အချစ်ကြီးပေမယ့် လက်လွှတ်လိုက်ပြီဆိုရင် ဘယ်တော့မှ ပြန်မကြည့်ဘူးဆိုတဲ့ ရွှေအိမ်စည်

ရန်ကုန် နိုဝင်ဘာ ၁၇ – ၂၀၁၈
သင်းသဒ္ဒါ(VOM)

အလှမယ် လောကမှတဆင့် သရုပ်ဆောင်လောကထဲကိုပါ ရောက်ရှိလာတဲ့ သရုပ်ဆောင် ရွှေအိမ် စည်ကတော့ “ အိမ်စည်က အချစ်ကြီးတဲ့ သူတစ်ယောက်ဆိုပေမဲ့ ကိုယ်အပေါ်တစ်ခုခု အမှားလုပ်မိလို့ပဲ ဖြစ်ဖြစ် ကိုယ့်အပေါ်မှာ မကောင်းဘူးဆိုရင် လုံးဝမလှည်ကြည့်တော့ဘူး။ ကိုယ့်ဆီ ဘယ်လောက်ဘဲ တောင်းပန်ပန် လုံးဝ သူစိမ်းတစ်ယောက်လို ဖြစ်သွားရော။ အချစ်ကြီးတယ်ဆိုတာကလည်း အတိုင်းအတာ တစ်ခုထိ ပါ ဘဲ”လို့ ဆိုလာပါတယ်။

 

သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးထားတဲ့ အပြင် နိုဝင်ဘာ ၁၉ ရက်မှာ ရန်ကုန်မြို့ ကတော့ ထွက်ခွာပြီးတော့ ပိုလန်နိုင်ငံမှာ ကျင်းပမယ့် Miss Supranational International 2018 ပြိုင်ပွဲ ကြီးမှာ ၀င်ရောက် ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

“အိမ်စည်က ဘယ်လိုမိန်းကလေးမျိုးလဲဆိုရင် မိန်းကလေးမဆန်တတ်တဲ့ မိန်းကလေးပေါ့။ ဒါပေမဲ့ အချစ်ကြီးတယ် ။ ကိုယ်ရဲ့ ချစ်သူမှမဟုတ်ဘူး။ ဘေးနားက သူငယ်ချင်းတွေ မိသားစုဝင်တွေကိုလည်း ချစ် တယ်။ မခင်ဘူးလို့ ဆိုလို့ရှိရင်လည်းတမျိုး ခင်ပြီဆိုလို့ရှိရင်လည်း အဲဒီလူရဲ့ အကျင့်လူမူဆက်ဆံရေးကို ကြိုက်သွားပြီဆိုလို့ ရှိရင် တစ်ဘ၀လုံးစာပေါ့။ ဘယ်လောက်ဘဲ မှားနေပါစေပေါ့။ သူဖက်ကနေပြီး အမှန်ဘဲ မြင်ပေးတယ်။ ဖြည့်ပြီးတော့ တွေးပေးတတ်တဲ့အထဲမှာ ပါတယ်။ပြီးတော့ လူတယောက်ကို လွယ်လွယ်နဲ့ လည်း လက်မလွှတ်နိုင်ဘူး အဲအထဲမှာပါတယ်”လို့ မိမိကိုယ် ပြန်လည်သုံးသပ်ထားပါတယ်။

ဓာတ်ပုံ – ရွှေအိမ်စည် facebook
#voiceofmyanmar #ရွှေအိမ်စည်

Related posts

Leave a Comment

VOM News

FREE
VIEW