မြန်မာအမျိုးသမီးထောင်ပေါင်းများစွာ တရုတ်နိုင်ငံမှာ အတင်းအကြပ်လက်ထပ်ခိုင်းခံနေရတယ်လို့ စစ်တမ်းတစ်ရပ်မှာဖော်ပြ

ဗန်ကောက်၊ ဒီဇင်ဘာ ၇-၂၀၁၈

မျိုးဆက်(VOM)

မြန်မာအမျိုးသမီးထောင်ပေါင်းများစွာဟာ တရုတ်နိုင်ငံကို လူကုန်ကူးခံနေရပြီး တရုတ်အမျိုးသားတွေနဲ့ အတင်းအကြပ် လက်ထပ်ခိုင်းခံနေရတယ်လို့  ဒီဇင်ဘာ ၇ ရက်က ထုတ်ပြန်တဲ့ လေ့လာမှုစစ်တမ်း အစီရင်ခံစာ တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့က ဗန်ကောက်မှာ ထုတ်ပြန်လိုက်တဲ့ Johns Hopkins Bloomberg School အဆိုပါ စစ်တမ်းမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ခန့်မှန်းခြေ မြန်မာအမျိုးသမီး ၇၅၀၀ ဟာ တရုတ်နိုင်ငံအတွင်း အတင်းအကြပ်လက်ထပ်ခိုင်းခံရသူတွေအဖြစ် ကျရောက်နေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ဆယ်စုနှစ်များစွာ ကလေးတစ်ဦးသာယူရမယ်ဆိုတဲ့ မူဝါဒအရ နိုင်ငံအတွင်းရှိ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက်  ၃၃ သန်းပိုမိုများနေပြီး အိမ်နီးချင်းနိုင်ငံများမှအမျိုးသမီးများ လူကုန်ကူးခံရမှုဟာ  မြင့်တက်လျက်ရှိနေပါတယ်။

နှစ်စဉ် သတို့သမီးအဖြစ် ရောင်းချခံရသူတွေထဲမှ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတို့က ဆင်းရဲနွမ်းပါးတဲ့ အမျိုးသမီးထောင်ပေါင်းများစွာဖြစ်ပြီး အချို့ကတော့ လိုလိုလားလား လက်ထပ်ကြတာဖြစ်ကာ အများစုကတော့ ပရိယာယ်နဲ့ လက်ထပ်စေသလို လူကုန်ကူးခံရတာတွေလည်း ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ယင်သို့လက်ထပ်ရန်အတွက် အသက်ငယ်ရွယ်သည့် သတို့သမီးတစ်ဦးကို အမြင့်ဆုံးဈေးအဖြစ် အမေရိကန် ဒေါ်လာ  ၁၀၀၀၀ မှ ၁၅၀၀၀ အထိပေါက်ဈေးရှိကြောင်း ဖော်ပြထားသည် ။

ထိုသို့ အတင်းအကြပ်လက်ထပ်လိုက်ရသူတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုခံစားနေရပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရယ်တွေလည်း မြင့်တက်နေပေမယ့် တရုတ်စကားမတတ်ကျွမ်းခြင်းနဲ့ စာရွက်စာတမ်းအထောက်အထား မရှိခြင်းတွေကြောင့် ရဲအဖမ်းခံရမှာကို စိုးရိမ်ပြီး မည်သူကိုမှ အကူအညီ မတောင်းရဲကြဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပြီး ဒီကိစ္စအတွက် ကူညီထောက်ပံ့ရေးဌာနတွေ လိုအပ်တယ်လို့ ထောက်ပြပြောဆိုထားပါတယ်။

#voiceofmyanmar#မြန်မာအမျိုးသမီးများ#တရုတ်နိုင်ငံမှာအတင်းအကြပ်လက်ထပ်ခိုင်းခံနေရ#

Ref : Straits Time

Related posts

Leave a Comment

VOM News

FREE
VIEW