ခင်ပွန်းသည်တွေ ထောင်ချခံရတာကြောင့် မှီခိုသူတွေတောင်းစားနေရ

မန္တလေး၊ဒီဇင်ဘာ ၅-၂၀၁၈

ဟိန်းကို(VOM)

မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ဒဟတ္တောကျေးရွာအုပ်စု၊အောင်သပြေကျေးရွာ က ဒေသခံ အမျိုးသမီးအချို့ဟာ ခင်ပွန်းသည်တွေ ထောင်ကျသွားတဲ့အတွက် မှီခိုစားသောက်စရာမရှိဖြစ်နေတာကြောင့် ကနေ့ နံနက်ပိုင်းက မန္တလေးဈေးချိုတော်မှာ တောင်းရမ်းစားသောက်မှု ပြုလုပ်နေပါတယ်။

မြင့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီက အောင်သပြေကျေးရွာအနီးမှာ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံတည်ဆောက်နေတာကို ဒေသခံတွေက မကျေနပ်တဲ့အတွက် တားဆီးမှုတွေပြုလုပ်တာကို ကုမ္ပဏီက တရားစွဲဆိုခဲ့ပြီး ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့က အောင်သပြေရွာသား ဦးရွှေအုန်း အပါအဝင် (၅)ဦးကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ပုဒ်မ-၃၄၁(မတရားတားဆီးကန့်ကွက်မှုအတွက်ပြစ်ဒဏ်) နဲ့ထောင်ဒဏ်(၁)လ ချမှတ်ခဲ့တဲ့အတွက် အခုလို တောင်းရမ်းစားသောက်မှု ပြုလုပ်နေခြင်းဖြစ်ပါတယ်။

“ မြင့် ကုမ္ပဏီက  အမ ယောကျာင်္းကို အတင်းအဓမ္မအနိုင်ကျင့်ပြီးထောင်ချလိုက်တယ်လေ၊ အမမှာကလေးသုံးယောက်နဲ့လုပ်ကိုင်မစားနိုင်တဲ့အတွက် ဒီလိုတောင်းစားနေရတာပါ ၊ ပြည်သူလူထုဘက်မှာ တရားဥပဒေရှိသေးလာလို့ မေးချင်ပါတယ် “ လို့ အောင်သပြေဒေသခံ မသင်းခိုင် က ပြောပါတယ်။

လက်ရှိမှာ အောင်သပြေဒေသခံ ၁၈ဦးကို ကုမ္ပဏီဘက်က လမ်းတံတားဥပဒေ၊ ငြိမ်းစုစီဥပဒေနဲ့ တရားစွဲဆိုထားတာတွေ ရှိပြီး ဒေသခံတွေက ၂၀၁၄ခုနှစ်ကစပြီး ကန့်ကွက်စာတင်တွေ တိုင်ကြားစာပို့တာတွေကို ပြုလုပ်ခဲ့သော်လည်း ယနေ့ချိန်ထိ သက်ဆိုင်ရာတိုင်းအစိုးရက တာဝန်ယူဖြေရှင်းတာမရှိတဲ့အတွက် ခုလို တောင်းရမ်းစားသောက်မှု လှုပ်ရှားမှု ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

 

#voiceofmyanmar#အောင်သပြေ# ခင်ပွန်းသည်တွေထောင်ချခံရတာကြောင့် မှီခိုသူတွေတောင်းစားနေရ#

 

 

Related posts

Leave a Comment

VOM News

FREE
VIEW