ပို့ကုန်ရငွေ ပြန်မသွင်းလို့ ဦးတေဇနဲ့ သားဖြစ်သူအပြင် ကုမ္ပဏီ ၂၈၇ ခုက လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်းသွင်း

ဧပြီ ၅ – ၂၀၂၆ SN (VOM) ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ မတ်လကုန်အထိ ပြည်ပကို ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ဖို့ ကျန်ရှိနေတဲ့ ကုမ္ပဏီ ၂၈၇ ခုနဲ့ လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်း (Blacklist) ထည့်သွင်းလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။ ဗဟိုဘဏ်က ထုတ်ပြန်လာတဲ့ အမည်ပျက်စာရင်းထဲမှာ ထူးထရေးဒင်းကုမ္ပဏီလည်း ပါဝင်လာတာတွေ့ရပြီး ဥက္ကဋ္ဌ ဦးတေဇနဲ့ ဒါရိုက်တာ အဖွဲ့ဝင်တွေဖြစ်တဲ့ သားဖြစ်သူ ဦးပြည့်ဖြိုးတေဇအပြင် ဦးမိုးသက်တင်၊ ဦးသီဟ၊ ဦးရာဇာထွေးတို့ကိုလည်း Blacklist ထည့်သွင်းထားပါတယ်။ ဒါနဲ့ပတ်သက်လို့ စီးပွားရေး လုပ်ငန်းရှင်တယောက်က “အလုပ် လုပ်တဲ့အခါမှာ အမှန်တကယ် အခက်အခဲ ရှိနေလို့ ပို့ကုန်ရငွေ ပြန်မဝင်နိုင်တာလည်း ရှိပါတယ်။ ဒါပေမယ့် တချို့ကျတော့လည်း…

Read More

စက်သုံးဆီသုံး ယာဥ်အို ယာဥ်ဟောင်း အပ်နှံပြီး EVကားတင်သွင်းခွင့်ပြုမယ်ဆိုတာ တကယ်လုပ်မယ်ဆိုရင် မူဝါဒ​တွေလိုအပ်

ဧပြီ ၂ ၊ ၂၀၂၆ CC (VOM) စက်သုံးဆီသုံး ယာဥ်အို ယာဥ်ဟောင်းတွေကို အပ်နှံပြီး EVကားတင်သွင်းခွင့်ပြုမယ်ဆိုတဲ့ ယာယီသမ္မတက ​ဆွေး​နွေးပွဲတခုမှာ ​​ဆွေး​နွေး​ပြောကြားတာနဲ့ ပတ်သက်ပြီး ကား​လောကမှာဂယက်​တွေထ​နေပါတယ်။ ဒီ​ပြောဆိုချက်အပြင် တိကျတဲ့ မူဝါဒ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ပြောဆိုပါတယ်။ ” ဘယ်လို ခွင့်ပြုမယ် ၊ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လမ်းညွန်ချက် လာမှ မော်ဒယ်အလိုက် ဘယ်လို သတ်မှတ်မလဲ၊ ကားအမျိုးအစားအလိုက် ဘယ်လိုသတ်မှတ်မလဲ ၊ကားတန်ဖိုးအလိုက် ဘယ်လိုသတ်မှတ်မလဲ ၊ရန်ကုန်လိုင်စင်/ နယ်လိုင်စင် ဘယ်လိုသတ်မှတ်မလဲ ၊ ကားသွင်းခွင့်ကို စလစ်ကပ်ပြီး ပုဂ္ဂလိက တဦးချင်း ကိုယ်သွင်းချင်တဲ့ EV ကားကို ပေးမှာလား ။လက်ရှိ ကုမ္မဏီတွေကပဲ ဝယ်ရမှာလား။ နိုင်ငံခြားငွေလွဲကို ဘယ်လို စနစ်နဲ့ခွင့်ပြုမှာလဲ ။ ခွင့်ပြုတဲ့ အပေါ်လိုက်ပြီး ဘယ်လိုလုပ်ရမယ် ၊ဘယ်လိုသွင်းခွင့်ရမယ်…

Read More

ဒီ​နေ့ပြန်ဖွင့်တဲ့ မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီးမှာ ကား​​​သေးတွေ အတားအဆီး အစစ်ဆေးမရှိ

ဧပြီ ၂ ၊ ၂၀၂၆ GG (VOM) နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီးကို ဒီနေ့ ဧပြီ ၂ ရက်နေ့မနက်ပိုင်းကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာ ဆိုင်ကယ် နဲ့ အိမ်စီးကား ၊ လူစီးခရီးသည်တင်ကားတွေကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ကုန်ကားတွေကိုတော့ သွားလာခွင့်မပြုသေးဘူးလို့ သိရပါတယ် ။ ဒီကနေ့မနက် အာရှလမ်းမကြီးကနေ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသွား ပြည်သူတယောက်က ” အာရှလမ်းဖွင့်ပါပြီ။ အားလုံးအေးအေးဆေးဆေးပါပဲ ။ပုံမှန်လိုပဲ သွားလာနေကြပါတယ်။ ဆိုင်ကယ်တွေလည်း သွားနေကြတယ်။ အိမ်စီးကားတွေ ၊ ခရီးသည်တင်ကား တွေတော်တော်လေးတွေ့ရတယ်။ ကုန်ကားတွေကတော့ ပေးမဖြတ်ပါဘူး။ သွင်းကုန်လိုင်စင်မှချမပေးသေးတာ ။ အမှတ်၂တံတားကလည်းမဖွင့်သေးဘူးလေ။ အခုက ကုန်ကားတွေက တောလမ်းကပဲသွားလို့ရတာ…

Read More

ကြက်သွန်နီစျေးကျလို့ တောင်သူတွေ အရှုံးနဲ့ကြုံရပြန်

မတ် ၃၁ ၊ ၂၀၂၆ GG (VOM) တောင်သူရောင်းစျေး ကြက်သွန်နီ တပိဿာကို ၁၀၀၀ ကျပ်အောက်အထိ ကျဆင်းနေတဲ့အတွက် ကြက်သွန်စိုက်တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်နေကြရပြန်တယ်လို့ စုံစမ်းသိရှိ ရပါတယ်။ နယ်မြေတည်ငြိမ်မှုမရှိတဲ့ဒေသတွေ ၊ မြို့နဲ့ အလှမ်းဝေးတဲ့ကျေးရွာဘက်တွေမှာ ကြက်သွန်စျေးပိုပြီးကျနေတာဖြစ်ကြောင်း ၊ နွေကြက်သွန် တပိဿာကိုမှ ၉၀၀ ကျပ်မှ ၁၀၀၀ ကျပ်သာရှိပြီး မိုးကြက်သွန်ကတော့ အဲဒီစျေးထက်ပိုပြီး နည်းတယ်လို့ သိရပါတယ်။ ကြက်သွန်စျေးနူန်းကျဆင်းတဲ့အပြင် ဝယ်လိုအားလည်းနည်းတာကြောင့် လက်ရှိကျေးရွာဘက်တွေမှာ ပွဲစားအဆင်းနည်းပြီး အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ” အကုန်စျေးတက်နေတဲ့အချိန် တောင်သူစိုက်တဲ့သီးနှံတွေပဲ စျေးကျနေတော့ တမင်များလုပ်နေသလားလို့တောင် ထင်မိတယ်။ အခု အရောင်းအဝယ်အေးနေတယ်။ ၉၀၀ ဆိုတာ အကြီးအသေးအရော ဂျွန်ပေါ့။ နယ်မြေအခြေအနေမကောင်းတော့ တောင်သူက မလှောင်နိုင်ဘူး ရတဲ့စျေးနဲ့ရောင်းရတော့ ရောင်းအားကများပြီး စျေးကျတာလဲပါမယ်ထင်တယ်။၉၀၀ ၊ ၁၀၀၀ စျေးဆိုတာ…

Read More

စက်သုံးဆီအခက်အခဲက မှီခိုမှုအများဆုံး ကဏ္ဍတွေမှာ သက်ရောက်မှု ကြီးလာနိုင်

မတ် ၂၇ – ၂၀၂၆ SN (VOM) လက်ရှိ ပြည်တွင်းမှာ စက်သုံးဆီရရှိမှု အခက်အခဲတွေ ပိုမိုဆိုးရွားလာနေပြီး ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်လျက်ရှိတာကြောင့် စက်သုံးဆီကို မှီခိုမှုအများဆုံး ကဏ္ဍတွေမှာ Domino effect ဖြစ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး ‌(ဘောဂဗေဒ) က ပြောပါတယ်။ “Domino effect ဆိုတာက တိုင်တလုံး လဲပြီဆိုတာနဲ့ အကုန်လုံး လဲသွားတာလေ။ အဲဒီလိုမျိုး ဖြစ်လာလိမ့်မယ်။ ဒါက ဒီနိုင်ငံတခုပဲ ဖြစ်တာမဟုတ်ပါဘူး။ ဆီကို မှီခိုနေရတဲ့ နိုင်ငံတိုင်းမှာ ဒီလိုပဲ ဖြစ်မှာပါ။ ဒါပေမယ့် ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာက ဒီနေရာမှာ အစိုးရရဲ့ အရည်အချင်းကို ထုတ်ဖော်ရမှာပါ။ ဒါကြီးကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာက အရေးကြီးတာ” လို့ ဦးသန်းစိုး ‌(ဘောဂဗေဒ) က ပြောပါတယ်။ လက်ရှိ…

Read More

စားအုန်းဆီ စျေး ၁၅၀၀၀ ဖြစ်လာတဲ့အပြင် ဝယ်မရတဲ့အထိဖြစ်နေပြီး မြေပဲဆီလည်း စျေးနူန်းမြင့်တက်ကာ လိုသလောက်မရ ဖြစ်နေ

မတ် ၂၃ ၊ ၂၀၂၆ GG (VOM) ပြည်ပကတင်သွင်းရတဲ့ စားအုန်းဆီစျေးမြင့်တက်ပြီး ဝယ်ယူရခက်လာသလို ပြည်တွင်းထွက် မြေပဲဆီစျေးနူန်းလည်း မြင့်တက်လာကာ ပစ္စည်းကို ထိန်းပြီး ရောင်းနေရတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ စုံစမ်းသိရှိ ရပါတယ်။ လက်ရှိ ပြည်တွင်းစားဆီစျေးကွက်မှာ နေရာဒေသအပေါ်လိုက်ပြီး စားအုန်းဆီစျေးနူန်းက တပိဿာကို ၁၂၅၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ စျေးပေါက်နေတဲ့အပြင် ဝယ်ယူရခက်ခဲတဲ့ အခြေအနေတွေပါ ဖြစ်နေတယ်လို့ သိရပါတယ်။ အလားတူ မြေပဲဆီကလည်း တပိဿာကို ၁၉၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်အထိ စျေးပေါက်နေပြီး ဆီကြိတ်ခွဲနိုင်မှု နည်းတဲ့အတွက် စျေးကွက်အတွင်း ဆီကိုထိန်းပြီးရောင်းနေရတယ်လို့ သိရပါတယ်။ ” စားအုန်းဆီက လိုချင်သလောက်မရဘူးဖြစ်နေတယ်။ စျေးကလည်း တက်နေတယ်။.စျေးတက်ပြီးဝယ်လို့ရရင် အလုပ်ဖြစ်သေးတယ်။ စျေးတက်ပြီးဝယ်မရတော့ အဆင်မပြေဘူး ။ ဒီကြားထဲ လိမ်တဲ့သူတွေကရှိသေးတယ်။ မြေပဲဆီကလည်း စျေးတွေဆက်တိုက်တက်လာတယ်။ မြေပဲဆံကြိတ်ခွဲနိုင်မှာ…

Read More

ရွှေဈေး ကျပ် သိန်း ၁၀၀ အောက် ပြန်ရောက်ပြီ

မတ် ၂၃ – ၂၀၂၆ SS (VOM) ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းမှုနဲ့အတူ ပြည်တွင်းရွှေဈေးလည်း လိုက်ပါ ကျဆင်းနေတာမှာ ဒီကနေ့ မတ် ၂၅ ရက်၊ မနက်ပိုင်းမှာတော့ ကျပ် သိန်း ၁၀၀ အောက်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်တယ်လို့ ဈေးကွက်အတွင်းက စုံစမ်း သိရှိရပါတယ်။ ကမ္ဘာ့ရွှေဈေးဟာ ပြီးခဲ့တဲ့ မတ် ၁၈ ရက်၊ မနက်ပိုင်းမှစတင်ကာ တအောင်စ ၄၉၉၆ ဒေါ်လာဝန်းကျင်နဲ့ ၅၀၀၀ အောက်ကို ပြန်လည် ကျဆင်းလာတာဖြစ်ပြီး ခြောက်ရက်အတွင်း ဒေါ်လာ ၆၀၀ ကျော် အကျရှိခဲ့တာကို တွေ့ရပါတယ်။ အဲဒီလိုပဲ ပြည်တွင်း ရွှေဈေးလည်း ကျဆင်းလာတာမှာ ခြောက်ရက်အတွင်း ကျပ် ကိုးသိန်းကျော်ဝန်းကျင် အကျရှိထားကာ ဒီကနေ့မှာတော့ အခေါက်ရွှေ တကျပ်သား ကျပ် ကိုးဆယ့်ကိုးသိန်း သုံးသောင်းဝန်းကျင်ကို…

Read More

လယ်ယာစိုက်ပျိုးရေးနဲ့ ဆန်စက်တွေ လည်ပတ်နိုင်ဖို့ ဒီဇယ်တပီပါကို ကျပ်သိန်း ၂၀ ကျော်အထိ စျေးပေးဝယ်ယူနေရ

မတ် ၂၂ ၊ ၂၀၂၆ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ဆန်စက်လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့အတွက် ဒီဇယ်တပီပါကို ငွေကျပ် သိန်း ၂၀ ကျော်အထိ စျေးပေးဝယ်ယူနေကြရတယ်လို့ စုံစမ်းသိရှိရပါတယ်။ စက်သုံးဆီ အရောင်းဆိုင်တွေမှာ တန်းစီဝယ်ယူတဲ့အခါ ကားတစီးကို ၃၀၀၀၀ ကျပ် ၊ ၅၀၀၀၀ ကျပ်ဖိုးအထိသာ ရောင်းချပေးပြီး စိုက်ပျိုးရေးကဏ္ဍ အတွက် တရားဝင်ဆီခွဲတမ်းမရရှိတာကြောင့် ပြင်ပမှောင်ခိုပေါက်စျေးကွက်ပေါ်လာပြီး နေရာဒေသအလိုက် တပီပါကို အနည်းဆုံး ၁၆ သိန်းကနေ ၂၁ သိန်းလောက်အထိ စျေးပေးဝယ်ယူနေကြရတာဖြစ်ပါတယ် ။ ” ဒီဘက်မှာ သိန်း၂၀ ကျော်အထိပေါက်နေတယ်။ သူတို့က ပေါ်တင်ရောင်းတာတော့မဟုတ်ဘူး ။ကျွန်တော်တို့က ဆီရောင်းတဲ့သူကို ဆက်သွယ်ရတာပေါ့။ ဒါတောင်သိပ်အများကြီးမရဘူး ။ပီပါတလုံးစ နှစ်လုံးစပဲရတယ်။ လက်သိပ်ထိုးရောင်းကြတာ ။ ဒီဇယ်တွေ စျေးကြီးပေးဝယ်ရတော့ လယ်စက်မောင်းခတွေလည်း တက်မှာပဲ ။ စပါးရိတ်ခတွေလည်းတက်မှာပဲ ။ ” လို့ရန်ကုန်တိုင်းက…

Read More

မတ်ပဲနဲ့ ပဲစဥ်းငုံကို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်အပေါ် အိန္ဒိယက သက်တမ်း ငါးနှစ်ထပ်တိုးခွင့်ပြုလို့ အလားအလာ​ကောင်းနိုင်

မတ် ၂၂ ၊ ၂၀၂၆ GG ( VOM) အိန္ဒိယကို မြန်မာမတ်ပဲ နဲ့ ပဲစဥ်းငုံ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်သက်တမ်းကုန်ဆုံးတော့မယ့် အပေါ် အိန္ဒိယ အစိုးရ​က နောက်ထပ်သက်တမ်း ငါးနှစ်တိုးပေးလိုက်တယ်လို့ ကုန်သည်တွေဆီက စုံစမ်းသိရှိရပါတယ်။ ပဲတင်ပို့ခွင် သက်တမ်းထပ်မံတိုးပေးတဲ့အပြင် ပဲစဥ်းငုံကို တန်ချိန် နှစ်သိန်းအထိ တိုးမြှင့်တင်ပို့ခွင့်ပြုလိုက်ပြီး မတ်ပဲကတော့ အရင် MOU ရေးထိုးထားတဲ့ အတိုင်း တန်ချိန် ၂.၅ သိန်း တင်ပို့ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ မတ်ပဲ နဲ့ ပဲစဥ်းငုံက အခွန်ကင်းလွတ်ခွင့်နဲ့ အိန္ဒိယကို တင်ပို့ခွင့်သက်တမ်းမှာ ဒီလ မတ် ၃၁ ရက်မှာ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေက သက်တမ်းထပ်တိုးနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ် ။ ”…

Read More

ဝက်လက်နယ် အရှေ့ခြမ်း မင်းကုန်းရွာအနီး တိုက်ပွဲပြင်းထန်နေ

မတ် ၂၂ – ၂၀၂၆ SN (VOM) စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက မင်းကုန်းရွာအနီးမှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဝက်လက်နယ်က သစ်ဆိမ့်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ အစိုးရစစ်ကြောင်းဟာ အမှတ် (၁၂) ခြေမြန်တပ်ရင်း (ကျောက်မြောင်း) တပ်ကနေ အင်အား ထပ်မံ ဖြည့်တင်းပြီး အနီးဝန်းကျင်ရှိ ကျေးရွာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “တိုက်ပွဲကာလက အခုဆို သုံးလကျော် ကြာလာပြီ။ ဒီကာလအတွင်းမှာ အစိုးရတပ်ဘက်က သစ်ဆိမ့်၊ ရေကမိုး၊ ထုံးဘိုကျေးရွာတဝိုက် အင်အားဖြန့်ထားပြီး အထိုင်ချထားနိုင်ပြီ။ အနီးဝန်းကျင်တဝိုက်ကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်။ ဒီနေ့အထိဆို ‌‌ရေဖြူလမ်းဆုံနဲ့ ရေချိုအိုင်ရွာကို အစိုးရတပ် ရောက်လာပြီ။ မင်းကုန်းရွာနားမှာ တိုက်ပွဲ ဆက်ဖြစ်နေတယ်” လို့…

Read More
VOM News

FREE
VIEW