အိမ်ထောင်ပြုဖို့အတွက် အဆင်သင့်ဖြစ်အောင် ကိုယ်ကိုကိုယ် ပြုပြင်ပြောင်းလဲနေတယ်ဆိုတဲ့ အေးမြတ်သူ

 

ရန်ကုန် နိုဝင်ဘာ ၁၇ – ၂၀၁၈
သင်းသဒ္ဒါ (VOM)

ပါးချိုင့်လေးနဲ့ ပရိသတ်ကို ဆွဲဆောင်ခဲ့တဲ့ အချစ်တော် အပျိုကြီး သရုပ်ဆောင် အေးမြတ်သူကတော့ “အိမ်ထောင်ပြုဖို့ အတွက်ကတော့ ဘာမှမစီစဉ်ရသေးပါဘူး။ ကိုယ့်ကိုကိုတော့ အမြဲတမ်း အိမ် ထောင်ပြု ဖို့အတွက် အဆင့်သင့်ဖြစ်အောင် မိမိကိုယ်ကို ပြုပြင်ပြောင်းလဲနေပါတယ်”လို့ ဆိုလာပါတယ်။

အေးမြတ်သူကတော့ ဒါနသာသနာအလှူတွေလည်း ပြုလုပ်နေပြီးတော့ နိုဝင်ဘာ ၁၈ ရက်မှာ ကန်တော့ပေးမိတ်ဆက်မယ့် ဒါရိုက်တာ စတီးလ် ရိုက် ကူးမယ့် ကျားနှင့် ဆင် ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း နေတိုး၊နေထက်လင်း၊ထွန်းထွန်း၊ဇင်ဝိုင်း နဲ့ ရွှေသမီးတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ဖို့လည်း ရှိပါတယ်။

အိမ်ထောင်ပြုမယ်ဆိုရင်ရော အေးမြတ်သူက “လက်ရှိမှာတော့ အေးမြတ်သူ အပျိုကြီးတော့ မလုပ် ချင်ပါဘူးရှင့် ။ အေးမြတ်သူသည် အိမ်ထောင်ရှင်မကောင်း တစ်ယောက်လည်း ဖြစ်ချင်ပါသေးတယ်။ ဘဝမှာ အိမ်ထောင်ပြုရင် မိဘတွေကိုထားခဲ့ရမှာ ဖြစ်တဲ့အတွက် အဲဒီအတွက်တော့ ကိုယ့်ကို ကိုပြင်ဆင်နေပါတယ်။ ၃၅နှစ်မှ ယူမယ်ဆိုပေမဲ့ဘယ် အရာကမှ မတည်မြဲပါဘူး။ အိမ်ထောင်ဖက်ကိုတော့ ကိုယ့်ရဲ့အနုပညာအလုပ်ကို နားလည်ပေးတတ်သူကိုဘဲ ရွေးချယ်မှာပါ” ဟုဆိုပါတယ်။

အနုပညာ ပတ်သက်ပြီးတော့ အလုပ်ကို ရှေ့ဆက်ပြီးတော့ အကောင်းဆုံးကြိုးစားသရုပ်ဆောင် ဖြစ်ပြီးတော့ “ အနုပညာနဲ့ ပတ်သက်ရင် အေးမြတ်သူရဲ့ စိတ်ဆုံးဖြတ်ချက်နဲ့ ဘဲဆိုင်ပါတယ်။ အေးမြတ်သူက ကိုယ်လုပ်ချင်တဲ့အရာကို ကြိုးစားလုပ်ကိုင်ခဲ့တယ်။ ကြိုးစားတဲ့သူဖြစ်တဲ့အတွက် ဖြစ်အောင်လည်း လုပ်ခဲ့တယ်။ အိမ်ထောင်ဖက်က သဘောမ တူလို မလုပ်တာထက်စာရင် လုပ်ရင်လုပ်မယ် မလုပ်ရင် မလုပ်ဘူးဆိုတာတွေ ကတော့ အေးမြတ်သူနဲ့ဘဲ သက်ဆိုင်ပါတယ်”ဟု ဆိုပါတယ်။

ဓာတ်ပုံ – အေးမြတ်သူ facebook
#voiceofmyanmar #အေးမြတ်သူ

Related posts

Leave a Comment

VOM News

FREE
VIEW