လက်ကိုင်ဖုန်း အိမ်သာကျင်းထဲပြုတ်ကျ၍ ဆင်းကောက်ရာမှ ကျောင်းသားလေးဦးသေဆုံး

နတ်မောက်၊ အောက်တိုဘာ ၁၇၊ ၂၀၁၈

တာရာ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်​ ရွှေပန်းတောကျေးရွာအုပ်စု ဈေးကုန်းရွာမှာ လက်​ကိုင်​ဖုန်း အိမ်​သာကျင်းထဲပြုတ်​ကျသွား၍ ဆင်းဆယ်​ရာက ကျောင်းသားလေးဦ သေဆုံးမှု ဖြစ်ပွားခဲ့​တယ်လို့ ရွှေပန်းတော နယ်မြေရဲစခန်းက သိရပါတယ်။

နတ်မောက်မြို့နယ်​ ရွှေပန်းတောကျေးရွာအုပ်စု ဈေးကုန်းရွာမှာရှိတဲ့ ”ပညာဥယျာဉ်” ဘာသာရပ် ပညာသင်တန်းကျောင်းက ကျောင်းဆရာတစ်ဦးရဲ့ လက်ကိုင်ဖုန်း၊ အိမ်​သာကျင်းထဲပြုတ်​ကျသွားတာကို ဘော်ဒါနေ ကျောင်းသားလေးဦးက သူတို့ သဘောဆန္ဒအလျှောက် ဆင်းကောက်ရာကနေ အသက်ရှုကြပ်သေ ဆုံးသွားခဲ့ဖြစ်ကြောင်း ရွှေပန်းတော နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်လှဝင်းက ပြောပါတယ်။

“ဆရာတစ်ယောက်ကနေ အိမ်သာကျင်းထဲ ဖုန်းကျ သွားတယ်လို့ ပြောလိုက်တယ်။အဲမှာ ကလေးတွေက သူတို့ သဘောနဲ့ သူတို့ ဆင်းဆယ်တာပေါ့ ကျောင်းဆရာလည်း မကောက်ခိုင်းဘူး။ တစ်ယောက်က ဆင်း ၊နောက်တစ်ယောက်လည်း ဆင်းဆယ် လှေကားလည်း မရှိဘူး ဒီအတိုင်း ဆင်းတာ၊ နောက်နှစ်ယောက်ကျ လှေကားထောင် ဆင်းပြီး ဟိုနှစ်ယောက်ကို ဘယ်လိုမှ ဆွဲတင်လို့ မရတာနဲ့ သူ့တို့ပါ အဲထဲပြန်ကျသွားတယ်။ အဲလို ဖြစ်နေတာကို သိတော့ ကျန်တဲ့ ကျောင်းသားတစ်ယောက်က နှာခေါင်းပိတ်စည်းပြီး ဆင်းတယ်။ တစ်ယောက်ခြင်း ကြိုးချည်ပြီး  အပေါ်က ကျောင်းသားတွေက ဝိုင်းဆွဲပြီး အပြင်ကို ထုတ်တယ်၊အပေါ်ရောက်တော့ သတိမရတော့ဘူး ဆေးရုံပို့တော့ အသက်မရှိတော့ဘူး”လို့ ရဲကပြောပါတယ်။

သေဆုံးသူတွေဟာ  ဇေယျာမင်းချစ် (၁၀)တန်း ၊ဟိန်းထက်စံ (၁၀)တန်း၊ သန်းတိုးအောင် (၉)တန်း နှင့် ထက်မင်းရှိန် (၈)တန်း ကျောင်းသား တို့ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေပန်းတော နယ်မြေရဲစခန်းက  သေမှု​သေခင်းအမှတ်​စဉ်​ ၃/ ၂၀၁၈ ဖြင့်​ အမှုဖွင့်​ ဆောင်​ရွက်​ထားပါတယ်။

ဟုမ္မလင်းမြို့နယ်​ ထိန်ကင်းအုပ်စု ဆန်​ကျိန်း​ကျေးရွာမှာလည်း လက်​ကိုင်​ဖုန်း အိမ်​သာကျင်းထဲပြုတ်​ကျ၍ ဆင်းဆယ်​ရာမှ အမျိုးသား​လေးဦး​သေဆုံးရတဲ့ အလားတူဖြစ်ရပ်တခု စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပါသေးတယ်။

(ဓာတ်ပုံ – Facebook)

Related posts

Leave a Comment

VOM News

FREE
VIEW