ရေနံတင်ပို့မှုကို အမေရိကန်ကတားမြစ်လာရင် ပါရှန်ပင်လယ်ကွေ့ ပိတ်ပစ်မယ်လို့ အီရန် သတိပေး

တီဟီရန်၊ ဒီဇင်ဘာ-၅-၂၀၁၈

မျိုးဆက် (VOM)

အီရန်ရဲ့  ရေနံတင်ပို့မှုတွေကို ပိတ်ပင်တားဆီးပြီး ၎င်းရဲ့ရေနံတင်သင်္ဘောတွေကို ရပ်တန့်ဖို့  အမေရိကန်က အားထုတ်မှုတွေလုပ်ဆောင်ခဲ့ရင် ရလဒ်အနေနဲ့ အရေးပါတဲ့ ပါရှန်ပင်လယ်ကွေ့ကို ပိတ်ပစ်မယ်လို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက သတိပေးပြောဆိုလိုက်ပါတယ်။

အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှုတွေကို  လုံးဝမရှိတဲ့အထိ လုပ်ဆောင်ဖို့ ဆန္ဒရှိနေပြီး ဒီလိုလုပ်ဆောင်မယ့် ဘယ်လိုအားထုတ်မှုမျိုးကိုမဆို အီရန်က လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့က ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်မှာ ရူဟာနီက ပြောပါတယ်။

မိမိတို့အနေနဲ့ လက်ရှိမှာ ရေနံတွေကို ရောင်းချနေသလို ဆက်လက်ပြီးလည်း ရောင်းချသွားမှာဖြစ်ပြီး အီရန်ရဲ့ရေနံတင်ပို့မှုတွေကို ရပ်တန့်မရဘူးဆိုတာ အမေရိကန်အနေနဲ့  သိထားသင့်တယ်လို့   ၎င်းက ပြောပါတယ်။

တစ်ချိန်ချိန်မှာ  အီရန်ရဲ့ ရေနံတင်ပို့မှုကို အမေရိကန်က တားဆီးလာရင်တော့ ပါရှန်ပင်လယ်ကွေ့ကနေ  နိုင်ငံတကာ ရေနံတင်ပို့တာတွေ ရှိလာတော့မှာ မဟုတ်ဘူးလို့ ရူဟာနီက ဆိုပါတယ်။

၂၀၁၅ အီရန်နျူကလီးယား သဘောတူ စာချုပ်ကနေ မေလအတွင်းက အမေရိကန် နှုတ်ထွက်လိုက်ပြီးနောက် အဆိုပါ စာချုပ်အရ ရုပ်သိမ်းထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို  အီရန်အပေါ်  အမေရိကန်က ပြန်လည်ချမှတ်ခဲ့ပြီး အဓိကအားဖြင့် ရေနံတင်ပို့မှုကို ဖြတ်တောက်ဖို့ ကြိုးစားနေပါတယ်။

 

Ref: RT

Photo :Reuter

#voiceofmyanmar#အီရန်# ရေနံတင်ပို့မှုကိုအမေရိကန်ကတားမြစ်လာရင်ပါရှန်ပင်လယ်ကွေ့ ပိတ်ပစ်မယ်လို့အီရန်သတိပေး#

 

 

Related posts

Leave a Comment

VOM News

FREE
VIEW