစ် ဗိုလ်မှူးကြီး နေလင်းစိုး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေး စီမံကိန်း၊ စီးပွားေရးနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးလှကြွယ် လူမှုရေးရာဝန်ကြီး ဦးကျော်မိုးသက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှမျိုး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါ်သိင်္ဂီအောင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်အေး စည်ပင်သာယာရေးဝန်ကြီး…
Read Moreပြည်ထောင်စုအဆင့် တရားရေးကဏ္ဍအကြီးအကဲတွေနဲ့ UEC ဥက္ကဌ နဲ့အဖွဲ့ဝင် အမည်စာရင်းတင်ပြမှုပြည်ထောင်စုလွတ်တော်က အတည်ပြု
နေပြည်တော် ဧပြီ ၇ – ၂၀၂၆ KKL(VOM) ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့မှာ သမ္မတက တင်ပြထားတဲ့ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေနဲ့ခန့်အပ်မယ့်သူတွေရဲ့ အမည်စာရင်း နဲ့ ပြည်ထောင်စုကောက်ပွဲကော်မရှင် ဥက္ကဌနဲ့အဖွဲ့ဝင်တွေ အမည်တင်သွင်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့အတည်ပြုခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာနေတွနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ခဲ့တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်တွေအပေါ်၊ သမတက ပြန်လည်ရှင်းလင်းမယ့် အစီအစဥ်ကို လွှတ်တော်ဥက္ကဌဆီကိုပေးပို့ထားတဲ့အတွက် လွှတ်တော် ဥက္ကဌက ဖတ်ကြားတင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် အမည်သတ်မှတ်ချက် တွေကို လွှတ်တော်ရဲ့အဆုံးအဖြတ်နဲ့ အတည်ပြုခဲ့ပါတယ်။ လွှတ်တော်က အတည်ပြုခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေကတော့ ၁။ ဦးခင်မောင်ရီ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၂။…
Read Moreပြင်ဦးလွင်က ” မေ ” စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရ၊ ကျူးလွန်သူ တယောက်ဖမ်းမိပြီး တယောက်က ရွှေတွေနဲ့လွတ်သွား
ဧပြီ ၇ ၊၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းမပေါ်ရှိ ” မေ ” စိန်ရွှေရတနာဆိုင်မှာ ဒီကနေ့ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူထဲက တယောက်ကိုဖမ်းမိခဲ့ပေမယ့် ကျန်တယောက်ကတော့ ရွှေထည်ပစ္စည်းတွေနဲ့အတူ လွတ်သွားတယ်လို့ သိရပါတယ်။ ” မနက် ၁၁ နာရီ ခွဲကျော်လောက်မှာ သေနတ်ပြပြီး ဓားပြတိုက်တာလို့သိရတယ်။ သေနတ်နဲ့ချိန်ထားပြီး ရွှေတွေကို လုပြီး ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ ပိုင်ရှင်နဲ့ဝန်ထမ်းတွေ ဝိုင်းဖမ်းတော့ တယောက်ကို မိတယ်။ တယောက်ကတော့ ရွှေထုပ်နဲ့ ထွက်ပြေးသွားတယ်။ သေနတ်ပစ်ဖောက်တာမျိုးတော့မရှိဘူး။ ” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ် ။ လက်ရှိမှာ ရွှေဆိုင်တွင်းဝင်ရောက်ဓားပြတိုက်သူတွေထဲက အောင်ဇော်ဖြိုးဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ရွှေထည်တွေနဲ့အတူ ထွက်ပြေးသွားသူကတော့ ပြည်ကြီးတံခွန်မြိုနယ်နေ အောင်ကျော်ဦး ဆိုသူတို့ဖြစ်ကြောင်း…
Read Moreအစိုးရသစ်လက်ထက်မှာ တည်ငြိမ်အေးချမ်းရေးနဲ့ ရခိုင်ပြည်နယ်အရေး ဦးစားပေး လုပ်ဆောင်နိုင်ဖွယ်ရှိ
ဧပြီ ၈ – ၂၀၂၆ SN (VOM) အစိုးရသစ်လက်ထက်မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးပမ်းလာနိုင်သလို တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေကိုလည်း ဦးစားပေး လုပ်ဆောင်နိုင်ဖွယ် ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ “နိုင်ငံရေး အကျပ်အတည်းတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးပမ်းလာနိုင်တယ်။ နောက်တချက်က တည်ငြိမ် အေးချမ်းရေးပေါ့။ နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လာနိုင်တယ်” လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။ ဒါအပြင် ဒေသဖွံ့ဖြိုးရေးအတွက်ကိုလည်း ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင် ပြည်သူတွေ နေရပ်ပြန်နိုင်ရေးအပြင် စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို အဓိကထား လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းလာနိုင်သလို ဒေသတွင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်လာနိုင်ဖွယ်…
Read More