မော်လိုက်မြို့အနီး ချင်းတွင်းမြစ်သောင်ထွန်းမှုကြောင့် ကုန်တင်ရေယာဉ်များ ပိတ်မိ

မော်လိုက်၊ ဒီဇင်ဘာ ၄-၂၀၁၈

မိုင်ချယ်ရီ (VOM)

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် အတွင်းမှာ ချင်းတွင်းမြစ်ရေကျဆင်းပြီး သောင်ထွန်းမှုတွေ ဖြစ်နေတာကြောင့် ချင်းတွင်းမြစ်အတွင်းသွားနေတဲ့ ကုန်တင်ရေယာဉ်တွေဟာ နိုဝင်ဘာလ နောက်ဆုံးပတ်ကနေ စတင် ပိတ်နေတာ ဖြစ်ပြီး လက်ရှိ အချိန်မှာ ပိတ်မိနေတဲ့ ရေယာဉ် အစင်းပေါင်း၂၀ကျော်လောက် ရှိတယ်လို့ သိရပါတယ်။

” ရေယာဉ်ပိတ်မိနေတာ နှစ်ရက် ကြာနေပြီ အခု ဝိတ်ပေါ့အောင် ကုန်တွေကို လှေငယ် နဲ့ ကဲ့နေတယ်” လို့  ရေယာဉ်ပိုင်ရှင် ဦးဝင်းကျော် က ပြောပါတယ်။

ခုလိုဖြစ်နေတာက မော်လိုက်မြို့နယ် တပ်ကုန်းကျေးရွာ နဲ့ ပန်းသာကျေးရွာ အကြားမှာ ရှိတဲ့ ချင်းတွင်းမြစ်ရေဟာ ပုံမှန်ဆိုရင် ရေအနက် ၃ ပေ ပတ်ဝန်းကျင်သာ ရှိနေပြီး ၄ ပေ ရေအနက် ရှိရင်တောင် သွားလို့ ရနေတဲ့ ကုန်တင်ရေယာဉ်တွေ ပိတ်မိနေတာ ဖြစ်ပါတယ်။

ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ (မုံရွာ)ရုံး ကနေ ရရှိထားတဲ့ စာရင်းတွေအရ ချင်းတွင်းမြစ် အတွင်း မုံရွာမြို နဲ့ ခန္တီးမြို့အကြား အစုန်အဆန် ပြေးဆွဲနေတဲ့ ကုန်တင်ရေယာဉ် အသင်းစုစုပေါင်း ၁၈ သင်း၊ ရေယာဉ်အစင်းရေ ၅၅၅ စင်း ရှိနေပြီးရေယာဉ်တွေ လျင်မြန်လွယ်ကူစွာ သွားလာနိုင်မယ့် ရေလမ်းကြောင်းတွေ ကို အစိုးရအဖွဲ့ က ဖောက်ပေးဖို့ကိုလည်း ရေယာဉ်မောင်းတွေက လိုလားနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar#မော်လိုက်#ချင်းတွင်းမြစ်အတွင်းသောင်ထွန်းမှု#

Photo-Win Khaing

Related posts

Leave a Comment

VOM News

FREE
VIEW