မန်ယူနည်းပြသစ်အဖြစ် ဂျူဗင်တပ်နည်းပြ အလီဂရီကို ရာသီကုန်မှာခေါ်ယူဖို့ ပစ်မှတ်ထားနေ

မန်ချက်စတာ၊ ဒီဇင်ဘာ-၂၉
ရန်နိုင်ထွန်း (VOM)

မန်ယူအသင်းဟာ လက်ရှိမှာ ယာယီနည်းပြအဖြစ် ဆိုးလ်ရှားကိုရာသီကုန်အထိ ခန့်အပ်ထားပေမယ့် အသင်းရဲ့ နည်းပြအဖြစ် ဂျူဗင်တပ်အသင်းက နည်းပြ အလီဂရီကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ယခုလအစောပိုင်းက နည်းပြမော်ရင်ဟိုကို မန်ယူအသင်းက ထုတ်ပယ်ခဲ့ပြီး ယာယီနည်းပြ ဆိုးလ်ရှား လက်ထက်မှာတော့ ကာဒစ်အသင်းကို အဝေးကွင်းမှာ ငါးဂိုး-တစ်ဂိုးနဲ့ ဟတ်ဒါဖီးအသင်းကို အိမ်ကွင်းမှာ သုံးဂိုး-တစ်ဂိုးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နှစ်ပွဲကို ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ရာသီကုန်မှာ နည်းပြသစ်တစ်ဦး ခန့်အပ်ဖို့ မန်ယူအသင်းက စီစဉ်နေတာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ပထမဦးစားပေး နည်းပြကတော့ စပါးအသင်းနည်းပြဖြစ်သူ ပိုချက်တီနိုဖြစ်ပြီး ၎င်းကတော့ စပါးအသင်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုထားလို့ မန်ယူအသင်းအနေနဲ့ ဂျူဗင်တပ်နည်းပြဖြစ်သူ အလီဂရီကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ် ဂျူဗင်တပ်နည်းပြ အလီဂရီကတော့ အသင်းနဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး မန်ယူအသင်းက ခေါ်ယူမယ်ဆိုရင်တော့ လျော်ကြေးပေး ခေါ်ယူရမှာဖြစ်ပါတယ်။

အလီဂရီဟာ ဂျူဗင်တပ်အသင်းကို စီးရီးအေ အမှတ်ပေးဖလားဆိုကို လေးနှစ်ဆက်တိုက်ရရှိ အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်တို့မှာ အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

#voiceofmyanmar#မန်​ယူနည်းပြအသစ်​#ဂျူဗင်တပ်နည်းပြအလီဂရီကို​ခေါ်ဖို့လျာထား#
Ref : Daily Mail
Photo : AFP

Related posts

Leave a Comment

VOM News

FREE
VIEW