ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ အပစ်ရပ်တဲ့ ဆုံးဖြတ်ချက်ကြောင့် အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးမှ နှုတ်ထွက်

 

ဂျေရုဆလင်၊ နိုဝင်ဘာ-၁၅

မျိုးဆက် (VOM)

လွန်ခဲ့တဲ့နှစ်ရက်က အပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးနောက်မှာ ပါလက်စတိုင်းစစ်သွေးကြွတွေနဲ့ အပစ်အခတ်ရပ်စဲရန် လက်ခံလိုက်တဲ့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့်  အစ္စရေးကာကွယ်ရေးဝန်ကြီး ရာထူးကနေ နှုတ်ထွက်လိုက်ပါတယ်။

ဒီလို စစ်သွေးကြွတွေနဲ့ အပစ်အခတ်ရပ်စဲဖို့  သဘောတူလိုက်တာဟာ အကြမ်းဖက်ဝါဒကို လက်နက်ချ အရှုံးပေးလိုက်ခြင်း အဖြစ် နှုတ်ထွက်လိုက်တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး အဘစ်ဒေါလိဘာမာ ရှုတ်ချပြောဆိုလိုက်ပါတယ်။

လက်ယာယိမ်း ယီစရေးဘေတီနူပါတီလည်း အစ္စရေး ညွှန့်ပေါင်းအစိုးရအဖွဲ့ကနေ  နှုတ်ထွက် သွားမှာဖြစ်တယ်လို့ ၎င်းက ပြောဆိုလိုက်ပြီး အစ္စရေးရွေးကောက်ပွဲလည်း အချိန်စောပြီး ကျင်းပနိုင်ဖွယ်ရှိပါတယ်။

နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တွေက အစ္စရေးကိုဦးတည်ပြီး ဒုံးကျည် အစင်း ၄၆၀နဲ့ ပါလက်စတိုင်းစစ်သွေးကြွများက ပစ်ခတ်တိုက်ခိုက်တာကြောင့် လူ ရှစ်ဦးသေဆုံးခဲ့ပြီး ဂါဇာရှိ စစ်သွေးကြွ ပစ်မှတ် ၁၆၀ ကိုလည်း အစ္စရေးလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဘာတိုက်ခိုက်မှုမှာ မရှိတဲ့အတွက် အစ္စရေးတောင်ပိုင်းရှိ စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို နိုဝင်ဘာ ၁၄ ရက်မှာ ပြန်လည်ဖွင့်လှစ် လည်ပတ်နေသည်။ ဒါပေမယ့် နယ်စပ်မှာ လက်ပစ်ဗုံးနဲ့ အစ္စရေး-ဂါဇာနယ်စပ်ကို ချိုးဖျက်ဖို့ ကြိုးစားတဲ့ ပါလက်စတိုင်းအမျိုးသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ဖမ်းဆီးထားကြောင်း အစ္စရေးစစ်ဘက်က ပြောဆိုပါတယ်။

Ref: BBC

Photo Reuter

#voiceofmyanmar #အစ္စရေးကာကွယ်ရေးဝန်ကြီးနုတ်ထွက်

Related posts

Leave a Comment

VOM News

FREE
VIEW