ဒါရိုက်တာ ညွန့်မြန်မာညီညီအောင်က ထာဝရထက်နှစ်ဆ ဇာတ်ကား အိန္ဒိယရုပ်ရှင်မှီငြမ်းတာနဲ့ပတ်သက်ပြီး ရှင်းပြ

ရန်ကုန် ဇန်နဝါရီ ၁၅ -၂၀၁၉

သင်းသဒ္ဒါ(VOM)

လတ်တလော နာမည်ကြီးနေတဲ့ “ထာဝရထက်နှစ်ဆ” ရုပ်ရှင်ဇာတ်ကားကြီးက အိန္ဒိယ ဇာတ်ကားကို Copy ထားတယ်ဆိုပြီး ပြောနေကြတာနဲ့ ပတ်သက်လို့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

” နိုင်ငံခြားကား မီငြမ်းရိုက်ကူးခြင်းသည် ရုပ်ရှင်လောက အတွက်အင်မတန် အရေးကြီးနေလားပေါ့။ ကျွန်တော့် အရင်ဒီလိုကားတွေ ရိုက်ကူးနေကျပါပဲ။ ပရိသတ်ကလွတ်လပ်စွာ ပြောလို့ရပါတယ်။ ဒီဇာတ်ကားကို ဇာတ်လမ်းကျောရိုး ယူထားပေမယ့် တင်ပုံစံ Presentation မတူအောင် ရိုက်ထားပါတယ်။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရိုက်ကူး နင်ပြထားပါတယ်။ တိုင်းပြည်မှာ ဒါထက်အရေးကြီးတာတွေအများကြီးရှိပါတယ် ဒါဟာလေးကို အစဆွဲထုတ်ပြီးမလုပ်ချင်ပါနဲ့ ။ ကိုယ့်တတ်သလောက် ဖန်တီးထားပါတယ်။ နိုင်ငံခြားကို မီမှာမဟုတ်ပါဘူး ပြောတဲ့ သူတွေကို ဒီဇာတ်ကားကို လာကြည့်လို့ ဖိတ်ခေါ်ချင်ပါတယ်”လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၈ ရက်မှာ ရုံတင်ပြသမယ့် ဒရာမာအချစ်ဇာတ်ကားဖြစ်တဲ့ ထာဝရထက်နှစ်ဆဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်းထက်မြတ်နိုင်ဇင်ကရေးသားပြီးတော့ သရုပ်ဆောင်တွေဖြစ်တဲ့ အကယ်ဒမီ မြင့်မြတ် အကယ်ဒမီ မင်းမော်ကွန်း ကျော်ကျော် ရွှေမှုံရတီ ငွေမှုံရတီ စတဲ့ အနုပညာရှင်တွေပါ ဝင်သရုပ်ဆောင်ပါတယ်။

မရိုက်ကူးခင် ကျွန်တော် ဒီဇာတ်ကားတစ်ကား ရိုက်ဖို့ရာထားတာ ကြာပြီး ဇာတ်လမ်းရှာနေကြာနေတာမို့ ကြန့်ကြာမှုတွေဖြစ်ခဲ့တယ်။ ဇာတ်လမ်းရှာမရတော့ ထုတ်လုပ်ရေးကပြောပြတဲ့ နိုင်ငံခြားကားလေးဆိုတော့ ကိုယ့်ကြည့်ဖူးသားကားလည်း ဖြစ်နေတယ် ဖြစ်ပါ့မလားပေါ့။ ဖြစ်ပါ့မလားပေါ့ စိုးရိမ်မှုရှိ ခဲ့တယ်လို့ဆိုပါတယ်။ ယခင်က ”ကျွန်တော်တို့ ငယ်ငယ်က ဆောင်းအိပ်မက် ရုပ်ရှင်ကား လည်း နိုင်ငံခြား အရမ်းနာမည်ကြီးခဲ့တဲ့ သီတာရေစင်ဆိုတဲ့ ဇာတ်ကားလည်း မီငြမ်းကားပါပဲ မြန်မာပြည်မှာ အရမ်းအောင်မြင်ခဲ့ပါတယ်။ ချိုကြီး ချိုလေး စတဲ့ကားတွေလည်း ရိုက်ကူးခဲ့ကြပါတယ်။F4 ဆိုလည်း ဒီလိုပါပဲ ဟောလိဝုဒ်ကနေ ဘောလိဝုဒ် ဂျပန်အဆင့်ဆင့်သွားနေချိန်မှာ ဘာကြောင့် ပြောချင်တာလဲ”လို့ဆိုပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar #ထာဝရထက်နှစ်ဆ#ညွန်မြန်မာညီညီအောင်

Related posts

Leave a Comment

VOM News

FREE
VIEW