ရတနာပုံတက္ကသိုလ်​​ကျောင်းသားဓားထိုးခံပြီး ​သေဆုံးမှု အမှုမှန်​​ပေါ်​ပေါက်​​ရေး ​​ရတနာပုံသမဂ္ဂ​ကျောင်းသားများ ​ဆောင်​ရွက်​မည်

မန္တ​လေး၊ ဒီဇင်​ဘာ ၂၆-၂၀၁၈
ဟိန်းကို(VOM)

မန္တ​လေးမြို့ ၊ အမရပူရမြို့နယ်​ ၊ ​တောင်​သမာန်​အင်းကန်​ပတ်​လမ်း တာရိုး​ပေါ်မှာ ဒီဇင်​ဘာ ၂၅ရက်​​နေ့ ည​နေပိုင်းက ရတနာပုံတက္ကသိုလ်​က ကုန်​ထုတ်​ဓာတု​ဗေဒ​နောက်​ဆုံးနှစ်​​ကျောင်းသားတစ်​ဦးဓားထိုးခံရပြီး ​သေဆုံးမှုဖြစ်​စဉ်​ ဖြစ်​ပွားခဲ့ပါတယ်​။

ဖြစ်​ပွားခဲ့တဲ့ ဖြစ်​စဉ်​က ဓားထိုးခံရတဲ့ ​ကျောင်းသား ​မောင်​စိုးမိုးဟိန်းနဲ့ သူ့ရဲ့​​ကောင်​မ​လေးက တာရိုး​ပေါ်မှာချိန်း​တွေ​နေတဲ့အချိန်​ အမည်​မသိလူ​လေးဦး​ရောက်​လာပြီး အကူညီ​တောင်းချင်လို့ဟုပြောပြီး အမည်မသိသူထဲက တစ်ဦးမှ ပွေ့ဖက်၍ စိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွန့်အားထိုးသဖြင့် တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး ​လေးယောက်အုပ်စုထဲက လူတစ်ဦးကလည်း စိုးမိုးဟိန်း၏ဝဲဘက်တင်ပါးဆုံအားထပ်မံထိုးခဲ့သဖြင့် ​​မောင်​စိုးမိုးဟိန်းရဲ့ ​​ကောင်​မ​လေးဟာ ပတ်ဝန်းကျင်ကို ​အော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အနီးအနားကလူ​တွေက ​​အော်​ဟစ်​သံ​ကြောင့်​ လာ​ရောက်​ကူညီပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ည(၁၀)အချိန်မှာပဲ ရထားတဲ့ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်​။

” ​လော​လောဆက်​ ကျွန်​​တော်​​တို့က ရဲစခန်းသွားပြီး အမှုမှန်​သိ​အောင်​လုပ်​မယ်​ ၊ တရားခံ​တွေအမြန်​ဖမ်းမိဖို့လညပ်​မယ်​၊ ဖြစ်​တာက သူတို့ချိန်း​တွေတဲ့​နေရာမှာ အဲ့လူ​လေး​ယောက်​က ပိုက်​ဆံအိပ်​၀င်​လုပြီး ဓားနဲ့ထိုးသွားတာလို့ အဲ့​ကျောင်းသားရဲ့အိမ်​ကမိဘ​တွေ ​ပြောတယ်၊ ကျွန်​​တော်​တို့အ​နေနဲ့က အမှုမှန်​​ပေါ်​ပေါက်​ဖို့ ဆက်​လုပ်​မှာပါလို့ ” ရတနာပုံတက္ကသိုလ်​​ကျောင်းသားများသမဂ္ဂ မှ ဥက္ကဌ ကို​ကျော်​သီဟရဲ​ကျော်​ က​ပြောပါတယ်​။

ဖြစ်စဉ် နဲ့ ပတ်သက်ပြီး အမည်မသိလူလေးဦးကို အမပူရမြို့မရဲစခန်းက (ပ)၇၁၇/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ –၃၀၂/၁၁၄ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်​​နေပါတယ်​။

#voiceofmyanmar#ရတနာပုံတက္ကသိုလ်​#​ကျောင်းသားဓားထိုးခံရပြီး​သေဆုံး#

Related posts

Leave a Comment

VOM News

FREE
VIEW