ကျောက်ဆည်မြို့မှာ မြွေတွေ တင်လာတဲ့ လိုင်စင်မဲ့မော်တော်ယာဉ် ဖမ်းဆီးရမိ

ကျောက်ဆည်  ဒီဇင်ဘာ ၁၁-၂၀၁၈

မောင်တာရာ(VOM)

ကျောက်ဆည်မြို့မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့ က မြွေမျိုးစုံ  သယ်ဆောင်လာတဲ့ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီးကို ကျောက်ဆည်မြို့၊ ပေါက်တောမီးပွိုင့် အနီးမှာ စည်းကမ်းပျက်မော်တော်ယာဉ်တွေ ကို စစ်ဆေးဆောင်ရွက်နေတဲ့ အချိန်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

ဖမ်းဆီးတဲ့အချိန် 7K/4663နံပါတ်တပ်ထားတဲ့ TOYOTA IPSUM ကားဟာ စစ်ဆေးမှုတွေလုပ်နေတဲ့ ပေ၁၀၀အကွာမှာ ရုတ်တရက် ရပ်လိုက်ပြီး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးသွားတာတွေ့ရှိရတဲ့ အတွက် မသင်္ကာ၍ ကားကို စစ်ဆေးရာလိုင်စင်မဲ့ မော်တော်ယာဉ် ဖြစ်နေတာကို တွေ့ရှိရပြီး ယာဉ်ပေါ်မှာ  ပလပ်စတစ်ခြင်း ၂၂ ခြင်း၊အဝတ်ထုတ်သုံးထုတ် နဲ့ ထုတ်ထားတဲ့ မြွေ​ပွေး ၂၀ ​ကောင်​ ​မြွေ​ဟောက်​ ၂၁ ​ကောင်​ လင်း​မြွေ  ၃၀၉ ​ကောင်​ ပါ တွေ့ရှိရတဲ့ အတွက် ကျောက်ဆည်မြို့နယ် သစ်​​တောဦးစီးဌာနကို လွဲပြောင်းအပ်​နှံ ပေးခဲ့ပါတယ်။

ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆက်လက် စုံးစမ်းရာ  ယာဉ်မောင်းသူမှာ  စဥ့်ကိုင်မြို့၊ပင်းချားကျေးရွာနေ  ဦးခင်ဇော် ဆိုသူ ဖြစ်ကြောင်း သိရှိရပါတယ်။

၎င်း ယာဉ်မောင်းကို ကျောက်ဆည်မြို့မှ ရဲစခန်းက (ပ)၉၉၅ /၂၀၁၈ ပို့/သွင်း ဥပဒေပုဒ်မ  ၈ အရ လည်းကောင်း၊ (ပ)၉၉၃/၂၀၁၈ ဇီဝမျိုးစုံ မျိုးကွဲ နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၉ (က) အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်။

#voiceofmyanmar#ကျောက်ဆည်#မြွေတင်လာတဲ့လိုင်စင်မဲ့ကားဖမ်းမိ#

Related posts

Leave a Comment

VOM News

FREE
VIEW