မုန်းစွဲဇာတ်ကားမှာ ပါဝင်တဲ့ ညီဖြစ်သူ မင်းသွေးအကြောင်း ပြောလာတဲ့ နေတိုး

 

ရန်ကုန် နိုဝင်ဘာ ၁၀ ၂၀၁၈
သင်းသဒ္ဒါ (VOM)

ဆရာတော်အရှင်ဆန္ဒာဓိကရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် တရားတော် “အသေလှတဲ့သူ” တရားတော်ကို ပုံဖော်ရိုက်ထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း စတဲ့ အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာကတော့ မင်းသွေးလည်းပါပါတယ်။

ညီဖြစ်သူ မင်းသွေးနဲ့ ပတ်သက်ပြီးတော့ နေတိုးက ” ကျွန်တော်အတွက် ကြီးမားတဲ့ အမှတ် တရ ကတော့ မင်းသွေးမရှိတော့တာပါပဲ။ ဒီဇာတ်ကားကို ပြန်ပြီးလည်း မကြည့်ခဲ့ရဘူး။အကြိမ် ကြိမ်ပြန်ကြည့်ဖို့ ချိန်းခဲ့ပေမယ့် ကျွန်တော်ပဲ ကြည့်ခွင့်ရခဲ့ပါတယ်။ သူ့အနေနဲ့ ကြည့်ဖို့ ကံမပါလာခဲ့ဘူးပေါ့။သူ့ ဒီ ဇာတ်ကားကို အ ရမ်းလည်း ကြိုးစားထားတယ်။ကျွန်တော်ထက်တောင် စိတ်နှစ်ပြီး ကြိုးစားခဲ့တယ်။သူ့ ဘ၀အတွက်လည်း တကယ်အမှတ်တရတွေဖြစ်ခဲ့ပါတယ်။သေခြင်းတရားပေါ်မှာ သူကိုယ်တိုင်အစွဲဖြတ်နိုင်အောင် အသိတရားနဲ့ လမ်းပြပေးခဲ့တယ်လို့ ကျွန်တော်မြင်ပါတယ်”ဟု ပြောပါတယ်။

ဒီဇာတ်ကားကတော့ ၁၉၅၉ခုနှစ်ဝန်းကျင်က ရွာတစ်ရွာတွင် နေထိုင်ကြတဲ့ ဖိုးအောင်၊ထူးဇော်၊ထူးေ မာ်၊မသဲအုံ နဲ့ ကြာဥတို့ရဲ့ ပုထုစဉ်လူသားများပီပီ ချစ်ခြင်းမုန်းခြင်းများ သန္ဓေတည်ရာမှ ဖြစ်ပေါ်ခဲ့သည့် အမုန်း အာဃာတများက၊ နောက်ဘဝဆက်သည့် တိုင်ပါခဲ့ကြပြီး ၊မုန်းစွဲမကျွတ်နိုင်တဲ့ အခြေအနေအကြောင်းကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

#voiceofmyanmar #နေတိုး #မင်းသွေး #အသေလှတဲ့သူ #မုန်းစွဲ

Related posts

Leave a Comment

VOM News

FREE
VIEW