ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ရှိတ်ဟာဆီနားရဲ့ အာဏာရပါတီ အပြတ်အသတ်အနိုင်ရ

ဒါကာ၊ ဒီဇင်ဘာ ၃၁-၂၀၁၈
မျိုးဆက် (VOM)

မနေ့က ကျင်းပခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာရဲ့ အာဏာရပါတီက အပြန်အသတ်အနိုင်ရခဲ့ပြီး ၎င်းရဲ့ ဝန်ကြီးချုပ် တတိယသက်တမ်း အတွက် အနိုင်သေချာသွားပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၃၁ ရက်မှာ ပြောပါတယ်။

ဝန်ကြီးချုပ် ဟာဆီနာရဲ့ အာဏာရပါတီနဲ့ ၎င်းရဲ့ မဟာမိတ်တွေဟာ ပါလီမန်အမတ်နေရာ ၃၀၀ မှာ ၂၈၈ နေရာအနိုင်ရခဲ့ပြီး ယခင်ရွေးကောက်ပွဲထက် ပိုမိုသာလွန်စွာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အတိုက်အခံများကတော့ အဆိုပါရွေးကောက်ပွဲဟာ အဓိပ္ပါမယ်မရှိတဲ့ ရွေးကောက်ပွဲအဖြစ် ပြစ်တင်ဝေဖန်ခဲ့ကြပြီး အကြမ်းဖက်မှုတွေ၊ ခြိမ်ခြောက်တောင်းဆိုမှုတွေ၊ မဲသမာမှုတွေနဲ့ ရုပ်ဆိုးအကျည်းတန်ခဲ့တယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေအနေနဲ့ အမတ်နေရာ ခုနှစ်နေရာသာ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့လည်း တောင်းဆိုထားကြပါတယ်။

အဓိပ္ပါယ်မရှိတဲ့ ရွေးကောက်ပွဲရလဒ်ကို ချက်ချင်းပယ်ဖျက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို မိမိတို့တိုက်တွန်းကြောင်း အတိုက်အခံခေါင်းဆောင် ခါမယ်ဟို့စိန်းက ပြောပါတယ်။

နိုင်ငံတစ်ဝန်းမှာ မဲမသမာမှုများတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို ကြားသိကြောင်းနဲ့ ယင်းကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲကာလအတွင်းမှာတော့ အာဏာရပါတီကို ထောက်ခံသူတွေနဲ့ အတိုက်အခံတွေအကြား ပဋိပက္ခတွေဖြစ်ပွားတာကြောင့် လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

#voiceofmyanmar#ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲ#ဝန်ကြီးချုပ်ရှိတ်ဟာဆီနားရဲ့အာဏာရပါတီ#အပြတ်အသတ်အနိုင်ရ#
Ref : BBC
Photo :Indiatoday

Related posts

Leave a Comment

VOM News

FREE
VIEW