လီဗာပူးနဲ့ပွဲရှုံးရင် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ အဆုံးသတ်သွားမယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဖွင့်ဟ

မန်ချက်စတာ၊ ဒီဇင်ဘာ-၃၁
ရန်နိုင်ထွန်း(VOM)

ဇန်န၀ါရီ ၃ ရက်မှာ မန်စီးတီးရဲ့ အိမ်ကွင်းမှာ လက်ခံကစားရမယ့် လီဗာပူးအသင်းနဲ့ ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အဆုံးသတ်သွားမှာဖြစ်တယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဖွင့်ဟပြောဆိုလိုက်ပါတယ်။

မိမိတို့ကံမကောင်းစွာနဲ့ပွဲစဉ်နှစ်ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအချိန်မှာဘဲ ဥရောပ အကောင်းဆုံးအသင်း သို့မဟုတ် ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး ဒီပွဲမှာသာ ရှုံးနိမ့်ခဲ့ရင် အားလုံးအဆုံးသတ်သွားမှာ ဖြစ်ပြီး ဇာတ်သိမ်းသွားမှာပါ။ လီဗာပူးကို ပြန်လိုက်မှီဖို့ဆိုတာ လုံးဝနီးပါးမဖြစ်နိုင်တော့ပါဘူး လို့ ၎င်းက ဆိုပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ပွဲစဉ် ၂၀ ကစားပြီးချိန်မှာတော့ လီဗာပူးအသင်းက ၅၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မန်စီးတီးအသင်းကတော့ ၄၇ မှတ်ရရှိထားကာ နှစ်သင်းအကြား ခုနှစ်မှတ်ကွာဟနေတာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ခြေစွမ်းတည်ငြိမ်ပြီး တောင့်တင်းတဲ့ အသင်းဖြစ်ပေမယ့် မန်စီးတီးအိမ်ကွင်း အီသီဟတ်မှာ ကစားရမှာဖြစ်လို့ မိမိတို့ရဲ့ ပရိတ်သတ်တွေအားပေးမှုက ကူညီနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

လက်ရှိမှာ အမှတ်ကွာခြားချက် ၇ မှတ်ရှိနေပေမယ့် လီဗာပူးအသင်းကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် လေးမှတ်သာ ကွာဟသွားမှာဖြစ်တဲ့အတွက် အိမ်ကွင်းမှာ အနိုင်ကစားသွားမယ်လို့လည်း ၎င်းက ကြုံးဝါးပြောဆိုလိုက်ပါတယ်။

#voiceofmyanmar#​မန်​ချက်​စတာ#
Ref: Daily Mail
Photo :Dave Shopland

Related posts

Leave a Comment

VOM News

FREE
VIEW