မီးရထားလက်မှတ်ကို ORTP စနစ်နဲ့ ဝယ်ယူရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေ

ဧပြီ ၅ – ၂၀၂၆ SS (VOM) မြန်မာ့မီးရထား လက်မှတ်ကို ORTP (Online Railways Ticketing & Payment) စနစ်နဲ့ ဝယ်ယူရာမှာ အခက်အခဲတွေ ဖြစ်ပေါ်နေပြီး ငွေပေးချေပြီးပေမယ့် လက်မှတ် မရရှိတာတွေ ဖြစ်ပေါ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီ ၅ ရက်၊ မနက်အစောပိုင်း ၁၂ နာရီဝန်းကျင်မှ စတင်ကာ သင်္ကြန်ကာလ ရုံးပိတ်ရက်တွေအတွက် ခရီးသွားလာဖို့ ORTP စနစ်အတွင်း ဝင်ရောက်ပြီး ရထားလက်မှတ်ဝယ်ယူသူ အလွန်များပြားခဲ့တာကြောင့် စနစ် Delay ဖြစ်ခြင်းနဲ့ ငွေပေးချေမှု အောင်မြင်ပေမယ့် e-ticket လက်ခံမရရှိမှုတွေ များစွာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ “ပထမအကြိမ် ထိုင်ခုံရွေးတော့ အောင်မြင်ပြီး ငွေပေးချေတဲ့အခါကြတော့ ငွေပေးချေမှု မအောင်မြင်ပါဆိုပြီး ပြတယ်။ ဒါပေမယ့် Kpay ထဲနေ…

Read More

သင်္ကြန်ရုံးပိတ်ရက်မှာ အထူးရထားပြေးဆွဲပြီး အကြိုကနေ အတက်နေ့အထိကိုတော့ မြို့ပတ်ရထားအပါ ရထားတချို့ ရပ်ထားမယ်

ဧပြီ ၂ ၊ ၂၀၂၆ GG (VOM) သင်္ကြန်ရုံးပိတ်ရက်မှာ ခရီးသွားပြည်သူနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာ ခရီးသွား လာနိုင်ရန်အတွက် အထူးရထား တိုးချဲ့ပြေးဆွဲပေးမှာဖြစ် ပြီး သင်္ကြန်ကာလဖြစ်တဲ့ ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အတွင်းမှာတော့ ရထားခရီးစဥ် တချို့ကို ရပ်နားထားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား ဌာနမှသိရပါတယ်။ အထူးရထားက ရန်ကုန်-နေပြည်တော်-ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန် နဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန်ကို တိုးချဲ့ပြေးဆွဲ ပေးသွားမှာဖြစ်ပြီး လက်မှတ်ခ နှုန်းထားနဲ့ ရပ်တန့်မယ့် ဘူတာတွေကတော့ နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေတဲ့ ရထားခရီးစဥ်တွေ အတိုင်းဖြစ်တယ်လို့ သိရပါတယ်။ ရထားလက်မှတ်ခကို သတ်မှတ်နူန်းထားထက်ပိုပေးပြီး ဝယ်ယူရတဲ့ကိစ္စတွေကြုံရပါက သက်ဆိုင်ရာ မီးရထားဌာနတာဝန်ရှိသူတွေကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ် ။ ” လက်မှတ်ခတွေက ပုံမှန်နူန်းထားပါပဲ။ဘယ်နေရာမှာဖြစ်လဲ ၊ ဘာတွေဖြစ်လဲ ၊တိုင်ကြားနိုင်ပါတယ်ဆိုတဲ့ ဖုန်းနံပါတ် ရှိတယ်။ကိုယ်တို့ဆီတက်လာတယ်ဆိုရင် ဖြေရှင်းပေးမှာပါ။…

Read More

ဒီ​နေ့ပြန်ဖွင့်တဲ့ မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီးမှာ ကား​​​သေးတွေ အတားအဆီး အစစ်ဆေးမရှိ

ဧပြီ ၂ ၊ ၂၀၂၆ GG (VOM) နှစ်နှစ်ကျော်ကြာ ပိတ်ထားတဲ့ ထိုင်း – မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် – ဘားအံ အာရှလမ်းမကြီးကို ဒီနေ့ ဧပြီ ၂ ရက်နေ့မနက်ပိုင်းကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။ လက်ရှိမှာ ဆိုင်ကယ် နဲ့ အိမ်စီးကား ၊ လူစီးခရီးသည်တင်ကားတွေကို ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ကုန်ကားတွေကိုတော့ သွားလာခွင့်မပြုသေးဘူးလို့ သိရပါတယ် ။ ဒီကနေ့မနက် အာရှလမ်းမကြီးကနေ ဖြတ်သန်းသွားလာခဲ့တဲ့ ခရီးသွား ပြည်သူတယောက်က ” အာရှလမ်းဖွင့်ပါပြီ။ အားလုံးအေးအေးဆေးဆေးပါပဲ ။ပုံမှန်လိုပဲ သွားလာနေကြပါတယ်။ ဆိုင်ကယ်တွေလည်း သွားနေကြတယ်။ အိမ်စီးကားတွေ ၊ ခရီးသည်တင်ကား တွေတော်တော်လေးတွေ့ရတယ်။ ကုန်ကားတွေကတော့ ပေးမဖြတ်ပါဘူး။ သွင်းကုန်လိုင်စင်မှချမပေးသေးတာ ။ အမှတ်၂တံတားကလည်းမဖွင့်သေးဘူးလေ။ အခုက ကုန်ကားတွေက တောလမ်းကပဲသွားလို့ရတာ…

Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီး မနက်ဖြန် ပြန်ဖွင့်မယ်

ဧပြီ ၁ ၊ ၂၀၂၆ GG (VOM) ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကရင်ပြည်နယ် ၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြဝတီ – ကော့ကရိတ်အာရှလမ်းဖွင့်ပွဲကို မနက်ဖြန် မနက် ၈ နာရီမှာ ဘားအံမြို့နယ် ၊ လွန်းညရေပြာအိုင်အနီး၊ တံတားဦးကျေးရွာ၊ ဘားအံ – ကော့ကရိတ်လမ်းမပေါ်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ထွက်ပေါ်နေတဲ့ အမိန့်ညွှန်ကြားစာအရ သိရပါတယ်။ အာရှလမ်းမကြီးကို အစိုးရတပ်က ထိန်းချုပ်ခဲ့ပြီး ခုနှစ်လနီးပါးအကြာမှာ လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပြီး သွားလာခွင့်ပြုဖို့ လုပ်လာတာ ဖြစ်ပါတယ် ။ ” လိုင်းပေါ်မှာစာထွက်နေတာတော့တွေ့တယ်။ အခြေအနေကတော့ မနက်ဖြန်မှပဲ သေချာသိရမှာ။ တကယ်ဆိုဖွင့်ပွဲက မြဝတီမှာလုပ်ရမှာကို အခုက လွန်းညရေပြာအိုင်ဘက်မှာလုပ်မယ်ဆိုတော့ လေ။ အခုက…

Read More

EV လျှပ်စစ်ကားတွေ လမ်းအသုံးပြုခ ​ပေးရမယ်

ဧပြီ ၁ ၊ ၂၀၂၆ GG (VOM) EV လျှပ်စစ်ကားတွေကို ဒီကနေ့ ဧပြီလ ၁ ရက်ကစပြီး လမ်း ၊တံတား အသုံးပြုခ စတင်ကောက်ခံမှာ ဖြစ်တယ်လို့ အမြန်လမ်းမကြီထိန်းသိမ်း ပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ အသိပေးချက်အရ သိရပါတယ်။ EV ကားတွေအနေနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးကို ဖြတ်သန်းအသုံးပြုပါက အမြန်လမ်းအသုံးပြုခ ကောက်ခံနှုန်းထားများအတိုင်း ကောက်ခံမှာဖြစ်သလို တခြားလမ်း ပိုင်းတွေမှာ ဖြတ်သန်းအသုံးပြုပါက ယာဉ်အမျိုးအစား ၂၂ မျိုးအတိုင်း ကောက်ခံမယ့် နှုန်းနဲ့ အကျုံးဝင်တဲ့ ယာဉ်တွေရဲ့ ကောက်ခံနှုန်းထားအတိုင်း ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။ ခုလို EV ကားတွေကို လမ်းတံတားကြေးကောက်မယ့်အပေါ် EV ကားပိုင်ရှင်တယောက်က ” EV တွေလည်း ထိုက်သလောက်ရောင်းနေရပြီ ၊ ဝယ်နေကြပြီဆိုတော့ လမ်းကြေးစကောက်တဲ့သဘောပဲ ။ အစကတော့ ဘာလမ်းကြေးမှ မကောက်ဘဲ…

Read More

YBS ဆီကားတွေ ခေါက်ရေအပြည့် ပြေးဆွဲနိုင်ရေး ညအချိန် သီးသန့် ဆီဖြည့်ပေးဖို့ စီစဉ်နေ

မတ် ၂၇ ၊ ၂၀၂၆ SS (VOM) လက်ရှိ ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ YBS ဆီကားတွေ ခေါက်ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေးအတွက် ညအချိန် သီးသန့် ဆီဖြည့်ပေးသွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။ ဒီဇယ်အသုံးပြု YBS ယာဉ်တွေအတွက် တရက်ကို ဒီဇယ် လီတာ ၂၀၊ တန်းစီ ဝယ်ယူနေရခြင်းမှ ညစဉ်ညတိုင်း လီတာ ၄၀ ဆီဖြည့်ပေးနိုင်အောင် စီစဉ်နေတာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြထားပြီးဖြစ်ကာ လာမယ့် ရက်သတ္တပတ်အတွင်း အကောင်အထည် ဖော်နိုင်အောင် ဆောင်ရွက်နေတယ်လို့ ဦးလျန်ကျင့်မာန်က ပြောပါတယ်။ “ဒါအတွက် ရန်ကုန်တိုင်း အစိုးရအဖွဲ့က သီးခြား လုပ်ပေးမှာပါ။ ကျွန်တော်တို့က ၄၂၃ စီး စာရင်းပေးထားတယ်။…

Read More

သင်္ကြန်အတွက် ကားလက်မှတ်တွေရောင်းနေပေမယ့် ဆီပြတ်ပါက ငွေပြန်အမ်းမယ်လို့ ယာဥ်လိုင်းတချို့က အသိပေးမှုရှိလာ

မတ် ၂၁ ၊ ၂၀၂၆ CC (VOM) သင်္ကြန်ကာလအတွက် အဝေးပြေးကားလက်မှတ်တွေကို ကြိုတင်ရောင်းချပေးနေပေမယ့် စက်သုံးဆီအခက်အခဲကြောင့် ဆီပြတ်သွားပါက ငွေပြန်အမ်းမှာဖြစ်ကြောင်း ခရီးသည်တင်ယာဥ်လိုင်းတချို့က စာနဲ့တကွ အသိပေးမှုတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။ ယာဥ်လိုင်းတွေဘက်က အဲဒီလို အသိပေးလာတဲ့အတွက် သင်္ကြန်ကာလအတွင်း ခရီးသွားကြမယ့်သူတွေ နဲ့ နေရပ်ကို အလည်ပြန်ကြမယ့်သူတွေမှာ သင်္ကြန်ကာလအနီး ကားလက်မှတ်စျေးထပ်မံ မြင့်တက်ခြင်း နဲ့ ကားမထွက်တဲ့ ကိစ္စတွေ ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ ” နယူးသီရိရတနာကားက လက်မှတ်ဖြတ်ရင် အဲဒီဆီပြတ်ရင်ငွေပြန်အမ်းမယ်ဆိုတဲ့ စာကိုပါ တပါတည်းတွဲ အသိပေးထားတယ်။ ခရီးသည်က လက်ခံနိုင်ရင် ကြိုဖြတ်လို့ရတယ်ပေါ့ ။မတတ်နိုင်ဘူးလေ။ အနားနီးမှ ဘာဖြစ်မလဲမသိပေမယ့် လက်မှတ်ကတော့ ကြိုဖြတ်ရမှာပဲ။အနားနီးမှရဖို့က မသေချာဘူး ။ သင်္ကြန်ဆိုရင် နှစ်တိုင်း လက်မှတ်ကဝယ်မရဖြစ်ပြီး စျေးကလည်းတက်နေကြဆိုတော့ ခုနှစ်ပိုစိုးရိမ်တာပေါ့ ။ လက်မှတ်ဖြတ်ထားပေမယ့်လည်း စျေးထပ်ပိုပေးရမလား ၊ အနားနီးမှ…

Read More

ခွင့်ပြန်လုပ်သားတွေ ပြည်ပပြန်ထွက်ဖို့ အခက်ကြုံနေရ

မတ် ၂၁ – ၂၀၂၆ SN (VOM) ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ရှိပေမယ့် ပြည်ပပြန်လည် ထွက်ခွာဖို့အတွက် အလုပ်သမား ဝန်ကြီးဌာနထံ ခွင့်ပြုချက် တောင်းခံရာမှာ အမျိုးမျိုးသော အခက်ခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ခွင့်ပြန် အလုပ်သမားတွေက ပြောပါတယ်။ OWIC ထုတ်ယူပြီး ပြည်ပထွက်ခွာဖို့ လေယာဉ်လက်မှတ် ဝယ်ယူပြီးပါက ပြည်ပထွက်ခွာခွင့်ကို အနည်းဆုံး ရုံးဖွင့်ရက် ငါးရက် (ရုံးပိတ်ရက်မပါ) ကြိုတင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ပြည်ပကို ထွက်ခွာနိုင်မှာ ဖြစ်တယ်လို့ အလုပ်သမား ဝန်ကြီးဌာနက အသိပေးထားတာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ခွင့်ပြန် အလုပ်သမားတယောက်က “အခုဖြစ်နေတဲ့ ပြဿနာက သူတို့ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန် ခွင့်ပြုပေးမယ်ဆိုတာ အတိအကျ မသိရတာဘဲ။ ဖြစ်သင့်တာက ခွင့်ပြုချက်တောင်းခံပြီး ဘယ်နှစ်ရက်အတွင်း ဆိုတာမျိုး ဖြစ်သင့်တာ။ လေယာဉ်လက်မှတ်…

Read More

လေယာဥ်ဆီအခက်အခဲကြောင့် ခုရက်ပိုင်းပြေးဆွဲမယ့် ပြည်တွင်းလေကြောင်းခရီးစဥ်အများစု ဖျက်သိမ်း

မတ် ၂၁ ၊ ၂၀၂၆ GG (VOM) ပြည်တွင်းလေကြောင်းလိုင်းတွေကဒီရက်ပိုင်းအတွင်းပြေးဆွဲမယ့် ပြည်တွင်း လေကြောင်းခရီးစဉ်တချို့ကို ယာယီဖျက်သိမ်းလိုက်တယ်လို့ လေကြောင်းလိုင်းနဲ့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေဆီက စုံစမ်းသိရှိရပါတယ်။ လတ်တလောကြုံတွေ့နေရတဲ့ လေယာဉ်ဆီ အခက်အခဲကြောင့် ပြည်တွင်းပြေးဆွဲနေတဲ့ ခရီးစဉ်တချို့ကို မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ၊ MAI ၊ Mingalar Airline တွေက ပြည်တွင်းခရီးစဉ်အများစုကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ ဒီကနေ့ မတ် ၂၁ ရက်နေ့ကစပြီး ၂၆ ရက်နေ့အထိ ပြေးဆွဲမယ့် ပြည်တွင်းခရီးစဉ်အများစုကို ရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” မြန်မာအမျိုးသားလေကြောင်းက ဒီနေ့နဲ့ မနက်ဖြန် ခရီးစဉ်တွေ cancel လို့ပြောတယ်။ MAI ကေတာ့ ဒီနေ့ကစပြီး ၂၆ ရက်အထိလို့သိရတယ်။ Air Thanlwin ကတော့စာမထုတ်သေးဘူး ။…

Read More

ဆီအခက်အခဲကြောင့် သင်္ကြန်ကြိုတင်လက်မှတ်​​တွေကို မတ်လကုန်ပြီးမှ ရောင်းချဖို့ ညှိနှိုင်းထား

နေပြည်တော် မတ် ၂၂ -၂၀၂၆ နေပြည်တော် မြို့မစျေးက ကားဂိတ်​တွေမှာ သင်္ကြန်အိတ်ရက် ကြိုတင်လက်မှတ်တွေကို ဆီစျေးအတက်အကျအခြေအနေကိုကြည့်ပြီး မတ်လကုန်မှ ရောင်းချကြမယ်လို့ ကားဂိတ်တွေက ညှိနှိုင်းထားကြတယ်လို့ သိရပါတယ်။ “ဟုတ်ပါတယ် ကျွန်တော်တို့ မြို့မစျေးတောင်ဖက်အခြမ်းမှာရှိတဲ့ ကားဂိတ်တွေအကုန်လုံး အခုလကုန်မှ ရောင်းဖို့ညှိနှိုင်းထားပါတယ် ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့က ဆီစျေးအတက်အကျပေါ်ကိုကြည့်ပြီးရောင်းရမှာပါ အကယ်၍ ကြိုတင်ရောင်းချပြီးမှ ဆီစျေးထပ်ပြီးတက်သွားရင် ခရီးသည်တွေဆီက ထပ်တောင်းဖို့ ခက်ခဲမယ့်အတွက် အခုလို ညှိနှိုင်းထားတာပါ လကုန်ရက်လောက်မှရောင်းတော့ ဆီစျေးကိုလည်း ကြိုတင်ခန့်မှန်းတွက်ချက်လို့ရမယ့်အပြင် အတက်စျေးဖက်ကို ကြိုခန့်မှန်းပြီး ဘယ်ခရီးစဥ်ကို ဘယ်လောက်နှုန်းနဲ့ရောင်းချရမယ်ဆိုတာ အနီးစပ်ဆုံး ကျွန်တော်တို့တွက်ချက်လို့ရမယ်ပေါ့ အဲ့ဒါကြောင့် အခုလို ကားဂိတ်တွေညှိနှိုင်းထားတာဖြစ်ပါတယ်” လို့ မြမြင့်မိုရ်ဂိတ်က ကိုကျော်စိုးက ပြောပြပါတယ်။ မြိုမစျေးက စည်တော်ကြီး ကားဂိတ်ကတော့ ကြိုတင်ရောင်းချထားတဲ့ လက်မှတ်တွေအတွက် ဆီအခက်အခဲအတွက် ကြိုတင်ခန့်မှန်းလို့မရတဲ့အတွက် သူတို့ဂိတ်က ရောင်းထားတဲ့ လက်မှတ်တွေအတွက် ကြိုတင်ဝယ်ယူထားကြတဲ့ခရီးသည်တွေကို လက်မှတ်ဖိုး…

Read More
VOM News

FREE
VIEW