၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ

ရွေးကောက်ပွဲကော်မရှင်တွေက အချက်လက်မပြည့်စုံသေးလို့ မကြေညာသေးပေမယ့် Voice Of Myanmar က စုံစမ်းထားတဲ့ အောက်ခြေပါတီတွေရဲ့ ကနဦးသတင်းပေးပို့ချက် နောက်ဆုံး အခြေအနေအရတော့

 ပြည်သူ့လွှတ်တော် အတွက် လစ်လပ်နေရာတွေဖြစ်တဲ့

ချင်းပြည်နယ် ကန်ပက်လက်မှာ လက်ရှိအခြေအနေရ အန်အယ်ဒီပါတီက မသွေမကွာ ဦးဆောင်နေသလို ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက ကပ်လိုက်နေပါတယ်။ ဆက်သွယ်ရေးမကောင်းတဲ့ရွာတွေက မဲလက်မှတ်တွေ ကျန်နေပါသေးတယ်။

မန္တလေးတိုင်းမြင်းခြံအခြေအနေကတော့ အန်အယ်လ်ဒီ အောက်ခြေပါတီဝင်တွေရဲ့ ပေးပို့ချက်တွေအရ အန်အယ်လ်ဒီက အပြတ်အသတ်အသာရသွားပါတယ်။

ရန်ကုန်တိုင်း တာမွေမှာလည်း ထိုနည်း၎င်းပါဘဲ အန်အယ်လ်ဒီအနိုင်ရဖို့ရှိပါတယ်။

ရှမ်းပြည်နယ် လဲချားမှာတော့ ကျားခေါင်းပါတီက အသာစီးရပြီး အောင်ပွဲခံနေတာတွေကို မြင်တွေ့ရပါတယ်။

 

ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမှတ် ၂ နေရာ မြစ်ကြီးနား မဲဆန္ဒနယ်မှာတော့

 

ပြည်ခိုင်ဖြိုးပါတီက အန်အယ်လ်ဒီနဲ့ ကချင်ဒီမိုကရက်တစ်ပါတီ ( KDP) တွေရဲ့ မဲရလာဒ်ထက် ၅ထောင်အသာစီးရနေပါတယ်။

 

တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေအတွက်မှာတော့

 

ရန်ကုန်ဆိပ်ကမ်းမှား ပြည်ခိုင်ဖြိုးပါတီက အောင်ပွဲခံသွားတာကိုတွေ့နေရပါတယ်။

မန္တလေးတိုင်း သပိတ်ကျင်းမှာတော့ မတင်မကျဖြစ်နေရာကနေ မန္တလေးတိုင်း အန်အယ်လ်ဒီပါတီကနေ အနိုင်ရလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးတိုင်းရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာလည်း ထိုနည်း၎င်း အန်အယ်လ်ဒီပါတီ နိုင်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း တမူးမှာတော့  ပြည်ခိုင်ဖြိုးပါတီက အပြုံးပန်းဆင်ပြီး အောင်ပွဲခံနေတာတွေ့ရပါတယ်။

ပဲခူးတိုင်း အုတ်တွင်းမှာတော့ အန်အယ်လ်ဒီက အပြတ်သတ်နိုင်တယ်ဆိုပြီး ခေါင်းမော့ ရင်ကော့နေပါပြီ

မကွေးတိုင်း မင်းဘူးမှာတော့ မကွေးဟာ ပြည်ခိုင်ဖြိုးကင်းမဲ့ဇုံလို့ ကြုံးဝါးနေတာကြောင့် ပြည်ခိုင်ဖြိုးဟာ မကွေးလွှတ်တော်ထဲ ခြေချနိုင်ဖို့ မမြင်သေးပါဘူး

ချင်းပြည်နယ် မတူပီမှာတော့ အရေးကြီးသွေးနီးမှဆိုသလို ချင်းဒီမိုကရေစီအဖွဲ့ချုပ်က လက်မထောင်သွားပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မှာတော့ မဲမနိုင်ရင် နိုင်ငံရေး ဘယ်တော့မှ မလုပ်တော့ဘူးဆိုတဲ့ တသီး ပုဂ္ဂလကိုယ်စားလှယ်က အောင်ပွဲခံနေပါတယ်။

 

ခုတင်ပြတဲ့အခြေအနေဟာ အောက်ခြေကလာတဲ့ သတင်းတွေအရဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ကြော်ငြာမှအတည်ဖြစ်မှာပါ။

VOM

Related posts

Leave a Comment

VOM News

FREE
VIEW