ပြင်ဦးလွင်က ” မေ ” စိန်ရွှေရတနာဆိုင် ဓားပြတိုက်ခံရ၊ ကျူးလွန်သူ တယောက်ဖမ်းမိပြီး တယောက်က ရွှေတွေနဲ့လွတ်သွား

ဧပြီ ၇ ၊၂၀၂၆ GG (VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ ချယ်ရီလမ်းမပေါ်ရှိ ” မေ ” စိန်ရွှေရတနာဆိုင်မှာ ဒီကနေ့ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ဓားပြတိုက်သူထဲက တယောက်ကိုဖမ်းမိခဲ့ပေမယ့် ကျန်တယောက်ကတော့ ရွှေထည်ပစ္စည်းတွေနဲ့အတူ လွတ်သွားတယ်လို့ သိရပါတယ်။ ” မနက် ၁၁ နာရီ ခွဲကျော်လောက်မှာ သေနတ်ပြပြီး ဓားပြတိုက်တာလို့သိရတယ်။ သေနတ်နဲ့ချိန်ထားပြီး ရွှေတွေကို လုပြီး ထွက်ပြေးဖို့လုပ်တဲ့အချိန်မှာ ပိုင်ရှင်နဲ့ဝန်ထမ်းတွေ ဝိုင်းဖမ်းတော့ တယောက်ကို မိတယ်။ တယောက်ကတော့ ရွှေထုပ်နဲ့ ထွက်ပြေးသွားတယ်။ သေနတ်ပစ်ဖောက်တာမျိုးတော့မရှိဘူး။ ” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ် ။ လက်ရှိမှာ ရွှေဆိုင်တွင်းဝင်ရောက်ဓားပြတိုက်သူတွေထဲက အောင်ဇော်ဖြိုးဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး ရွှေထည်တွေနဲ့အတူ ထွက်ပြေးသွားသူကတော့ ပြည်ကြီးတံခွန်မြိုနယ်နေ အောင်ကျော်ဦး ဆိုသူတို့ဖြစ်ကြောင်း…

Read More

ဝပြည်နယ် ၊ပန်ဆမ်းမြို့က ယမ်းသိုလှောင်စက်ရုံပေါက်ကွဲလို့ လူအများအပြားသေဆုံး

ဧပြီ ၈ ၊ ၂၀၂၆ GG (VOM) “ဝ” UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆန်းမြို့၊ ယောင်ပန်ရွာအနီးရှိ ယမ်းသိုလှောင်စက်ရုံပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ ရာနဲ့ချီရှိနိုင်တယ်လို့ ကနဦးသတင်းတွေအရ စုံစမ်းသိရှိ ရပါတယ်။ မနေ့က ဧပြီ ၇ ရက်နေ့ ၊ညနေ ၃နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ ပေါက်ကွဲမှုအတွင်းမှာ လူပေါင်း ၁၆၀ လောက်အထိ သေဆုံးမှုရှိနိုင်ကြောင်း သတင်းတွေထွက်နေပြီး VOM အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး ။ ” ယမ်းသိုလှောင်ရုံပေါက်ကွဲမှုမှာက လူ ၁၆၀ လောက်​သေတယ်လို့ အဲဒီဘက်က သတင်းရတယ်။ သေချာတော့ မပြောနိုင်သေးဘူး ။ ပြောတာတော့ အဲဒီထက်လည်းပိုနိုင်တယ် သိရတယ်။ အခုအဲဒီနေရာမှာဝတပ်ဖွဲ့တွေက လုံခြုံရေးယူထားတယ် ။ ” လို့ ပန်ဆမ်းဒေသခံနဲ့ အဆက်သွယ်ရှိသူ တယောက်က ပြောပါတယ်။ အဆိုပါ ယမ်းသိုလှောင်စက်ရုံပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဝ…

Read More

မြစ်ကြီးနားက စက်သုံးဆီသိုလှောင်တဲ့ဂိုဒေါင်မီးလောင်ပြီး ဆီကားတချို့လည်းမီးလောင်ခဲ့

ဧပြီ ၈ ၊ ၂၀၂၆ GG (VOM) ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ ၁ မှာရှိတဲ့ စက်သုံးဆီ သိုလှောင်တဲ့ဂိုဒေါင်မှာ မီးလောင်မှုဖြစ်ပွားပြီး ရပ်ထားတဲ့ ဆီဘောက်ဆာကားသုံးစီးလောက်လည်း မီးလောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ ဧပြီ ၈ ရက်နေ့ ၊ ၈ နာရီ ၃၅ မိနစ်လောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး စက်သုံးဆီ သိုလှောင်တဲ့နေရာ ဖြစ်တာကြောင့် မီးလောင်အားပြင်းပြီး မီးလောင်ချိန်လည်း ကြာမြင့်ခဲ့တဲ့အတွက် ၂ နာရီကျော်လောက်အထိ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ် ။ ” ကရိန်နော်အပန်းဖြေစခန်းနားက ဆီသိုလှောင်ရုံပါ။ရပ်ထားတဲ့ကားသုံးစီးလောက်လည်း မီးလောင်သွားတယ်။ ဆီ ပေပါတွေလည်းမီးလောင်တယ်။ မီးကများတော့ တော်တော်လေးငြှိမ်းယူရတယ်။ ဘေးအိမ်တွေတော့ မီးမကူးဘူး ။ မီးဟပ်တဲ့ကားတွေလည်းရှိတယ်။ ” လို့ မြေပြင်ရောက်ရှိခဲ့တဲ့ ဒေသခံကပြောပါတယ်။ ရပ်နားထားတဲ့ ဆီဘောက်ဆာကနေ ကားတိုင်ကီထဲကို…

Read More

ဟုမ္မလင်းမှာ စက်သုံးဆီတင်စက်လှေမီးလောင်မှုမှာ ခြောက်ယောက်လောက် သေဆုံးမှုရှိနေပြီး တရက်ကြာတဲ့အထိ မီးမငြိမ်းနိုင်သေး

မတ်လ ၃၀ ၊ ၂၀၂၆ GG (VOM) စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ရှိ ခိုပဲဝဆိပ်ကမ်းမှာ စက်သုံးဆီတင်ဆောင်လာတဲ့ စက်လှေသုံးစီးမီးလောင်မှု ဖြစ်ပွားပြီး ခြောက်ယောက်သေဆုံးမှု ရှိနေတယ်လို့ ကနဦးသတင်းအရ စုံစမ်းသိရှိ ရပါတယ်။ မနေ့က မတ် ၂၉ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ စက်လှေတွေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ စက်သုံးဆီတင်စက်လှေတစီးကတော့ ဒီနေ့ မတ် ၃၀ ရက်နေ့ ညနေအထိလည်း မီးလောင်နေဆဲဖြစ်တယ်လို့ သိရပါတယ် ။ ” ခုညနေ ၅ နာရီ ၃၆ မိနစ်အထိတော့မီးကငြိမ်းမရသေးဘူး။ အသိထဲကတော့ခြောက် ယောက်လောက်ရှိတယ်ပါသွားတယ်။ အလောင်းတော့မရသေးဘူး ။ နောက်ဆုံးရတဲ့အလောင်း ကတော့ ပုံပျက်ပီးအရိုးကြီးပဲကျန်တော့ ဘယ်သူမှန်းမသိရတော့ဘူး။စက်လှေက စက်သုံးဆီတွေတင်တဲ့ ရေယာဥ်ပါ ။သူကမှ ဘေးစက်လှေကို ကူးတာ ။ စက်လှေနှစ်စီးကတော့ မီးငြိမ်းပြီး ဘေးလွတ်ရာကို…

Read More

ညောင်ခါးရှည်အနီး ယာဥ်တိုက်မှုဖြစ်ပြီး သားအဖနှစ်ယောက်အပါအဝင် သုံးယောက်နေရာမှာပဲသေဆုံးခဲ့

မတ် ၃၀ ၊ ၂၀၂၆ GG (VOM) ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ညောင်ခါးရှည်အနီးမှာ မတ် ၂၉ ရက်နေ့ ည ၇ နာရီခွဲလောက်က ယာဥ်တိုက်မှုဖြစ်ပြီး သုံးယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ ညောင်ခါးရှည်အနီးရပ်ထားတဲ့ ၁၂ ဘီးကားကို Taxi အငှားယာဥ်က နောက်ကနေ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိပြီး ကားပေါ်ပါသူ သုံး​​ယောက်လုံး နေရာမှာပဲ သေဆုံးခဲ့ရတာဖြစ်ကြောင်း ၊ သေဆုံးသူတွေက သားအဖနှစ်ယောက်နဲ့ အမျိုးသမီးတယောက်တို့ ဖြစ်တယ်လို့ သိရပါတယ် ။ ” ၁၂ ဘီးကားက ထင်းတွေသယ်လာတာ။ အဲဒီကားကို လားရာတူ taxi က နောက်ကနေ ဝင်တိုက်တာ ။ သေတာ taxi ပေါ်ကပါ။ ။ယာဥ်မောင်းအမျိုးသားနဲ့…

Read More

ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပြစ်ဒဏ်အမြင့်ဆုံး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်

မတ် ၁၉ – ၂၀၂၆ SN (VOM) ရွှေလုပ်ငန်းရှင် သုံးယောက်ကို ပန်းဘဲတန်းမြို့နယ် တရားရုံးက ဒီကနေ့ မတ် ၁၉ ရက်၊ မနက် ၁၀ နာရီခွဲဝန်းကျင်က အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ် ကျပ် ငါးသိန်း ချမှတ်ခဲ့တယ်လို့ ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန် သတ္တု (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့ကို ဒီကနေ့မှာ ပြစ်ဒဏ်တွေ အသီးသီး ချမှတ်ခဲ့တာဖြစ်ပြီး သတ္ထုတွင်း ဥပဒေအသစ်ဖြစ်တဲ့ အရေးကြီးကုန်စည် ဝန်ဆောင်မှု ဥပဒေပုဒ်မ – ၅…

Read More

မန္တလေးက KBZ ဘဏ်ခွဲတခုမှာ သိန်း ၂၃၀၀ ကျော် ဓါးပြတိုက်ခံရ

မန္တလေး၊ မတ်- ၁၃- ၂၀၂၆ VOICE OF MYANMAR မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇ ရပ်ကွက်၊ ၁၃၃ လမ်းနဲ့ ၁၃၄ လမ်းကြား ၇၈ လမ်း ရန်ကုန် – မန္တလေးလမ်းဟောင်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ၄၂ (စက်မှုပန်းခြံဘဏ်ခွဲ) ဓားပြတိုက်ခံရမှုမှာ ငွေသား ၂၃၉၂၀၅၀၀၀ ကျပ် ပါသွားတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ Scoopy အနက်ရောင်ဆိုင်ကယ် (နံပါတ်မမှတ်မိ) အမျိုးသား (၂)ဦးဟာ ဆိုင်ကယ်ဦးထုပ် အနက်ဆောင်းထားပြီး အင်္ကျီလက်ရှည်များ ဝတ်ဆင်ကာ သေနတ်အတို(၁)လက်၊ ဓားရှည် (၁)ချောင်း ကိုင်ဆောင်ပြီး ဘဏ်အတွင်းဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီ​နောက်ကောင်တာက​နေ (၂၃၉၂၀၅၀၀၀) ကျပ် ကို ယူဆောင်ပြီး ၃ နာရီ ၂၁ မိနစ်မှာ ၇၈ လမ်း ရန်ကုန် -မန္တလေး လမ်းဟောင်းအတိုင်း…

Read More

ရန်ပွဲကို ဖြေရှင်းပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ခံရပြီး တုတ်နဲ့ပါရိုက်ခံရလို့ နှစ်ယောက်သေဆုံး၊ နှစ်ယောက်ဒဏ်ရာရရှိခဲ့

မတ် ၁၀ ၊ ၂၀၂၆ CC (VOM) ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာ ၊ ရွှေပေါက်ကံမြို့သစ်၊(၁၂)ရပ်ကွက် ၊ပုဂံလမ်းမကြီး(၁၂)စျေးထိပ်မှာ ရန်ဖြစ်တာကို ဝင်ရောက်ဖြေရှင်းပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ကားနဲ့တိုက်ခံရတဲ့အပြင် ရိုက်နှက်ခံရတာကြောင့် နှစ်ယောက်သေဆုံးပြီး နှစ်ယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၉ ရက်နေ့ညက (၁၂)စျေးထိပ်မှာ ရန်ဖြစ်နေတဲ့အဖွဲ့ကို ရဲတပ်ဖွဲ့ဝင်လေးယောက်က ဝင်ရောက်ဖြန်ဖြေပြီး ဖြေရှင်းပေးစဥ် ရန်ဖြစ်တဲ့အဖွဲ့ထဲက လူတချို့က ရဲတပ်ဖွဲ့ဝင်တွေကို ကားနဲ့ ဝင်တိုက်ခဲ့တဲ့အပြင် သံတုတ်တွေနဲ့ပါ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ​ ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ညကဆေးရုံပို့လိုက်တယ် ။ အဲထဲက နှစ်ယောက်က ဒီမနက်ဆုံးသွားတယ် ။ ရဲတွေကို တိုက်တာက မြတ်ကိုကိုဆိုတဲ့သူလို့ သိရတယ်။ တုတ်နဲ့ဝင်ရိုက်တာက သူ့မိသားစုဝင်တွေလို့တော့ ပြောတယ်။ အခုစစ်နေတယ်။ ” လို့ လုံခြုံရေး တပ်ဖွဲ့နဲ့နီးစပ်သူက…

Read More

နမ့်ဖတ်ကာမှာ အိမ်မီးလောင်ပြီး မြေးအဖွားနှစ်ယောက်မီးလောင်သေဆုံးခဲ့ရ

မတ် ၉ ၊ ၂၀၂၆ GG (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်ခရိုင် ၊ နမ့်ဖတ်ကာမြို့၊ ၆ ရပ်ကွက်မှာ နေအိမ်မီးလောင်မှုဖြစ်ပွားပြီး မြေးအဖွားနှစ်ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။ မနေ့က မတ် ၈ ရက်နေ့ည ၉ နာရီလောက်မှာ နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ၊ မီးလောင်မှုကို အချိန်မီ ငြိမ်းသတ်နိုင်ခြင်း မရှိခဲ့တဲ့အတွက် နေအိမ်တခုလုံးမီးလောင်ကျွမ်းပြီး အဖွားဖြစ်သူနဲ့ မြေးဖြစ်သူတို့ မီးလောင်သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ” ကလေးက ဖယောင်းတိုင်ထွန်းတာမှာ ဓာတ်ဆီပုံးပေါ်ကျပြီး မီးလောင်တာလို့ သိရတယ်။ မီးသတ်ကားက အချိန်မီမရောက်တော့ မီးကမငြိမ်းနိုင်ဘဲ မြေးအဖွားနှစ်​ယောက်လည်း မီးလောင်သေသွားတာ ။ အိမ်လည်း အကုန်လုံးလောင်သွားတယ်။ ဓာတ်ဆီကနေလောင်တော့ မီးကပိုမြန်သွားတာ။ ဒီမှာက အဖွဲ့အစည်းတွေကအုပ်ချုပ်တော့ မီးသတ်ကလည်း သူတို့ကိုင်တာလေ ။ပတ်ဝန်းကျင်ကလည်း.ဝိုင်းငြိမ်းပေမယ့် မီးအားကပြင်းတော့…

Read More

တာမွေမှာ ရဲအယောင်ဆောင်ပြီး ရွှေဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှုဖြစ်

မတ် ၈ – ၂၀၂၆ SS (VOM) ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ဒီကနေ့ မတ် ၈ ရက်၊ မနက်ပိုင်းက ရဲအယောင်ဆောင်ထားသူ တယောက် ရွှေဆိုင်တဆိုင်အတွင်း ဝင်ရောက်လုယက်ရန် ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ အောင်မင်္ဂလာလမ်းထိပ်၊ ယုဇနအိမ်ရာ၊ တိုက် (၀၀၈) A1ရှိ “ချိန်ကင်း” ရတနာရွှေဆိုင်မှာ ဒီကနေ့ မနက် ၉ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ရဲအယောင်ဆောင်ထားသူက သူဟာ တာမွေစခန်းက ဒုရဲအုပ် အောင်ဘိုဘိုဖြစ်ပြီး ချိန်ကင်း ရွှေဆိုင်မှာ ရွှေအတုတွေ ရောင်းချနေတာကို သိရှိရတဲ့အတွက် ဖမ်းဆီး အရေးယူဖို့ ရောက်လာတာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတယောက်က ပြောပါတယ်။ “သူက ဆိုင်ဝန်ထမ်း အမျိုးသမီးတယောက်ကို…

Read More
VOM News

FREE
VIEW