တောင်ကိုရီးယားရှိ အကြီးမားဆုံး ခွေးသတ်ရုံ ပိတ်သိမ်း

ဆိုးလ်၊ နိုဝင်ဘာ-၂၃-၂၀၁၈

မျိုးဆက် (VOM)

တောင်ကိုရီးယားနိုင်ငံရှိ အကြီးမားဆုံးခွေးသတ်ရုံကြီးကို နိုဝင်ဘာ ၂၂ ရက်က တောင်ကိုရီးယား တာဝန်ရှိသူများက စတင်ဖြိုဖျက်နေပြီဖြစ်ပါတယ်။

ခွေးကောင်ရေရာပေါင်းများစွာ ထိန်းသိမ်းထားနိုင်တဲ့ ဆိုးလ်မြို့တောင်ပိုင်း၊ ဆောင်နမ်မြို့ရှိ တိုက်ပီရွန်ဒေါင်း ခွေးသတ်အဆောက်အအုံကို နှစ်ရက်အတွင်းမှာ ရှင်းလင်းသွားပြီး အပန်းဖြေပြည်သူ့ ဥယျာဉ်တစ်ခု အဖြစ်ပြောင်းလဲဖန်တီးမယ်လို့ ဆိုပါတယ်။

ခွေးသားကို တောင်ကိုရီးယားနိုင်ငံမှာ စားကောင်းသောက်ဖွယ်အဖြစ် စားသုံးလေ့ရှိပြီး နှစ်စဉ် ခန့်မှန်းခြေ ခွေးကောင်ရေ တစ်သန်းခန့်ကို စားသုံးလေ့ရှိပြီး မကြာသေးမီနှစ်များအတွင်း ဒီလိုစားသုံးမှုအပေါ် သဘောထား ပြောင်းလဲလာခဲ့ပါတယ်။ ခွေးသားစားတဲ့ ဓလေ့ကို တိရိစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူတွေက အဆုံးသတ်ဖို့ ကြိုးပမ်းနေကြပြီး တစ်ဖက်မှာလည်း တောင်ကိုရီးယားနိုင်ငံသားတွေဟာ ခွေးတွေကို အိမ်မွေးတိရိစ္ဆာန်တွေအဖြစ်မွေးရန်သာ ပိုမိုရွေးချယ် လာကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ခွေးသားရောင်းချတဲ့ စားသောက်ဆိုင်တွေဟာလည်း တစ်ဖြည်းဖြည်း အရေးအတွက် လျော့ကျလာနေပါတယ်။ ဆိုးလ်မြို့မှာ ခွေးသားရောင်းတဲ့ စားသောက်ဆိုင် ၁၅၀၀ လောက်ရှိရာကနေ ၂၀၁၅ ခုနှစ်မှာတော့ ဆိုင် ၇၀၀ လောက်သာကျန်ရှိတော့ပါတယ်။ ဒီလို အကြီးဆုံးခွေးသတ်ရုံပိတ်သိမ်းလိုက်တာဟာ သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ပြီးတောင်ကိုရီးယား နိုင်ငံတစ်ဝန်း ခွေးသတ်ရုံတွေကို ပိတ်သိမ်းသွားနိုင်ဖို့ ကြိုးပမ်း သွားမှာဖြစ်ကြောင်းနဲ့ ဒီလိုလုပ်ဆောင်တာက ခွေးသားထုတ်လုပ်ရောင်းချမှုတွေ ကျဆင်းသွားမယ်လို့ တောင်ကိုရီးယား တိရိစ္ဆာန်အခွင့်အရေး ထောက်ခံသူများအဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

Ref: CNA/ BBC Photo : Getty Images

#VOICEOFMYANMAR

Related posts

Leave a Comment

VOM News

FREE
VIEW