အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမှု လျော့ကျနိုင်ဖွယ်ရှိ

 

ဝါရှင်တန်၊ နိုဝင်ဘာ-၁၇

မျိုးဆက် (VOM)

တရုတ်နိုင်ငံက ပို့ကုန်တွေအပေါ်မှာ နောက်ထပ်အခွန်ကောက်ခံတာတွေ လုပ်ဆောင်ဖွယ်မရှိတော့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထန့်က ပြောဆိုလိုက်ပြီး ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှုတွေ လျော့ကျလာဖွယ်ရှိနေပါတယ်။

ကုန်သွယ်ရေး တင်းမာမှုတွေကို ဖြေရှင်းဖို့ အဆိုပြုချက်တစ်ခုကို တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို ပေးပို့လိုက်ပြီးနောက် နိုဝင်ဘာ ၁၆ ရက်မှာ သမ္မတဒေါ်နယ်ထရန့်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာဖြစ်ပါတယ်။

တကယ်လို့ အမေရိကန်ကသာ ဆန္ဒရှိတယ်ဆိုရင် တရုတ်သွင်းကုန်တွေအပေါ်မှာ နောက်ထပ် ဒေါ်လာ ၂၆၇ ဘီလီယံဖို အခွန်ထပ်ကောက်ဖို့ အဆင်သင့်ရှိနေပေမယ့် ဒီလိုလုပ်ဆောင်ဖို့ မရှိတော့ပါဘူးလို့ သမ္မတ ထရန့်က ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို ပြုလုပ်နိုင်ဖွယ်ရှိပြီး အချိန်တိုအတွင်း နည်းလမ်းရှာဖွေသွားမှာပါလို့လဲ ၎င်းက ပြောပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ နှစ်နိုင်ငံ ကုန်ပစ္စည်း တင်ပို့မှုတွေမှာ အပြန်အလှန် အခွန်တွေကောက်ခံရင်း ကုန်သွယ်ရေး တင်းမာမှုတွေမြင့် တက်လာ တာဖြစ်ပါတယ်။

တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ကုန်သွယ်ရေးဆိုင်ရာနဲ့ပတ်သက်ပြီး မကြာမီကျင်းပတော့မယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးနိုင်ခြေရှိပြီး ဂျီ -၂၀ ထိပ်သီးဆွေးနွေးပွဲမှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ တွေ့ဆုံကြဖို့ စီစဉ်ထားပါတယ်။

Ref: Press TV

Photo : BBC

#voiceofmyanmar #တရုတ်အမေရိကန်ကုန်သွယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW