ညောင်ဦးကနေ နေပြည်တော်အထိ ချီတက်​မယ့်​ အလုပ်သမား သပိတ်စစ်ကြောင်း ဖြိုခွဲဖမ်းဆီးခံရ

ပုဂံ၊ ဒီဇင်​ဘာ ၁၃-၂၀၁၈

လင်းလင်း(VOM)

ပုဂံ-သရပါ ဟိုတယ်က အလုပ်ထုတ်ပယ်ခံလိုက်ရတဲ့ အလုပ်သမားတွေကို အလုပ်ပြန်လည်ခန့်အပ်ပေးဖို့ ညောင်ဦးကနေ နေပြည်တော်အထိ ဒီကနေ့ မနက်လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်မယ့် အလုပ်သမား သပိတ်စစ်ကြောင်းကို ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ကနေ သိရပါတယ်။

အလုပ်သမားသပိတ်စစ်ကြောင်းကို ဒီကနေ့ မနက် ၆ နာရီခန့်က စတင်ချီတက်ခဲ့တာဖြစ်ပြီး မနက် ၈ နာရီခွဲခန့်မှာပဲ တားမြစ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အခုလိုဖမ်းဆီးခဲ့ရာမှာ အလုပ်သမားများအပါအဝင် ဝန်းရံသူ ၁၃ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့အနေနဲ့ကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က ပြောပါတယ်။

အလုပ်သမား ၁၂ ဦးကို ဩဂုတ်လကတည်းက သရပါဟိုတယ်ကနေ ထုတ်ပယ်လိုက်တာနှင့် ပတ်သက်ပြီး အလုပ်သမားကိုးဦးကို အလုပ်ပြန်ခန့်ပေးဖို့ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့တဲ့အပြင် အောက်တိုဘာလ ၁၀ ရက်နေ့ကနေ စတင်ပြီး နှစ်လတိုင်အောင် သပိတ်စခန်းဖွင့်လှစ် တောင်းဆိုခဲ့တာဖြစ်​ပါတယ်​။

သပိတ်စခန်းကို ဒီဇင်ဘာလ၁၁ ရက်နေ့ မနက် ၁ နာရီခွဲမှာ ဖြိုခွဲလိုက်တဲ့အတွက် ယခုလို သပိတ်စစ်ကြောင်း ချီတက်ခဲ့တာဖြစ်တယ်လို့လည်း အလုပ်သမားတွေထံက ဆက်လက်သိရပါတယ်။

#voiceofmyanmar#ပုဂံ-သရပါ#အလုပ်​သမားသပိတ်​စစ်​​ကြောင်းဖြိုခွဲခံရ#

Related posts

Leave a Comment

VOM News

FREE
VIEW